Wednesday, 1 May 2013
အတွင်းသဘော
တချို.ကအမှုမဲ.အမှတ်မဲ.ပြုလိုက်မိတာ ၊ တချို.ကကြတော. သိသိကြီးနဲ. သေချာပြီ ပိုင်ပြီ ဆိုပြီးလုပ်ကြတာဘဲ၊ ဒါပေမယ်. စိတ်ရဲ.အတွင်းသဘောဆိုတာ ကျွန်တော်တို. ထင်သလောက် ရိုးစင်းမနေပါဘူး။
ကိုယ်ပြောလိုက်တဲ. စကားတစ်ခွန်း ၊ကိုယ်လှုပ်ရှားလိုက်တဲ. အပြုမူတစ်ခု၊ တစိမ်.စိမ်.တွေးနေမိတဲ. အတွေး ကိုယ်ရေးလိုက်တဲ.စာတစ်ကြောင်း အားလုံးဟာ မှန်သလိုလိုနဲ.မှားနေတတ်ပါတယ်။ လုံးလုံးအမှားဆိုရင် ထင်သာမြင်သာရှိပေမယ်. မှန်သလိုလိုနဲ.မှားနေတာတွေကြတော. တော်ရုံနဲ. မမြင်နိုင်ကြပါဘူး။ ကိုယ်.ကိုယ်ကို ရိုးသားစွာ ပြောလိုက်တယ် လုပ်လိုက်တယ် ရေးလိုက်တယ် တွေးလိုက်တယ်လို.ပဲ ထင်နေတတ်ကြပါတယ်။
တကယ်တမ်းကြတော. မှားနေတာတွေကပိုများပါတယ်။ နောက်တစ်ခု သတိထားမိတာက ရိုးသားစွာ ပြောဆိုပြုလုပ်ရေးသားတယ်ဆိုတိုင်း အမှန်တရား မဖြစ်နိုင်ဘူးဆိုတာပါ။ ဥပမာ မောင်လှ ကရိုးသားစွာ ရေးလိုက်တယ်ဆိုပါတော. အဲ.ဒိမောင်လှရေးလိုက်တဲ. အရာတိုင်းဟာ အမှန်တရားမဖြစ်နိုင်ပါဘူး ။ ဘာပြုလိုလဲဆိုရင် ရိုးသားမှုမှာ မောင်လှနဲ. တိုက်ရိုက်ပတ်သက်ပေမယ်. အမှန်အမှားကျတော. မောင်လှကိုကျော်သွားပါပြီ။ မောင်လှတစ်ယောက်ထဲနဲ. မပြီးတော.ပါဘူး။ သတ်မှတ်ချက်တွေ စံတွေလိုလာပါတယ် ဒါကြောင်. မောင်လှ ရိုးသားစွာ ရေးလိုက်တဲ. အရာတိုင်းဟာ အမှန်တရားမဖြစ်နိုင်ပါဘူး။
ကျွန်တော်တို. ရိုးသားစွာ ပြောဆိုကြသည်လို. အပိုင်သေချာနေပေမယ်. ကျွန်တော်တို.မသိလိုက်ခင် ကိုယ်.စိတ်ကကိုယ်.ကို လှည်.စားပြီးဖြစ်နေတာကြောင်. မရိုးမသား မမှန်မကန်တွေပြောဆိုမိတတ်ကြပါတယ်။ ရိုးသားချင်ယောင်ဆောင်ထားတဲ. အပြုမူ အပြောဆိုတွေပေါ.။ ထပ်ပြီးရှင်းအောင်ပြောရရင် ကိုယ်.စိတ်ကို ကိုယ်ကပြန်ပြီးလှည်.စားတတ်တဲ.သဘောတွေပါ။ ပါဠိလို ၀ဉ္စနာလို.ခေါ်ပါတယ်။ သူတစ်ပါးကို လှည်.စားရတာ၊ ဒါမှမဟုတ် သူတစ်ပါးက အလှည်.စားခံရတာ တော်ရုံသတိရှိရင် သိနိုင်ပေမဲ. ကိုယ်.စိတ်က ကိုယ်ကို လှည်.စားပြီဆိုရင် တော်ရုံနဲ. မသိနိုင်ကြပါဘူး။ အောက်မှာ လှည်.စားတတ်တဲ. အရာတွေဖော်ပြပေးလိုက်ပါတယ်။
ချစ်ခင်နှစ်သစ်ခြင်း တပ်မက်စွဲလမ်းခြင်း ဆိုတဲ. ရာဂ က မေတ္တာယောင်ဟန်ဆောင်ပြီး စိတ်ကိုလှည်.စားတတ်ပါတယ်။ သံယောဇဉ်နဲ.ချစ်တာကို မေတ္တာနဲ.ချစ်တယ်လို. ကိုယ်ကိုယ်ထင်နေတတ်ပါတယ်။ တဏှာနဲ. ပွတ်သပ်တာကို မေတ္တာနဲ. ကြင်နာယုယတယ်လို.ထင်နေတာမျိုးပါ။
စိတ်ပူခြင်း စိုးရိမ်ခြင်း ၀မ်းနည်းပူဆွေခြင်းဆိုတဲ. သောက က ဂရုဏာယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ် လှည်.စားတတ်ပါတယ်။ ကိုယ်ချစ်ရတဲ.သူ ဆင်းရဲဒုက္ခရောက်နေတာကြည်.ပြီး စိတ်မချမ်းမသာဖြစ်တာကို သနားတတ်တယ် စာနာတတ်တယ်လို. ထင်နေတာမျိုးပါ။
