ကျွန်တော်.ရွာနံဘေးက ရသေ.ကြီး ဦးခန္တီ၏ အိမ်တော်ရာ စေတီတော်နှင်. အခြားရှုမျော်ခင်းလေးတွေပါ ။
ဓာတ်ပုံများကိုတော. မောင်သက်ထွန်းက ပေးပို.ပါတယ်။ ။
ကြည်ညို နိုင်ကြပါစေ ။
Saturday, 30 July 2011
Sunday, 24 July 2011
လောင်မြိုက်နေတဲ. ရေပြင်
လောင်မြိုက်နေတဲ. ရေပြင်
မိုးကုတ်က ကျောက်တူးသမားတွေ အဖိုးတန်ရတနာကိုရဖို. ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များလှတဲ. မြေတူးခြင်း အလုပ်ကို လုပ်ကြသလို ၊ ကဗျာတစ်ပုဒ် ရဖို. ဘယ်အရာမှ ကိုယ်.ဘက်မှာမရှိဘဲဖြစ်နေတဲ. နေရက်တွေကို တူးဆွခဲ.တဲ. သူလေးယောက်ရှိပါတယ် ။
သူတို.ကတော. ဘိုကျောက် ၊ ညီမွန် ၊ ဝေဒီနှင်း ၊ မင်းချစ်ဦး တို.ပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ.အောက်ချေက ရွေ.လျားမှုတွေကြောင်. မြေပြင်ပေါ်မှာ ငလျင်လှုပ်ခတ်မှုတွေဖြစ်ပေါ်စေပြီး အရာဝတ္ထုတွေ ရွေ.လျားခဲ.ရသလို ၊ ကျွန်တော်တို.လေးဦး စုစည်းနေရာကနေ တစ်ယောက်နဲ.တစ်ယောက် ဝေးကွာခဲ.ကြပါတယ်။
အလေ.ကျပေါက်တတ်တဲ. မြက်ပင် အချို.နဲ. အဖိုးတန် ပန်းပင်တချို.ဟာ လေပြေလေညှင်းကတဆင်. ၀တ်မှုံကူးကြသလို ကျွန်တော်တို. ဝေဒနာတွေကိုဝတ်မှုံ ကူးပြီး နေ.ရက်များစွာကိုဖြတ်သန်းလွန်မြေက်ခဲ.ကြပါတယ်။ ကျွန်တော်တို. တစ်ယောက်နှင်.တစ်ယောက် မိုင်ပေါင်း များစွာ ဝေးကွာနေကြပေမယ်. တစ်ယောက်အသံကို တစ်ယောက်ကြားနေရတယ်။ တစ်ယောက်အရိပ်ကို အခြားတစ်ယောက်က မြင်နေရတယ်။ ကြေးကြီးကြီးပေးဝယ်ထားတဲ. ရူးသွပ်မှုမှာ ကျွန်တော်တို.လေးယောက်ဟာ အသေချာ တူညီခဲ.ကြတယ်။
တစ်ချိန်က ဦးပိန်တံတားပေါ်မှာ တောက်ပခဲ.တဲ.နေရောင်ဟာ ခုထက်ထိကျွန်တော်. ခန္စာကိုယ်ထဲမှာနွေးထွေးဆဲ။ တစ်ချိန်က ဦးပိန်တံတားပေါ်မှာ ပြီးပြက်ခဲ.တဲ. ဆည်းဆာဟာ ခုထက်ထိ ကျွန်တော်. အာရုံထဲမှာ လှပဆဲ။ ခဏလေး မျက်တောင်ဆယ်ချက်ခတ်လိုက်ရုံနဲ. ဆယ်နှစ်ဆိုတဲ. အချိန်ဟာ ကုန်လွန်သွားတယ်။ ခု ကျွန်တော် သူငယ်ချင်းတွေကို သတိရတဲ.စိတ်နဲ. ရင်ဘတ်ထဲက တောင်သမန်အင်းရေပြင်ကို ငေးကြည်.လိုက်တော. အင်းရေပြင်ဟာ ပြာလဲ.လဲ.မီးတောက်တွေနဲ. လေင်မြိုက်နေတယ်။ ။
မင်းချစ်ဦး ။ ။

Saturday, 16 July 2011
ကျောက်ဆောင် အိပ်မက်
ဇ
လွန်ခဲ.တဲ. ငါးနှစ် နဲ.
လွန်ခဲ.တဲ. ငါးမိနစ် က
ဘာမှ မကွာဘူး။
လွန်ခဲ.တဲ. ငါးမိနစ်က
လွန်ခဲ.တဲ. ငါးနှစ် လိုဘဲ
ကဗျာအကြောင်းတွေးရင်
လက်ဖျားမှာ ချွေးစို.တယ်
ဆောက်တည်ရာမရဖြစ်တယ်။
လွန်ခဲ.တဲ.ငါးမိနစ်က
လေလိုပျံ.နှံ.မယ်. စိတ်နဲ.
ယုံကြည်ရာ ရူးသွပ်တယ်၊
လွန်ခဲ.တဲ. ငါးမိနစ်က
အရာရာ
သူ.အငွေ.သက်တိုင်း
ဘလိတ်ဓားတစ်ချောင်းလို
အလွယ်တကူပြတ်ချတတ်တာမို.
ဂရုတစိုက်သိမ်းထုတ်ထားတယ်
လွန်ခဲ.တဲ. ငါးနှစ်ကလို။
ဟော ဒိ ရှင်သန်မှု
ဟော ဒိ တပ်မက်မှု
ဟော ဒိ ဆွတ်ပျံ.မှု
ဘယ်တုန်းကမှ
ရေလောင်းပေါင်းသင်စရာ မလိုခဲ.ဘူး
ကန္တာရပင် လို
ငါ ဒို.လှပနေလိမ်.မယ်။ ။
မင်းချစ်ဦး ။ ။
မှတ်ချက် ။ ။ သူငယ်ချင်း ညီမွန် ဝေဒီနှင်း တို.အားသတိတရရေးဖွဲ.ပါ သည်။ ။
Monday, 13 June 2011
Saturday, 11 June 2011
သို. မေမေ
သို. မေမေ ..... သူဒီလို အစချီလိုက်တိုင်း ရေးစရာတွေက သူ.ရင်ဘတ်ထဲသို. စုပြုံတိုးလာကြသည်မှာမနည်းလှပါ။
ရေးချင်တာတွေကလည်းများလှသည်။ မေမေ.ကိုကျမ္မာရေးဂရုစိုက်ဖို. အရင်ဆုံးရေးရမည်။ ပြီးရင်ဘယ်လောက် လွမ်းမိကြောင်းကိုပါ ရေးရမည်။ သူနှင်.မေမေကြားမှာ လွမ်းစရာတွေအမျာကြီးရှိသည်။ သတိရကြောင်းလွမ်းကြောင်းတွေမရေးခင် မေမေ.အကြောင်းတွေကို သူတွေးနေလိုက်မိသည်။ မေမေသည် ပီပြင်သော တောသူ လယ်သူမကြီးတစ်ဦးသာဖြစ်သည်။ သူ.မှာပိုင်ဆိုင်တာဆိုလို. ရိုးသားမှု ပွင်.လင်းမှု နှင်. ဖော်ရွေမှုတို.သာရှိသည်။ မေမေသည် ဟိတ်ကြီးဟန်ကြီးလုပ်ရမှာကို မနှစ်မြို. သူဖြစ်သည်။
အမြင်မတော်ရင်မတော်ပြောတတ်သည်မှာ မေမေရဲ.ပြင်မရသော အကျင်.တခုဖြစ်သည်။ ကလေးသူငယ်များနဲ. လူငယ်တော်တော်များက မေမေ.မြင်လျှင် မနှုတ်ဆက်ပဲ မနေနိုင်ကြပါ။ မေမေ.လက်ထဲမှာ ပစ္စည်းတခုခုရှိရင် သူတို.အလွယ်တကူတောင်းယူ၍ရနိုင်သောကြောင်.ဖြစ်သည်။ အကယ်၍ မေမေသည် လယ်ထဲမှဩဇာသီးလေးငါးဆယ်လုံးခူးပြီး အိမ်ပြန်လာသည်ဆိုပါစို. သေချာပေါက် ထိုဩဇာသီးများ အိမ်ကိုဘယ်တော.မှပါလာလေ.မရှိပါ။ မေမေ.ရဲ.သဘောကောင်းမှုနှင်. ကိုယ်.ပစ္စည်းကို အ၀တ်စားနှင်. ထုတ်ပြီး ကွယ်ဝှက်ယူမလာတတ်တဲ.အကျင်.က ဩဇာသီးများကိုလမ်းကုန်သွားစေခဲ.ခြင်းဖြစ်သည်။
မေမေ.ကို လူချစ်လူခင်ပေါ်များစေသော အကြောင်း များစွာထဲက တခုမှာ မေမေကိုယ်တိုင် တယုတယစိုက်ပျိုးထားတဲ. ဆူးပုတ်ပင်ကြောင်. ဟုသူထင်သည်။ မေမေရဲ. အသိတော်တော်များများမှာ ထိုဆူးပုတ်ပင်နှင်.မကင်းကြချေ။ အိမ်ရှင်မများအတွက် နေ.စဉ်နှင်.အမျှဦးနှာက်ခြောက်ရသည်မှာ မိသားစုအတွက် ဟင်းတခွက်ပဲ မဟုတ်လား။ မေမေတယုတယ စိုက်ပျိုးခဲ.ပြီး အိမ်နီးနားချင်း များနှင်.တကျက်ကျက်ဖြစ်ရသော အပင်မှာ စပါယ်ပင်ကြီးဖြစ်သည်။ ဖြူဖွေးထွားကြိုင်းသော စပါယ်ပွင်.ကြီးများကိုမြင်လျင် ပျော်ရွှင်နေတတ်သည်မှာ
မေမေ၏ ငယ်ဘ၀မှယနေထိတိုင်ဖြစ်သည်။ ထိုသို.ပင် သူ၏ စပါယ်ပွင်.များကို အသိမပေးပဲ ခူးယူသွားခူးယူသွားလျှင်လဲ စိတ်ဆိုးတတ်သည်မှာ ယနေ.ထိပင်ဖြစ်သည်။ တကယ်စာရေးသည်.အခါ ထိုစပါယ်ပင်ကြီးပါအောင်ရေးမည်ဟု သူတေးထားလိုက်သည်။
ဆက်ပြီး မေမေ.အကြောင်း စဉ်းစားလိုက်သောအခါ တိတ်ဆိတ်သောအမေ၏ ညတွေကိုသတိရလာသည်။ အဖေသည် ကုန်သည်ပွဲစားပီပီ တခါတရံ တစ်ရွာမှ တစ်ရွာ ဒါမှမဟုတ် ရွာမှမြို. သွားလာရင်းက အိမ်ပြန်နောက်ကျတတ်သော ညတွေရှိ တတ်သည်။ ထိုအခါ မေမေသည် အဖေပြန်လာသည်.တိုင်အောင် အ၀တ်စားအပြဲတွေကို ဖာရင်း ဆန်ပြာရင်း စိတ်ရှည်စွာစောင်.မျှော်နေတတ်သည်။ ထိုအခါ အိမ်ရဲ.မြောက်ဘက် ညောင်ပင်ကြီးဆီမှ အစာရှာနေသော သစ်တောက်ငှက်၏ အသံမှာ ပိုပြီးကျယ်လောင်နေတတ်သည်ဟု ခံစားနေမိသည်။ တစ်ခါမှာတော. အဖေသည်တော်တော်နှင်.ပြန်မလာခဲ.ပါ။ ညဉ်.လည်းအတော်နက်သွားသည်။ တိတ်ဆိတ်မှုနှင်. အေးစက်မှုတို.၏ပမာဏမှာလည်း တဖြေးဖြေးကြီး ထွားလာနေသည်။ တလောကလုံးမှာ မေမေရယ် သူရယ် သစ်တောက်ငှက်ရယ်ပဲရှိသည်ဟုထင်ရလောက်တဲ.အထိဖြစ်သည်။
မည်သို.ပင် ညဉ်.နက်သည်ဖြစ်စေ အဖေ အိမ်ပြန်ရောက်တာနဲ. သစ်တောက်ငှက်၏အသံမှာ တိုးတိတ်သွားရမြဲဖြစ်သည်။ ခုနေခါ ပြန်စဉ်းစားကြည်.တော. တခါက ခြောက်ခြားဖွယ်ရာ ကေါင်းသော သစ်တောက်ငှက်၏ အသံမှာ ဟိုစဉ်ခါကလောက် မဟုတ်တော.ဘဲ လွမ်းမောဖွယ်ရာလောက်သာ ဖြစ်နေတော.သည်။ မေမေ.အကြောင်းစဉ်းစားရင်းနှင်ပင် သူ၏နှုတ်ခမ်းများကတဖြေးဖြေးပြုံးလာသည်။ အမှန်တကယ်ပင် မေမေနှင်. သူ၏အကြားတွင် ပြုံးချင်စရာကေါင်းသော အကြောင်းရာတစ်ခုရှိခဲ.ဖူးသည်။ မေမေသည် ဒေါသကြီးသူများ အငြိုးကြီးသူများစာရင်းတွင် ပါဝင်သူမဟုတ်ပါ။ ပြီးတော. အရယ်လွယ်သူလည်းဖြစ်သေးသည်။ ဤသည်ကပင် သူ.အတွက် ခုနေခါပြန်ပြီးပြုံးချင်စရာဖြစ်လာရသည်မဟုတ်လား။ မှတ်မိပါသေးသည်။ ဦးခင်မောင်ဝင်းမျက်နှာ ရုတ်တရက်တချက်ပျက်သွားပြီး မေမေ.ဆီသို.လှမ်းကြည်.လိုက်သည်။ ထိုအကြည်.ထဲတွင် "ခင်ဗျား တို.သားကို မဆုံးမထားဖူးလား " ဆိုသည်.မေးခွန်းက သိသာပေါ်လွင်နေသည်။
သူအမေ.ကိုကြည်.လိုက်တော. အမေ.လက်ထဲမှာ ၀ါးခြမ်းပြား တစ်ချောင်းက အလိုလိုရောက်ရှိနေခဲ.ပြီ။ သူ.ဦနှောက်က အန္တရာယ် ရနံ.ရလိုက်တယ်ဆိုရင်ပဲ သူ.ခြေလှမ်းတွေက အမေနဲ.ဝေးရာကို စတင်ပြေးနေပါပြီ။ အမေကလည်းသူ. နောက်က တစ်လှမ်းခြင်း လိုက်လာပါသည်။ သူကလည်းမရပ်ပါ။
" ဟဲ. ခုရပ်စမ်း "
" မရပ်ဘူးဗျာ အမေက သားကိုရိုက်မှာကြီးကို "
" ရိုက်မှာပေါ. နင်ကဘာလို.လူကြီးတွေကိုပြန်ဆဲလဲ "
" သူတို.က သားကိုစတာကိုးဗျ "
" ဟဲ. သူတို.က နင်.ကိုချစ်လို.စတာကို "
" ကျွန်တော် မှမကြိုက်တာ ဗျာ "
" နင်မကြိုက်တိုင်း ပြန်ဆဲ စရာလား နင်မကြိုက်ရင်း သူတို.နဲ.ဝေးရာမှာနေပေါ. "
" ဟာဗျာ အမေကလည်း "
" အေး နင်ခု ရပ်လိုက်စမ်း "
" အမေက ရိုက်မှာကို "
" လျှာမရှည်နဲ. ရပ်ဆို ရပ်စမ်း "
သူကလည်း မရပ်သလို အမေကလည်း စွဲမရှော.ပါ ။ အမှန်တော. ပြေးနေသည်ဆိုပေမယ်. အဝေးကြီးကို ပြေးနေခြင်းမျိုးလဲ မဟုတ်ပါ ။ အမေစိုက်ထားသော စပါယ်ရုံကြီးကို လှည်.ပတ်နေခြင်းသာဖြစ်သည်။ အဲ.ဒိလိုလှည်.ပတ်နေရင်းက သူ.ဦနှောက်ထဲတွင် လွတ်မြောက်ရန် အလင်း တစ်စ ၀င်လာသည်။ သို.ဖြင်. သူစအကောင်ထည်ဖော်လိုက်သည်။
" အမေ. "
" ဘာလဲ ငါကိုမခေါ်နဲ. "
" အမေက သားကို တကယ်ရိုက်မှာလား "
" ဟဲ. ရိုက်မှာပေါ. နင်က လူကြီးတွေကိုဆဲတာကိုး "
" ရိုက်တော. နာမှာပေါ.ဗျ "
" နာနာ "
" အမေ. သားနာမှာလေဗျာ မရိုက်နဲ.နော် အမေ"
" ............ "
" အမေ. "
" ဘာလဲ "
" ဒုတ်ကြိး ချထားပါတော.ဗျာ "
" ဘာလို.ချရမှာလဲ နင်.ကိုရိုက်ပြီးမှချမယ် "
" ညောင်းနေပြီဗျ "
" ..................... "
သူကခြေသလုံးကြွက်သား ကိုလက်နဲ.ထောက်ပြရင်း မျက်နှာကပြုံးစိစိနှင်.
" အမေရိုက်ရင် ဒီနားကိုရိုက်မှာလား "
" ............ "
" အမေ. "
" ဘာလဲ "
" မျက်နှာက ဘာလို.ပြုံးနေတာလဲ "
" အေး နင်ကြပ်ကြပ်သတိထား "
" ဟုတ်ကဲ. "
" ဘာဟုတ်ကဲ.လဲ "
" အာ အမေကလဲဗျာ "
ဒီလိုနဲ.ပဲ အမေသည် ဒေါသပြေမြဲ လက်ထဲကဒုတ်လွတ်ကျမြဲ ဖြစ်သည်။ ထိုအခါ သူလဲ အမေ.ရင်ခွင်ထဲသို. ပြေးဝင်မြဲဖြစ်သည်။ အမေကလည်း သူ.ကို ဗိုက်ကြောဆွဲလိမ်မြဲပင်ဖြစ်။
အမေ. အကြောင်းတွေက စဉ်းစားလို. မကုန်နိုင်ဖွယ်ပါဘဲ ။ သူသည် စရေးတော.မည်ဟုပြုပြီးမှ လက်ထဲက ဘောပင်ကိုအသာချကာ စဉ်းစားဟန်နှင်. ပြတင်းပေါက်မှတဆင်. အ ပြင်ဘက်က အမှောင်ထုကို ငေးကြည်.နေသည်။ ထိုစဉ် ကျောင်းထိုင်ဆရာတော်သည် အခန်းတံခါးဝသို. ရောက်လာပြီး
" လူလေး အိပ်တော.လေကွယ် သား သူငယ်ချင်းတွေလဲ အားလုံးအိပ်ပျော်နေကြပြီပဲ "
" ဟုတ်ကဲ ဖာသာ " ဟု ပြောပြီး သို. မေမေ မှတပါး ဘာမှရေးမထားရသေးသောစာရွက်လေးကို ဆရာတော် မမြင်အောင် အသာဝှက်လိုက်သည်။ ကျောင်းထိုင်ဆရာတော်သည် ကောင်လေးရဲ.စာရွက်မြင်လိုက်ပေမယ်. မမြင်ဟန်ပြုပြီး " ဂွတ်နိုက် လူလေး " ဟုပြောကာ အခန်းမီးနှင်. တံခါးကိုအသာပိတ်ပြီး ပြန်လာခဲ.သည်။
ကျောင်းထိုင်ဆရာတော်သည် ကောင်လေးအတွက် မွန်းကျပ်သော ဝေဒနာကို ခံစားလာရသည်။ အဘယ်.ကြောင်.ဆိုသော် ကောင်လေး မသိမသာဝှက်လိုက်သော စာရွက်ထဲတွင် ဘာရေးထားသည်ကို ကျောင်းထိုင်ဆရာတော် သိနေခြင်းကြောင်.ပင်ဖြစ်သည်။ ကောင်လေး ညစဉ်ညတိုင်း ဗလာစာရွက်ထဲမှာ သို. မေမေ ဟုရေးပြီး ပြတင်းပေါက်မှတဆင်. အပြင်က အမှောင်ထုငေးကြည်.နေခဲ.သည်မှာ လွန်ခဲ.သော ငါးလလောက်ကတည်းကဖြစ်သည်။ အမှန်တကယ်တွင် ကောင်လေး အမေဘယ်သူဘယ်ဝါဆိုတာ ကျောင်းထိုင်ဆရာတော်ပင် မသိခဲ. ပါ။
လွန်ခဲ.သော ဆယ်.ငါးနှစ်က ကောင်လေး ဒီကျောင်းကိုရောက်တော. မည်သူမှမပါ ပါ ကောင်လေးတစ်ယောက်တည်း။ ထိုစဉ်က သူ.အသက်မှာ ခြောက်လသားအရွယ်သာရှိသေးသည်။
ကျောင်းထိုင်ဆရာတော်သည် မွန်းကျပ်လာသော ဝေဒနာ များကို သက်ပြင်း အဖြစ် " ဟူး " ခနဲမှုတ်ထုတ်လိုက်ပြီး ညာဘက်လက်ဖြင်. နဖူးစ နှင်. ဘယ်ဘက်ရင်အုံ ညာဘက်ရင်အုံတို.ကို အသာတို.ကာ အာမင် ဟု ရေရွတ်လိုက်သည်။
မှောင်မဲသော လမိုက်ည၏ကောင်းကင်အောက်တွင် ခရစ်ယန်မိဘမဲ.ဂေဟာ သည်ကါး မှောင်မဲသထက် မှောင်မဲပြီး၊ တိတ်ဆိတ်သထက် တိတ်ဆိတ်နေလေသည် ။ ။
မင်းချစ်ဦး ။
မှတ်ချက် = ဤ၀တ္ထုတိုသည် ကျွန်တော်၏ ကိုယ်ပိုင်ဝတ္ထုဖြစ်ပါသည်။ မည်သည်.နိုင်ငံခြား ၊ ပြည်တွင်း ၀တ္ထတိုကိုမှမှီထားခြင်းမရှိပါ ။ ။

Friday, 6 May 2011
စာပေဟောပြောပွဲယဉ်ကျေးမှု
စာပေဟောပြောပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းလာခဲ.တာ အတော်လေးကြာခဲ.ပါပြီ။ ပွဲစီစဉ်တဲ.သူအလိုက် ဟောပြောတဲ.သူအလျှောက် အောင်မြင်တဲ.ပွဲတွေရှိသလို ဘယ်သူမှမသိလိုက်ပဲ ပြီးသွားတဲ.ပွဲတွေလဲအများကြီးပါပဲ။ ထင်ခြားတဲ.စေတနာပါတဲ.ပွဲမျီုးဟာအောင်မြင်တဲ.ပွဲသွားတတ်တာလဲ အစဉ်လာပဲထင်ပါရဲ.။ တချို.လဲ စင်ပေါ်တက်လာပြီး မူးမူးနှင်.ပြောချင်ရာပြောပြီးဆင်းသွာတဲ. စာရေးဆရာ ဆိုသူများကိုလဲကြုံခဲ.ရဘူးပါတယ်။ တချို.စာရေးဆရာကြီးတွေမှာတော.လဲ သူတို.ရဲ. ဥာဏ်ပညာဂုဏ် စေတနာဂုဏ်နှင်.မှ မတန် လမ်းဘေးက ဓမ္မာရုံသေးသေးလေးထဲမှာ ဖြစ်သလို ဟောပြောတာကိုလဲ နာခဲ.ရဖူးပါတယ်။ နှုတ်တရာ စာတစ်လုံးဆိုပေမယ်. စာအုပ်တရာ ဖတ်တာထက် ဟောပြောပွဲသွားနားထောင်ရတာက ပိုပြီးကျေးဇူးများမယ်လို.ထင်ပါတယ်။ စာဖတ်အား အတော်တန်ကောင်းတဲ. စာဖတ်သမားများဟာ သူတို.ဖတ်တဲ.စာအုပ်တွေထဲကတဆင်. ရေးတဲ. စာရေးဆရာတွေကို ချောင်းပြီးကြည်.တတ်ကြပါတယ်။ လူပုံသဏ္ဍာန်ကို ကြည်.တာမဟုတ်ပါဘူး။ စာရေးဆရာရဲ.စိတ်ကိုကြည်.တာပါ။ အဲဒိအခါမှာ မိမိရဲ. ထင်မြင်ယူဆချက် မှန်သလား မှားသလားဆိုတာ တကယ်.ကို ဝေေ၀၀ါးဝါးပါပဲ။ စာပေဟောပြောပွဲမှာတော. အဲဒိလိုမဟုတ်တော.ပါဘူး။ ကိုယ်.ရှေ.မှာ အတိအကျဟောပြောနေတဲ. စာရေးဆရာရဲ.စိတ်ကို အတိအကျသိအောင်လုပ်ယူလို.ရပါတယ်။ ဒီကိစ္စ အရေးမကြီးဘူးဆိုရင်လဲ ရပါတယ်လို. ပြောနိုင်သလို အရေးကြီးတယ်ဆိုရင်လဲ သေရေးရှင်ရေးလို. ပြောရမှာပါ။ ဘာဖြစ်လို.လဲဆိုတော. ဦးဏှောက်ထဲဝင်လာတဲ. စာလေးတစ်ကြောင်း ဒါမှမဟုတ် စာလေးတစ်ပုဒ်ဟာ ဘ၀နဲ.ချီပြီး ပြောင်လဲသွားတတ်လို.ပါပဲ။ ဒီတော. စာဖတ်သူများဟာ ဘာကြောင်. ဒီစာကို ဒီစာရေးဆရာက ဘာဖြစ်လို.ဒီလိုရေးရသလဲဆိုတာ သိထားရင် မမှားဘူးလို.ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို. စာပေဟောပြောပွဲကိုဘာ.ကြောင်.သွားကြတာလဲ။ အကျဉ်းချုပ်ဖြေရရင်တော.ဗဟုသုတရချင်လို. လို.ဖြေရမှာပါ။ နည်းနည်း အကျယ်ချဲ.ကြည်.ရင်တော. ဘ၀အောင်မြင်ရေး အတွက်လိုအပ်တဲ. စိတ်ဓာတ်အကြောင်းတွေ ။ တောတောင်ရေမြေ သဘာဝတို.ရဲ.အကြောင်းတွေ။ စာအုပ်တွေအကြောင်းတွေ။ ယဉ်ကျေးမှုအကြောင်းတွေ။ အနုပညာအကြောင်းတွေ။ ပြီတော. အမျီုးဘာသာရဲ. သမိုင်းကြောင်းတွေ ဒါတွေသိရှီကြားနာနိုင်အောင်လို.စာပေဟောပြောပွဲကို သွားရတယ်လို.ဖြေရမှာပါ။ ပိုပြီးအကျယ်ချဲ.ကြည်.မယ်ဆိုရင် ကျွန်တော်တို.ရဲ. ကျဉ်းမြောင်းနေတဲ. ခံစားမှု စွမ်းရည်ကို ပိုပြီး ကျယ်လာအောင် လို. စာပေဟောပြောပွဲကို သွားရတယ်လို.ဖြေရမှာပါ။ ဒီလိုနဲ. စင်္ကာပူကပြုလုပ်တဲ. စာပေဟောပြောပွဲ လေးပွဲစလုံးကိုကျွန်တော်တက်ရောက်နားထောင်ဖြစ်ခဲ.ပါတယ်။ ပထမ နေ၀င်းမြင်. ဂျူး ချစ်ဦးညို။ ဒုတိယ လယ်တွင်သားစောချစ် မောင်စိန်ဝင်းပုတီးကုန်း ကာတွန်းအော်ပီကျယ် ။
တတိယ ပ ကျော်ဝင်း ဦးဘုန်းဓာတု ချစ်ဦးညို အောင်သင်း ။
တတိယဒု ဆရာမခင်ခင်ထူး
ဆရာကြီး အောင်သင်း
အမေးအဖြေကဏ္ဍမှာ ဆရာနေ၀င်းမြင်.နှင်.အတူ
စာပေဟောပြောပွဲ အမှတ်တရ စာစု ထဲက ဆရာချစ်ဦးညိုရဲ. သတိပေချက်ကလေးနှင်. ကျွန်တော်ရဲ.စာကို အဆုံးသတ်ပါမယ်။ အဲဒိထဲမှာ ဆရာချစ်ဦးညို စိုးရိမ်ကြီးစွာနဲ. သတိပေးလိုက်တာက
စင်္ကာပူရောက် ချစ်စွာသော " ရွှေ " များခင်ဗျား။ အများစုကြီးကြားထဲပြန်.လေလေ ၊ ရောက်လေလေ မူလကနဦး လုပ်ခဲ.သူတွေရဲ. ' တာဝန် ' ဟာလည်းပိုကြီး ကြိးလာလေလေ ဆိုတာပါပဲ။
အားလုံးကိုကျေးဇူးတင်ပါတယ် မင်းချစ်ဦး
Sunday, 20 February 2011
လက်ထပ် ထိန်းမြားခြင်း မင်္ဂလာ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လူမျိုတိုင်းတွင် လက်ထပ်ထိန်းမြားခြင်း မင်္ဂလာကို ခန်းနားစွာကျင်းပခြင်းဖြင်. ဂုဏ်ယူကြသည်။ အလေးနက်ပြုကြသည်။ အလွန်.အလွန်ချဲ.ကားစွာ ပြုလုပ်ခြင်းမှအပ ဤကိစ္စကား လူသားတိုင်း ပြုအပ်သောအရာဖြစ်ပေသည်။ ထို.ကြောင်.ပင် လူသားတိုင်းတွင် လက်ထပ်ထိန်းမြားခြင်း အိမ်မက် ကိုယ်စီရှိကြသည်။ အယူဆ အမျီုးမျီုး ဓလေ.အမျီုးမျီုး မည်သို.ပင် ကွဲပြားခြားနားပါစေ အနှစ်သာရအားဖြင်. အားလုံးအတူတူပင်ဖြစ်သည်။ လူသား ဆန်စွာ ကိုယ်ပိုင်မိသား စု တစ်ခုတည်ဆောက်ရေးဖြစ် သည်။ ထို.ထက်လွန်ကဲစွာဆိုရလျှင် ဘ၀တစ်ခုအတွင်းမှာ အတိုင်းတာ တစ်ခုအတွင်း ယုံကြည်ရာ ရဲရင်.လိုက်ခြင်းပင်ဖြစ်သည်။ ထိုသို.သော ရူးသွပ်မှုမရှိသောဘ၀သည် အမှန်တကယ် ပျင်းရိဖွယ်ကောင်းသောဘ၀သာဖြစ်သည်။ နိတိများ၏အဆိုအရ ယောင်္ကျာကောင်းတစ်ယောက်၏ဘ၀တွင် ပင်လယ်ဖြတ်ဖူးရမည်၊ ထောင်ကျဖူးရမည်၊ တက္ကသိုလ်တက်ဖူးရမည်၊ အိမ်ထောင်ကျဖူးရမည် ဟုပါရှိလေရာ အစွမ်းအစရှိသော သူသည် မုချတစ်နေတွင် အိမ်ထောင်ပြုရမည်သာဖြစ်သည်။ အိမ်ထောင်ပြုပြီးနောက် ဖြစ်ပေါ်လာသော ကောင်းကျီုးဆိုးကျီုးကား ထိုများ၏ စိတ်ဓာတ်ကြံ.ခိုင်မှုနှင်.သာဆိုင်လေသည်။ အမြဲတမ်းတွေဝေနေသူတို.နှင်. အိမ်ထောင်ပြုခြင်းကား ပြဒါးတလမ်းသံတလမ်းပင်ဖြစ်သည်။ တစ်ချိုသော သူများသည် အိမ်ထောင်ပြုလျှင် ဘ၀အညွှန်.တုံးသည်ဟုလွဲမှားစွာတွေတောပြီး အိမ်ထောင်ပြုခြင်းကို ကျောခိုင်းနေတတ်ကြသည်။ အမှန်စင်စစ် ထိုသူများသည် တကယ်.လက်တွေ.ဘ၀ကို ကျောခိုင်းနေသူများသာဖြစ်သည်။ ဘ၀နှင်. ပတ်သက်ပြီး အမြင်ရှင်းသူများ၊ လက်တွေ.ဆန်သူများသာ အိမ်ထောင်ပြု တတ်သည်မှာ သဘာဝကျလျှက်ရှိသည်။ အိမ်ထောင်မပြုသော လူပျိုကြီး အပျီုကြီး များသည် အသေးဖွဲအလုပ်ကလေးများနှင်.သာ အချိန်ကုန်နေသည်ကိုတွေ.ဖူးကြပေလိမ်.မည်။ တကယ်တမ်းတွင် ထိုသို.သော အသေးဖွဲအလုပ်ကလေးများ သာမရှိပါက လူပျိုကြီး အပျိုကြီး တို.သည် အချိန်ကိုထိုမျှလောက်အကြာကြီး ဆွဲဆန်.ထားနိုင်ကြမည်မဟုတ်ပေ။ တစ်ခုကံကောင်းသည်မှာ ကမ္ဘာပေါ်ရှိသက်ရှိသတ္တ၀ါများထဲတွင် လူသည်သာ အသေးဖွဲအလုပ်များကိုဇွဲနပဲရှိရှိလုပ်တတ်ခြင်းပင်ဖြစ်သည်။ အိမ်ထောင်ပြုခြင်သည် သဘာဝနိယာမဟုဆိုလျင် အိမ်ထောင်မပြုပဲနေခြင်းမှာ သဘာဝနိယာမကိုဆန်.ကျင်ခြင်းပင်လိမ်.မည်။ လူသားများမစတင်မှိကပင် တည်ရှိပြီးဖြစ်သော သဘာဝတရားတရားကြီးကိုဆန်.ကျင်ပါက နံရံကိုကြက်ဥနှင်. ပစ်ပေါက်သကဲ.သို.သာနေပေလိမ်.မည်။ ထို.ကြောင်. လူသားများသည် သဘာဝတရားကြီးနှင်. လိုက်လျောညီတွေဖြစ်အောင်နေထိုင်ဖို.လိုပါသည်။ လူသာတိုင်းသည် မိမိလူသားဖြစ်ကြောင်းကိုပြသဖို. မဖြစ်မနေ အိမ်ထောင်ပြုရန်လိုအပ်ပေသည်။ သို.မဟုတ် လူသားတိုင်း၏ မွေးရာပါရရှိသော အခွင်.ရေးတစ်ခုမှာ အိမ်ထောင်ပြုရန်ဖြစ်သည်။ ။
{ သူငယ်ချင်း တောင်တွင်းကြီသား တင်ကိုကို၏ မတ်လနှစ်ရက်နေ.တွင်ကျင်းပသောလက်ထပ်မင်္ဂလာပွဲ အား ဂုဏ်ပြုရေးသားသည်။ }
မင်းချစ်ဦး
{ သူငယ်ချင်း တောင်တွင်းကြီသား တင်ကိုကို၏ မတ်လနှစ်ရက်နေ.တွင်ကျင်းပသောလက်ထပ်မင်္ဂလာပွဲ အား ဂုဏ်ပြုရေးသားသည်။ }
မင်းချစ်ဦး
Sunday, 9 January 2011
ကွယ်ဝှက်ထားတဲ. နှလုံးသား
ဆရာဇော်ဂျီ၏ ကဗျာများသည် ရိုးစင်းပြီးလှပနေတတ်သည်။ ဖတ်ချင်စဖွယ်ကောင်းလောက်အောင် စိုပြေနေတတ်သည်။ ဆရာသည် အဝေးရောအနီးပါမြင်တတ်သူပီပီ သူ၏ကဗျာများသည် ဘက်မျှနေသည်ကို တွေ.ရတတ်သည်။ ကဗျာဆရာတစ်ယောက် တတ်အပ်သောပညာရပ်ထဲတွင် မိမိအနီးနားရှိတဲ.အရာကို အဝေးသို.ချဲ.ပြနိုင်ခြင်း။ အဝေးကအရာကို အနီနားရောက်အောင် ချုံ.ပြနိုင်ခြင်း ဆိုတဲ. အရာလည်းပါသည်။ ထိုအရာတွင် ဆရာဇော်ဂျီသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သည်။ ထို.ကြောင်. ဆရာဇောာ်ဂျီ၏ ကဗျာများသည် တစ်ခါဖတ်ပြီးမေ.မရနိုင်ခြင်းဖြစ်သည်။ ထို.ကြောင်. ဆရာဇော်ဂျီ၏ ကဗျာများသည် ကဗျာဖတ်သူ၏ရင်ထဲတွင် စွဲကျန်ရစ်ခဲ.ခြင်းဖြစ်သည်။ ထို.ကြောင်ပင် ဆရာဇော်ဂျီ၏ ကဗျာမှာ ဂန္တ၀င် ကဗျာများအဖြစ်ထင်ခြားနေခြင်းဖြစ်သည်။ ဆရာဇော်ဂျီ၏ အောင်မြင်ကျော်ကြားသော ဗေဒါလမ်း ကဗျာစုမှာ လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာကို ကြည်.ပြီးရေးထာတာဟု ဖတ်ရဖူးသည်။ စင်စစ် ဗေဒါလမ်းကဗျာများမှမဟုတ် ဆရာဇော်ဂျီ၏ ကဗျာ ၀တ္ထု ရသစာတမ်း အရေးသား အားလုံးသည် လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာကိုကြည်.ပြီးရေးထားချည်းဖြစ်သည်။ ထိုသို.သောဆရာဇော်ဂျီသည် အများတကါ မတွေ.မမြင်ခဲ.သော ရဟန်းတော်တို.၏ နှလုံးသားကိုလည်း မြင်တွေ.ခဲ.သည်။ မြင်တွေ.တဲ.အတိုင်းလည်း ကဗျာ တစ်ပုဒ်ရေးခဲ.ပါသည်။ ထိုကဗျာထဲတွင် ဆရာဇော်ဂျီသည် အမျီုးသမီးငယ် များကို ရဟန်တော်များနှင်. မချစ်ကြိုက်မိစေဖို. စပြီးဆုံးမထားသည်။ ပြီးမှ ရဟန်တော်တို.၏နုပျိုပုံ ၊ ငယ်ရွယ်နုပျိုသူ ဖြစ်သည်.အားလျှော်စွာ ငယ်ဂုဏ် ပျိုဂုဏ်ဖြင်. အရပ်သူအရပ်သားတို.ကဲ.သို. လှချင်ပချင်စိတ် ကြွားချင်စိတ် ရှိသော်လည်း မြိုသိပ်ထားရပုံဖြင်. ကဗျာ၏ပထမအပိုဒ်ကိုစဖွင်.ထားလေသည်။
ဒုတိယအပိုဒ်မှာတော. ငယ်ရွယ်သူ အရပ်သူအရပ်သား တို.၏ မိုင်းမှုံပြာရီသောအရွယ်တွင် ချစ်သူခြင်း ဘယ်ညာတွဲဤ ချစ်ခွင်. ကြည်နူးခွင်. ရကြပေမယ်. ငယ်ရွယ်သူခြင်းတူသော်လည်း အရပ်သူအရပ်သားတို.လို ချစ်ခွင်. ကြည်နူးခွင်.ကို ဘယ်ရဟန်တော်များမှ မရကြသည်မှာ ထူးဆန်းသည်ဟု ရေးပြထားသည်။
ထို.နောက် တတိယအပိုဒ်မှာတော. ရဟန်းတော်များမှာ အရပ်သူအရပ်သားတို.လို ချစ်တတ်တဲ.နှလုံးသား လှပချင်တဲ.စိတ်ရှိပေမယ်. ခန္ဒာပေါ်မှာ ခြုံလွှမ်းထားတဲ. အ၀ါရောင် သင်္ကန်းက သတိလက်မလွတ်အောင် ပြုနေသကဲ.သ.ိုရေးပြထားပြီး နောက်ဆုံးအပိုဒ်မှာတော. မိန်းမပျိုလေးများကို ရဟန်းတော်များနဲ.မချစ်မိစေဖို. ထပ်ပြီးဆုံးမထားပြန်ပါသည်။ ပြီးမှ ဆက်၍ ရဟန်တော်များမှာလည်း ငယ်ရွယ်သူများဖြစ်၍ ခန္ဒာကိုယ်မှာ အ၀ါရောင်သင်္ကန်းဝတ်ဆင်ထားရပါသော်လည်း ရဟန်တော်တို.၏ ရင်ဘတ်ထဲတွင် ချစ်တတ်တဲ.နှသား ရှိကြောင်း ။ ထိုရဟန်းတော်များခမျာ.မှာနှလုံးသားနှင်. နုပျိုခြင်းမာန်ကို ညာဏ်နှင်.ထိန်းနိုင်ပါမှသာ ဂုဏ်သရေ တင်.ဆန်းနိုင်ကြောင်းတိုကိုရေပြထားလေသည်။။
သေချာပါသည်။ ခု ကျွန်တော် ရေးပြသည်မှာ ဆရာဇော်ဂျီရေးသော ကဗျာ၏ ဆိုလိုရင်းကိုပြည်.စုံနိုင်မည်မဟုတ်ပါ။ ညဏ်ပညာခွန်အား စေတနာခွန်အား ကြီးမားလှသော ဆရာဇော်ဂျီ၏ ကဗျာကို ကျွန်တော်.လို သာမန် ၀ါသနာရှင်တယောက်က ပြီးပြည်.စုံအောင် ရှင်းမပြတတ်သည်မှာလည်း သဘာဝကျပါသည်။ စာဖတ်သူ အနေဖြင်.လည်း အားရကျေနပ်လိမ်.မည်မဟုတ်ပါ။ ထို.ကြောင်. ဆရာဇော်ဂျီ၏ မူရင်းကဗျာ ကို အောက်မှာ ဖော်ပြလိုက်ပါသည်။ ဆက်ဖတ်ကြည်.ပါ.......
မခူးချင်ဆန်ပါနဲ. နှစ်ဆန်းခါတော်မီမို.
ဇမ္ဘောရည်ပြေပြေလိမ်းကါပါ.
ခပ်သိမ်းနယ်စုံစုံသို.
ပွင်.ငုံကိုလင်.ကုန်ကြတော.လို. ခေါင်းကြွကာ ဆာဝေေ၀နဲ.
သူလည်းလေ လောကီသားလိုပါ.ကြွားချင်လှပေလိမ်.မယ်။
တသိန်တင်.ပါဘိ
တိမ်မြင်.ရီ ပြာပြာက
ကြည်သာသာ ပင်.လေအမြုးတွင်ဖြင်.
တီတာတာ ပွင်.ရွှေဖူးငယ်တို.က
လှည်ယှက်ကာ ဘယ်ညာလူးလေတော.
သူတို.လို ဘယ်သူမြူးနိုင်ပါ.
ထူးပါဘိတယ်။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာဘ၀င် ချမ်းစေတဲ.
သာသနာ ရွှင်ရွှင်လန်းအောင်လို.
တမင်မှန်းကါပါ. သတိစွယ်
ရည်ရွယ်တော.သလား။
ခူးပါနဲ.ကွယ်
ပွင်.ဖူးမှာ အ၀ါခြယ်ဤ
မာလာအလယ်မှာ နွဲ.ချင်တဲ. နှသားရယ်ကြောင်.
နှစ်ဆုံးကုန် အတာဝင်သို.
မာန်အင်ကို ညာဏ်ဆင်မွေးကာပါ.
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။
ဤ ကဗျာတွင်လောကသဘာဝ လူ.သဘာဝ လောကအမူယာ လူ.အမူယာ များပါဝင်သည်ကို စာဖတ်သူ သတိပြုမိပါလိမ်.မည်။
ဆရာဇော်ဂျီ ကါး ဖုံးကွယ်ထားသော နှလုံးသားသော်မှ မြင်နိုင်စွမ်း ရှိသူပါတည်း။ ။
ကျေးဇူးတင်ပါသည်
မင်းချစ်ဦး
Monday, 3 January 2011
ကဗျာ ပြပွဲ
သူ၏ ခေတ်ပြိုင် ကဗျာရူးသွပ်သူများအပေါ် သူ၏ကဗျာများဖြင်. ဩဇာသက်ရောက်စေခဲ.သူ။
မြန်မာ ကဗျာဖြစ်ပေါ်တိုးတက်မှု အခန်းကဏ္ဍတွင် အထင်ကရမှတ်တိုင်များ စိုက်ထူခဲ.သူ။
ကဗျာ၏အကြယ်ဝန်းကိုချဲ.ပြသွားခဲ.သူ။ ထိုသူကဗျာများကို ခင်းကျင်းပြသထားပါသည်။
Subscribe to:
Posts (Atom)

ရသေ.ကြီးရဲ.လက်ရာစစ်စစ်တွေမို.ကြည်ညိုသဒ္ဒါပွားစေရန် တင်ပြပေးလိုက်တယ် ဗျားးးးးးးး