ပျော်ရွှင်မြူးတူးခြင်းဆိုတဲ. ပဟာသ က မုဒိတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။ သူတစ်ပါးရဲ.အောင်မြင်မှုတစ်ခုကို အကြောင်းပြု ပြီး အော်ဟစ်နေတာ အောင်ပွဲခံနေတာ အပျော်လွန်ပြီး မူးနေတာကို သူတစ်ပါးရဲ. အောင်မြင်မှုအတွက် ၀မ်းမြောက်တတ်တယ် မုဒိတာပွားတတ်တယ်လို. ထင်နေတာမျိုးပါ။
ကြိုးစားအားထုတ်မှုမပြုတော.ခြင်း ဆိုတဲ. နိက္ခိတ္တဓုရ က လျစ်လျူရှုခြင်း ဆိုတဲ. ဥပေက္ခာယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။ ဘယ်အရာကိုမှ ကြောင်းကြမစိုက်ချင်တော.တာ တာဝန်ယူစိတ်မရှီတာ ကံအတိုင်းပဲ မတတ်နိုင်ဘူးလို. ကံကိုပုံချပြီး အပျင်းထူနေတာမျီုးတွေပါ။
စိတ်ပူလောင်ခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ. စိတ္တပန္တာသ က လောကသံသရာကို ထိတ်လန်.ခြင်းဆိုတဲ. သံဝေဂ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ် ။ ရတာမလို လိုတာမရလို.၊ အလုပ်အဆင်မပြေလို. စိတ်ညစ်စရာ ပြဿနာတွေနဲ. ကြုံတွေ.ရလို. စိတ်ပူလောင်နေတာ စိတ်ဆင်းရဲနေတာ လောကကြီးအပေါ် မကျေမနပ်ဖြစ်နေတာကို ဘ၀ကိုငြီးငွေ.နေပြီ သံသရာကြီးကို ထိတ်လန်.နေပါပြီလို.ထင်နေတာမျိုးပါ။
သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်း လို.ဆိုတဲ. အသဒ္ဓိယ က စူးစမ်းမျှော်မြင်ခြင်းပညာလို.ဆိုတဲ. ၀ီမံသယောင်ဟန်ဆောင်ပြီးကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။ ဟိုလူ.ကိုမယုံ ဒီလူ.ကိုမယုံ၊ ဟိုဟာကိုမယုံ ဒိဟာကိုမယုံပဲ နေရာတကာ သံသယဖြစ်နေတာကို စူးစမ်းတတ်တယ် ဝေဖန်ပိုင်ခြားတတ်တယ်လို ကိုယ်.ကိုယ်ကို အထင်ကြီးနေတာမျိုးပါ။
ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်တာ ကဲ.ရဲ.ခြင်းဆိုတဲ. ပုဂ္ဂလဂရဟိတာ က မကောင်းမှုကိုကဲ.ရဲ.ခြင်းဆိုတဲ. ပါပဂရဟိတာ ယောင်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။ ကောင်းစေချင်လို.ရေးတာပါ ကောင်းစေချင်လို.ပြောတာပါ လို.အသံကောင်းဟစ်နေပေမယ်. တကယ်တမ်းကြတော. ပုဂ္ဂိုလ်ရေးအရဂုဏ်သိက္ခာကျအောင် ပြောဆိုရေးသားနေတာ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုရေးသားနေတာမျိုးတွေပါ။
စကားရိုင်း စကားကြမ်းပြောဆိုခြင်း ဆိုတဲ. ဖရုသ၀ါစာ က အပြစ်ကိုနှိပ်ကွတ်ပြီး ဆုံးမခြင်းဆိုတဲ. နိဂ္ဂယှဝါဒိတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်စားတတ်ပါတယ်။ အပြစ်ရှိသူကို နိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း မာမာကြောကြော ကြမ်းတမ်းစွာပြောဆိုတာကိုပဲ ကောင်းစေချင်လို.ပြောတာ မခံချင်စိတ်ကို နိုးစွတာလို. ထင်နေတာမျိုးပါ။
ကုန်းချော ကုန်းတိုက်ခြင်းဆိုတဲ. ပိသုဏ၀ါစာ ကမှန်သောစကားကိုပြောတိုခြင်းဆိုတဲ. သစ္စ၀ါဒိတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကိုလှည်.စားတတ်ပါတယ်။ ဒို.ကမှန်တာပြောတာ ဘာဖြစ်လဲဆိုပြီး အဆင်ပြေနေသူတွေ အဆင်မပြေအောင် စည်းလုံးသူတွေ ပြိုလဲသွားအောင် သိထားတဲ.အကြောင်းရာတွေကို အကျိုးမရှိပဲ လျှောက်ပြေတာမျိုးတွေပါ။
သူတစ်ပါး အကျိုးမဲ.ကိုလိုလားခြင်းဆိုတဲ. အနတ္ထကာမတာ က ကုးန်းချောစကားမပြောလိုခြင်းဆိုတဲ. အကိသုဏ၀ါစတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ. အကျိုးပျက်စီးရာပျက်စီးကြောင်း ကို တစ်စုံတစ်ယောက် က ကြံစည် ပြောဆို လုပ်ကိုင်နေတာသိပါလျှက် အတင်းပြောရာရောက်မှာစိုးပြီး မပြောပဲနေတာမျိုးပါ။
အကျိုးမဲ. စကားတွေပြောဆိုငြင်းခုန်ပြီး အချိန်ဖြုန်းရတာကိုပျော်မွေ.ခြင်းဆိုတဲ. ဘဿာရာမတာ က တရားစကားပြောကြားရတာကိုပျော်မွေ.ခြင်းဆိုတဲ. ဓမ္မဒေသနာဘိရတိ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။
အပေါင်းဖော်နဲ.မွေလျှော်ခြင်းဆိုတဲ. သင်္ဂဏိကာရာမတာ က တပည်.အပေါင်းအား ချီးမြောက်ခြင်းဆိုတဲ. ဂဏာနုဂ္ဂဟကရဏတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။
စိတ်ပျံ.လွင်.ပြီး ဟိုဟိုဒီဒီလျှောက်လုပ်ခြင်းဆိုတဲ. ဥဒ္ဓစ္စ က ကြိုးစားအားထုတ်ခြင်း ၀ီရီယ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။
ယုံမှားသံသယ ဖြစ်ခြင်းဆိုတဲ. ၀ီစိကိစ္စာ က ဟိုဘက်ဒီဘက်မျှအောင် ဆင်ခြင် ခြင်းဆိုတဲ. ဥဘယပက္ခသန္တီရဏတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။
ဆရာမိဘတွေရဲ. အဆုံးအမကို တရိုတသေ မနာယူခြင်းဆိုတဲ. အပဒက္ခိဏဂ္ဂဟိတ က ကိုယ်.ကိုယ်ကို အကြီးမှုးထားအားကိုးခြင်းဆိုတဲ. အတ္ထာဓိပတေယျတာ ယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတ်ပါတယ်။
မစူးစမ်း မဆင်ခြင် ခြင်းဆိုတဲ.အပရိက္ခဏတာ က သဒ္ဓါတရား အားကြီးခြင်းဆိုတဲ. သဒ္ဓါလုတာယောင်ဟန်ဆောင်ပြီး ကိုယ်.ကိုယ်ကို လှည်.စားတတပါတယ်။ တကယ် အကျိုးရှိမရှိ တကယ် အသုံးတည်.မတည်. မစူးစမ်းပဲလှူလိုက်တာမျိုးတွေပါ။
ကိုယ်. အတွင်းသဘောကို သေသေချာချာကြည်.မယ်ဆိုရင် အထက်ကအရာတွေဟာ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ. အရာတွေချဉ်းပါပဲ။ အကျယ်ဆက်ဖတ်ချင်တယ်ဆိုရင် ဆရာဦး သုခရဲ. စိတ်ဆိုသော စိတ် နှင်. ၀ဉ္စနာဒီပနီ စာအုပ်ကိုရှာဖတ်ကြည်.ပါ။
အခုကျွန်တော် ရေးခဲ.တဲ.အထဲမှာ ရဟန်းတော်များနှင်. ဆိုင်တဲ. အချက်တွေချန်ထားပြီး လူသားများနှင်.ဆိုင်မယ်ထင်တာတွေပဲကောက်နှုတ်ထားတာပါ။ အမှန်က ၀ဉ္စနာတရား ၃၇ပါးရှိပါတယ်။
စာဖတ်သူများကိုလေးစားစွာဖြင်.
မင်းချစ်ဦး ။ ။
စာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment