တချို့တွေ အိပ်ယာက ထလာတယ်။ တချို့က
အိပ်ယာနိုးလာတယ်.....ဒါပါပဲ ဗီယက်နာရှော့ ...ဆိုတာ
အိပ်ယာနိုးလာတယ်.....ဒါပါပဲ ဗီယက်နာရှော့ ...ဆိုတာ
"ဗီယက်နာအဝန်း"
အဲဒီအနောက်ကမ္ဘာမှာအရာအားလုံးနှင့်တကွ နည်းပညာဖော်မြူလာများ၏ ကောက်ချက်များကိုလည်း ကျွန်တော်တို့ ဘာသာစကားတွေနဲ့တည်ဆောက်ခဲ့မိကြတယ်။ သူတို့ကပဲ ဘာသာစကားကို ပြန်ပြီး သုံးသပ်ခဲ့ကြတယ်။ သူတို့သုံးတဲ့ဘာသာစကားမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒါက အသေအချာပဲ။
ရူးဒေါ့ကားနက်(ဖ) (Rudolf Carnap) ဆိုတဲ့ ဂျာမန်ဖွား တွေးခေါ်ပညာရှင်ဟာဒီကိစ္စမှာ စကားလုံးတွေရဲ့ အရင်းအမြစ်ကိုရှာရင်း ဘာသာဗေဒကို မြေလှန်ဖို့ ကြိုးစားခဲ့သူတစ်ယောက်ပါ။သူက "logical positivism" ရဲ့ ခေါင်းကိုင်အဖ ဖြစ်ခဲ့ဖူးတယ်။ ဗီယက်နာအဝန်းလို့ခေါ်တဲ့ ViennaCircle ရဲ့ ဦးဆောင်ဦးရွက်ပြုသူ တစ်ဦးပါပဲ။ ဗီယက်နာအဝန်း ဆိုတာ ၁၉၂၂ မှာ ဗီယက်နာတက္ကသိုလ်(University of Vienna)ကို ဗဟိုပြုပြီး ပါမောက္ခတွေ ပညာချင်းဖလှယ် စည်းဝေးတဲ့ပွဲ။ ကမကထလုပ်တဲ့သူက မောရစ်ရှလစ်(ခ်) (Moritz Schlick) ကသဘာပတိနေရာယူခဲ့ပြီး ပညာရှင် အတော်များများ တက်ခဲ့တယ်။ သူတို့နဲ့အတူ မောရစ်ရဲ့ တပည့်ကျော် ဟားဘတ်ဖိုင်း(Herbert Feigl)ဆိုတဲ့ သြစတြီးယား ကျောင်းသားတွေတောင် ပါတာပေါ့လေ။ လက်စောင်းထက်တဲ့သူတွေချည်းပါပဲ။ "ဟားဘတ်" ကတော့ အဖွဲ့ဝင်အဖြစ်ပဲ ပါတာပေါ့။ သူက ငယ်တာကိုး။အဲဒီမှာ တပည့်အဖြစ်ခေါ်လာတဲ့ "ဟားဘတ်" က နောင်တစ်ချိန်မှာ ပါမောက္ခဖြစ်လာပြီး၁၉၃၁ မှာ သူက စာတမ်းတစ်စောင်နဲ့ "Logical Positivism" ဆိုတဲ့ နာမည်ကို မသင့်လျော်ဘူးဆိုပြီး ပြောင်းခိုင်းတဲ့သူ။ ကျွန်တော်ပြောချင်တာက အဲဒီလို ငချွတ်ကလေးတွေတောင် ဗီယက်နာအဝန်းမှာဘေးထိုင်အဆင့်ပဲ ရှိတော့ ဥက္ကဋ္ဌရာထူး ယူထားတဲ့ "Logical Positivism" ရဲ့ဖခင်"ကားနက်(ဖ)"ကို စဉ်းစားကြည့်ပေါ့လေ။ ရူးဒေါ့ကားနက်(ဖ) ဘာလုပ်သွားသလဲ။ သူ့ရဲ့ဦးဆောင်မှုနဲ့မီတာဖစ်ဆစ် (Metaphysics)ကို ပြန်သုံးသပ်တယ်။
"မီတာဖစ်ဆစ်" ဆိုတာ
"မီတာဖစ်ဆစ်" ဆိုတာက အတွေးအခေါ်ဒါမှမဟုတ် ဒဿနပညာ နည်းနည်းပါးပါး တီးခေါက်မိသူဆိုရင် သိပါလိမ့်မယ်။ ဖြစ်တည်မှု(existence) နဲ့ ဥာဏ်ပညာ (knowledge)ကို ဦးစားပေးတဲ့ ဒဿနိကဗေဒ ရဲ့ အကိုင်းအခက်တစ်ခုပါ။မီတာဖစ်ဆစ် အခြေခံတာက အချက်နှစ်ခုရယ်ပါ။ အဲဒါတွေကတော့
- အဲဒီမှာဘာရှိသလဲ (What is there )
- အဲဒါဘာနဲ့တူသလဲ (What is like) ပါပဲ။
သက်ရှိနဲ့ကမ္ဘာမြေ (စင်္ကြာဝဠာ) သြကာသလောကရဲ့ဖြစ်တည်မှု(Nature of being and world) ကို လေ့လာတဲ့ ပညာပါ။ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ "ကော်စမိုလော်ဂျီ"နဲ့ မီတာဖစ်ဆစ် ကို ကားနက်(ဖ)ဟာ ပြန်သုံးသပ်ဖို့ တပ်လှန့်တယ်။ ဒါ့အပြင် သူက ဘာသာဗေဒဘက်အလေးသာတဲ့ တွေးလုံးမျိုးသာ အမှန်တရားနဲ့ ပိုနီးစပ်တယ်လို့ဆိုပြန်တယ်။ ကျွန်တော်တို့အရင်က သက်သေပြချက်တွေ အက်ဆီယမ်တွေဟာရော ဘယ်လောက်မှန်ခဲ့သလဲ။ ဘာသာစကားထဲက အမှန်တရားကိုဘယ်လောက်ရမလဲ။ ရှေ့ကထောက်ပြခဲ့တဲ့ ဝါကျတွေ ဘယ်လောက်မှန်သလဲ။ ကားနက်(ဖ)ကြောင့် တချို့တွေအိပ်ယာက ထလာတယ်။ တချို့က အိပ်ယာနိုးလာတယ်။ ဒါပါပဲ ဗီယက်နာရှော့ ဆိုတာ။ ကားနက်(ဖ)ဟာကျမ်းတစ်စောင် တင်သွင်းခဲ့တယ်။ အဲဒါက ဘာသာဗေဒ၏ ခွဲခြမ်းစိတ်ဖြားမှုကို သုံး၍ မီတာဖစ်ဆစ်အားကန့်သတ်ခြင်း (The Elimination of Metaphysics Through Logical Analysis of Language) ပါပဲ။
ကားနက်(ဖ)ရဲ့ ကျမ်းထဲက သဘောတရားလေး နည်းနည်းလောက် ကြည့်ရအောင်ဗျာ။တကယ်လို့များ စာလုံးတစ်လုံးဖြစ်တဲ့ "W" ဟာ နည်းလမ်းနှစ်ရပ် အံဝင်ရင် အဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်မယ်တဲ့။
ပထမတစ်ချက်က "W" ကိုပေးနိုင်တဲ့ ခံစားမှုဟာ "W" ပါဝင်တဲ့ ဝါကျမှာသီးခြားရှိရမယ်။
"W" လို့ခေါ်နိုင်တဲ့အရာဟာ ဝါကျရိုးတစ်ခုထဲမှာပဲ ရှိရမယ်။
သူက (The mode of the occurrence of "W" in its elementary sentence form must be fixed.) ဆိုလိုတာက ဘယ်ဝါကျ ဘယ်စာလုံးကိုမှ မမှီခိုဘဲ "W" ဟာဘာလဲဆိုတာကို ပြောနိုင်ရမယ်။
တကယ်လို့များ အဲဒီလိုမဟုတ်ခဲ့ရင် ဒုတိယနည်းလမ်းဖြစ်သွားပြီ။ဒုတိယနည်းလမ်းက "W" ဟာ "S"ဆိုတဲ့ ဝါကျမှာ သွားပြီးဖြစ်ရင်"S" ဆိုတာကို ပြန်ကြည့်ဖို့ အချက်လေးချက်ထုတ်တယ်။
၁။ "S" လို့ ကျွန်တော်တို့ အလိုအလျောက်နားလည်ကောက်ချက်ချထားတဲ့ အဓိပ္ပါယ်တစ်ခု (ဝါ) အဓိပ္ပါယ်များကဘာလဲ
၂။ "S" ဟာ ဘယ်လိုအခြေအနေမျိုးအောက်မှာမှားပြီး ဘယ်လိုအခြေအနေမျိုးအောက်မှာ မှန်သလဲ
၃။ "S" ကို ဘယ်လို သက်သေပြမလဲ
၎။ "S" ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကဘာလဲ
ဖော်ပြထားတဲ့အချက်တွေနဲ့ "W" သွားမှီနေတဲ့ "S" ကို တိုင်းရပါဦးမယ်။"W" က လွတ်လွတ်ကျွတ်ကျွတ်မှ မဖြစ်တာပဲလေ။
ဂဏန်းနှင့်မူလအစ
ဥပမာဆိုပါတော့ ။ "Arthropod"လို့ခေါ်တဲ့ ဂဏန်းတို့ ကင်းခြေများတို့လို ခန္ဓာကိုယ်မှာ အဆစ်ဆစ် အပိုင်းပိုင်းတွေများပြီးခြေများများနဲ့ တွားသွားကောင် ဆိုပါစို့။ အရာတစ်ခုဖြစ်တဲ့ "x" သည် Arthropodဖြစ်သည် လို့ရေးရင် (The thing x is an arthropod) လို့ ရေးရမယ်။ ဒီဝါကျဟာ ဘယ်ကနေ လာသလဲ။
- xသည် တိရစ္ဆာန်တစ်ကောင်ဖြစ်သည် ( x is an animal)
- xတွင် ခြေဆစ်များရှိသည်။ (x has joined legs)
- xတွင် အဆစ်များပါသော ခန္ဓာ တစ်ခုရှိသည်။ (x has a segmented body)
အဲဒီကနေလာတယ်ပေါ့။ အပြန်အလှန်အားဖြင့်လည်း အထက်ပါ သုံးချက်ဟာ "x သည် 'Arthropod' ဖြစ်သည်"ဆိုတဲ့ ဝါကျကနေ လာပြန်ရော။ ဒါကြောင့် Arthropod ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုဟာ သတ်မှတ်ပြီးသားလို့ဆိုတယ်။ ဒါက ပထမဆုံး ကားနက်(ဖ)ပြောတဲ့ ဘာကိုမှ မမှီတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်။အကယ်၍ တစ်ယောက်က မသိရင် Arthropod ဆိုတာ ဒါကြီးဗျာလို့ ပြောလို့ရတယ်။
နောက်ထပ်တစ်ခုက အရင်းအမြစ် (Principle)လို့ခေါ်တဲ့ စကားလုံးပဲ။ သူ့မှာ သီးခြားအဓိပ္ပါယ် သတ်မှတ်မှု ရှိပြီးသား။ ဘယ်ထဲမှာမှ ထည့်မရေးရင်"Principle" ဆိုတာ ဘာပြဿနာမှ မရှိဘူး။ ဒီလိုရေးပြီဗျာ။
- x သည် y ၏ အရင်းအမြစ်ဖြစ်သည်။ (x is the principle of y) လို့ရေးရင် ကျွန်တော်တို့ နားလည်တာက y ရဲ့ဖြစ်တည်မှုဟာx ရဲ့ ကောင်းမှုကြောင့် (y exist by virtue of x) ဒါမှမဟုတ် "(y arises out of x) လို့ သိကြတယ်။
- x ရဲ့ တိုးတက်မှုဟာ y ဆိုရင် x နောက်က y ဟာ အမြဲလိုက်နေရမယ်။ဒါဆို ဒီနှစ်ခုဆက်နွယ်မှုဟာ လေ့လာတွေ့ရှိချက်ကိုမှီတဲ့ ကောက်ချက်ဖြစ်တယ်။
ဒါပေမယ့် ကျွန်တော်တို့လက်တွေ့ကျကျ မြင်ဖူးလို့ ကောက်ချက်ချတာမျိုးမဟုတ်။ မီတာဖစ်ဆစ်ကယ် သမားတွေက ဒီအရင်းအမြစ်ဆိုတာကြီးကိုအရင်ကတည်းက သဘောမတွေ့ဘူး။ ဒီဝါကျမှာ "ဆင်းသက်လာတယ်" "ပတ်သက်နေတယ်"ဆိုတာ တွေ့ရှိချက်ကို အခြေပြုထားတာ မဟုတ်ရင် မီတာဖစ်ဆစ်က ဘာပြောသလဲဆိုတော့ "အဓိပ္ပါယ်မရှိဘူး"(meaningless) တဲ့။ အဓိပ္ပါယ်ကို သွေဖယ်နေ တယ်တဲ့။ ဥပမာ၊ "ရေသည် ကမ္ဘာ၏ မူလ"(Water is the principle of the world) လို စာကြောင်းမျိုး၊ "နာမ်သဘောသည် ကမ္ဘာ၏မူလ"(The spirit is the principle of the world) လိုဟာမျိုးကို လက်မခံဘူး။ဝါကျထဲမှာ အဓိပ္ပါယ်မဲ့ စာလုံးတစ်လုံး ပါနေတယ်တဲ့။ အဲဒါ "Principle" ပဲ။ မီတာဖစ်ဆစ်ကယ်တားဆီးပေးလို့ မတတ်နိုင်ဘူး......ဒီလိုစာမျိုး..ဝါကျမျိုးဟာသူ့ဟာနဲ့သူ နေရင်တော့ အကောင်းကြီးပဲ။
မီတာဖစ်ဆစ်ကယ်သမားတေရွဲ့ရှိတဲ့အဓိပ္ပါယ်မရှိတဲ့ပုံစံမှား(ill form)တွေဟာအချိန်မရွေးပေါ်ပေါက်နိုင်တယ်
။လောဂျစ်အရ လက်မခံနိုင်တဲ့ ဖော်ပြချက..အဓိပ္ပါယ်မရှိတဲ့ ဝါကျတွေကိုမီတာဖစ်ဆစ်ကယ်တားဆီးပေးလို့ မတတ်နိုင်ဘူး.....
ဆီဇာသည် သုဒ္ဓကိန်း
နောက်ထပ် ဥပမာတစ်ခု ထပ်ပေးမယ်။ ဒီတစ်ခါတော့စကားလုံးချိတ်ဆက်မှု (word sequence)ကို အဓိကလေ့လာမယ့် ဝါကျပဲ။ ဒါလေးမပြောခင် ကြိုပြောထားချင်တာကဒီလိုစာမျိုးဟာ သာမန်လူတစ်ယောက် အတွက် ဒီလူတွေ ကြံကြံဖန်ဖန် လျှောက်ပြောနေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒီစာကို ဖတ်ဖို့အတွက် အင်္ဂလိပ်သဒ္ဒါကို နည်းနည်းလေး တီးခေါက်မိထားဖို့လိုတာအမှန်ပဲ။ ဥပမာအားဖြင့် ဝါကျ တစ်ကြောင်းကို ဓါးချက် တစ်ချက်ထဲသုံးပြီး နှစ်ပိုင်းခွဲပါဆိုရင်တော့ တစ်ပိုင်းက ကံပုဒ် (subject) နဲ့ နောက်တစ်ပိုင်းက ပြုလုပ်ခြင်းကို ဖော်ဆောင်တဲ့Predicate ပါပဲ။ ဥပမာ Mg Mg is a teacher ဆိုရင် ပထမ တစ်ပိုင်းက ကံ (subject)က မောင်မောင်ဖြစ်ပြီးဒုတိယ Predicate က "is a teacher" ပါ။ ဒါဆို ဒီဝါကျလေး တစ်ခုကို ကြည့်ပါ။
Caesar is a prime number.
ဆီဇာသည် သုဒ္ဓကိန်းတစ်ခု ဖြစ်သည် လို့ အဓိပ္ပါယ်ရတယ်။
ဒီလို ဆီဇာ သုဒ္ဓကိန်းဖြစ်သွားတာဟာ အတုအယောင်ဖော်ပြချက်“Pseudo Statement” ဖြစ်တယ်။ ဒီ အတုအယောင် ဖော်ပြချက်ဟာ အဓိပ္ပါယ်ရှိတဲ့ဝါကျတွေမှာဖြစ်လေ့ရှိတယ်။ ဒါက သဒ္ဒါဗေဒရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဖြစ်တယ်လို့ ဆိုတယ်။ဒီဝါကျ (Caesar is a prime number) မှာ ရှိတဲ့ စကားလုံးတိုင်းဟာ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေပါပဲ။ဒါပေမယ့် ဝါကျ တစ်ကြောင်းလုံးအနေနဲ့ အဓိပ္ပါယ်မရှိပြန်ဘူး။ ပြဿနာက “prime number” ဆိုတဲ့စကားလုံးပါ။ ကံပုဒ်ကို ဖြည့်စွက်ပေးတဲ့ နံပါတ်ကို ကိုယ်စားပြုစကားလုံးဖြစ်ပြီး လူများကိုဖြည့်စွက်ပေးတဲ့ လူ ကိုယ်စားပြု မဟုတ်ဘူး။ ဒီတော့ ဂရမ်မာ မှန်ရက်နဲ့ အဓိပ္ပါယ်မရှိတဲ့ ဝါကျတွေကို တားဆီးပေးလို့ မတတ်နိုင်ဘူးဆိုတာအထင်အရှား ပါပဲ။ ဒီတော့ ဝါကျတစ်ကြောင်းကို နှစ်ပိုင်းခွဲရင် (ကံပုဒ် (x) နဲ့ ကံဖြည့်စွက်(y)) Subject (x) နဲ့ Predicate (y) နှစ်အုပ်စု ကိုရမယ်။ ဒီအထိ လက်ခံတယ်။ ဒါပေမယ့်ဒီ ဂရမ်မာဟာ ဘယ်လို “Predicate” မျိုးကို လူအတွက် ဂဏန်းနံပါတ်အတွက် သုံးရမယ်လို့ သတ်မှတ်ချက်မရှိဘူး။
သဒ္ဒါရှုထောင့်ကကြည့်ရင်
ဆီဇာသည် သုဒ္ဓကိန်းတစ်ခု ဖြစ်သည် (Caesar is a prime number)
ဆီဇာသည် ဗိုလ်ချုပ်ဖြစ်သည်။(Caesar is a general)
ဆိုတဲ့ဝါကျနှစ်ကြောင်းမှာ နှစ်ကြောင်းစလုံးဟာ ပုံစံမှန် (well form)တွေ ဖြစ်တယ်။ ဒါပေမယ့်လောဂျစ် ရှုထောင့်ကကြည့်ရင် “ဆီဆာသည် သုဒ္ဓကိန်း” ဆိုတာကြီးက ပုံစံမှား (ill form) ဖြစ်သွားတယ်။လောဂျစ်ရှုထောင့်ဟာ “Predicate” ကို ဖြစ်ချင်တိုင်း ဖြစ်ခွင့်မပေးဘူး။ ဒါပေမယ့် သဘာဝဘာသာစကားကတော့ သတ်မှတ်ချက်မရှိဘူး။ ဒီတော့ မီတာဖစ်ဆစ်ကယ် တည်ဆောက်မှုဟာ သဘာဝဘာသာစကားပေါ်မှာအခြေခံပြီး တည်ဆောက်ထားတဲ့အတွက် စကားလုံး အဓိပ္ပါယ်မရှိရင်တောင် စာကြောင်းက အဓိပ္ပါယ်ရှိတယ်။ဒါပေမယ့် လောဂျစ် ဘာသာဗေဒမှာတော့ အဓိပ္ပါယ်မရှိတဲ့ ပုံစံမှား (ill form) တွေဟာ အချိန်မရွေးပေါ်ပေါက်နိုင်တယ်။
ကားနက်ဟာ နောက်ထပ် ဥပမာ တစ်ခုကို တင်ပြတယ်။ အဲဒါကတော့ Verb tobe ပါပဲ။ ကျွန်တော်တို့ဟာ “be” ကို “copula” (ကြိယာအမျိုးတူ) အဖြစ်နဲ့ သုံးပါတယ်။ ဥပမာ(I am hungry)၊ နောက်တစ်ဖန် နေရာဖြစ်တည်မှု (designate existence) အတွက်လည်း သုံးပါတယ်။ဥပမာ (I am)။ ဒါပေမယ့် အဲဒီ “I am” ဆိုတာကြီးကလည်း အဓိပ္ပါယ်ရှိတဲ့ ကံဖြည့်စွက် (Predicate) မဟုတ်ပြန်ဘူး။ ဒီ (I am) မှာ “am” က“Predicate” အနေနဲ့ မဟုတ်ဘဲ ဖြစ်တည်မှု (existence) ကသာ “predicate” ဖြစ်တယ်။
မော်ဒန်လောဂျစ်မှာတော့ဖြစ်တည်မှု (existence)ဟာ ကံဖြည့်ပုဒ် “predicate” ဖြစ်လို့မရဘူး။ ဖော်ပြချက်“statement” ဟာ “existance” ကို လက္ခဏာ (sign) နဲ့သာ ဖော်ပြတာဖြစ်လို့ လောဂျစ်အရ လက်မခံနိုင်တဲ့ဖော်ပြချက် (statement)တွေဟာ “error” တက်လာခဲ့ရတယ်။ အဲဒီလို “error” တက်နေတဲ့ ဖော်ပြချက်ဟာအတုအယောင်ဖော်ပြချက် (pseudo statement) တွေလို့ သတ်မှတ်တယ်။
ပြဿနာက သဒ္ဒါမှန်တိုင်း အဓိပ္ပါယ်ရှိတာ မဟုတ်ဘူး။အဓိပ္ပါယ်ရှိမရှိ ဆိုတာကို အတွေ့အကြုံလောဂျစ်နဲ့ ချိန်ဆ ရတယ်။ ပြဿနာကို ဖြေရှင်းပေးမယ့်အတွေ့အကြုံလောဂျစ် ဆိုတာကရော ဘယ်လောက်မှန်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်တူမလဲ။ ရေးသူနဲ့ဖတ်သူများစွာတွေရဲ့ အတွေ့အကြုံက ဘယ်လောက်အံဝင်ခွင်ကျ ဖြစ်မလဲ။
နောက်ထပ် ဥပမာတစ်ခု ထပ်ပေးတယ်။အဲဒါက “နာမ်” ကိစ္စ။
ဝါကျ (၁).... ငါတို့ ဘာမှမသိဘူး (We know the Nothing)
ဝါကျ (2) .......ငါတို့ မိုးကိုသိတယ် (We know the Rain)
ဝါကျ (၁) သည် ပုံစံမှာ (ill form) ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ “Nothing” ကို သူက နာမ်အဖြစ် အသုံးပြုခဲ့လို့ပဲဖြစ်တယ်။ “Nothing”ကို ပုံစံမှန်သဒ္ဒါနဲ့ ဘာသာစကားမှာ နာမ်ဟူ၍ လက်မခံပါ။ ထို့အတူ ကံပုဒ်ဖြည့်စွက်Predicate အဖြစ်လည်း လက်မခံပါ။ ဖြစ်သင့်တာက “there is nothing which is outside” (အပြင်ဘက်၌မည်သည့်အရာမှ ရှိမနေပါ) ပဲဖြစ်ရမယ်။ ဒါပေမယ့် “The Nothing” ဆိုတာကြီးကို နာမ်(noun)အဖြစ်ရော၊ ကံပုဒ်ဖြည့်စွက် “Predicate” အနေနဲ့ ရောသုံးတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ဒါကြောင့် ကားနက်(ဖ)ဟာ ဒီလိုကိစ္စကို ရောထွေး(ဝါ)ရှုပ်ထွေးစေသော အမျိုးအစား (Type of confusion)လို့ သုံးခဲ့တယ်။ မီတာဖစ်ဆစ်ကယ် ကဗျာသမားတွေဟာ သီအိုရီတွေကို ကြားခံ မီဒီယံ(Medium) အဖြစ်သုံးပြီး အနုပညာကို သိပ္ပံပညာနဲ့ ရှုပ်ထွေးစေတယ် လို့ ကားနက်(ဖ)က စွပ်စွဲပါတယ်။အဲဒီလို ရှုပ်ထွေးစေတဲ့ အတွက်ကြောင့် အရည်အသွေးမပြည့်တဲ့၊ကျေနပ်စရာ မကောင်းတဲ့ အနုပညာတွေ ပေါ်ထွက်လာတယ်လို့ ဆိုတယ်။ ကားနက်(ဖ)က“Meta physicians are musicians without musical ability” လို့ ပြောခဲ့တယ်။ မီတာဖစ်ဆစ်ကယ်သမားတွေဟာဂီတ အရည်အသွေးမရှိဘဲ ဂီတဆရာ လုပ်နေသူတွေရယ်လို့ စွပ်စွဲပါတယ်။ အဓိက သူတိုက်ခိုက်သွားတာကတော့လားရစ်ကဗျာ (Lyrical Poetry)ပါပဲ။ ရူဒေါ့(ဖ) ကားနက်(ဖ)ရဲ့ တင်ပြမှုဟာ ဘာသာဗေဒလောကကြီးကိုတစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါတယ်။ နောက်တော့ ဘာလင်အဝန်း (The Berlin Circle) တို့လိုနောက်ဆက်တွဲတွေ ပေါ်လာတယ်။ ကွန်ဂရက်တွေများစွာ လုပ်ခဲ့တယ်။
အရေးပါတဲ့ ကွန်ဂရက်တွေကတော့
- ပရက်(ဂ)(၁၉၂၉၊ ၁၉၃၄)
- ကိုပင်ဟေဂင်(၁၉၃၆)
- ကင်းဘရစ်(ခ်ျ)၊ယူကေ (၁၉၃၈)
- ကင်းဘရစ်(ခ်ျ)၊ယူအက်(စ) (၁၉၃၉) တွေဖြစ်တယ်။
ပြီးတော့ ဗီယက်နာအဝန်းက စာအုပ်ဆယ်အုပ်လောက်ကိုထုတ်ဝေခဲ့တယ်လို့ ဆိုတယ်။ အနှစ်ချုပ်လိုက်ရင် သဒ္ဒါဟာ ဝါကျအမှန်အမှားကို မဆုံးဖြတ်နိုင်ဘူး။လောဂျစ်အရ တွေးခေါ်မှ မှန်မယ်။ ဒီလောဂျစ်တွေးခေါ်မှုရဲ့ အရင်းအမြစ်ဆိုတာ အတွေ့အကြုံလား(ဒါမှမဟုတ်) ဆင့်ပွားကောက်ချက်လား ဆိုတာ ချိန်ဆရမယ်။
ဒီအချက်တွေဟာ အယ်(လ)ကဗျာသမားတွေကိုလှုပ်ခတ်စေတဲ့ အချက်တွေဖြစ်တယ်။
ဒီတော့ ကျွန်တော်တို့ဟာ အယ်(လ)ပီကို လေ့လာမယ်ဆိုရင်သူတို့အဓိကဆန့်ကျင်တဲ့ မီတာဖစ်ဆစ်ကယ် ကဗျာလောကကို သိဖို့လိုကိုလိုတယ်။ သူတို့ဆီမှာမီတာဖစ်ဆစ်ကယ်(John Done) ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။ Self Center-လားရစ်ကဗျာဟန် ဆိုတာကို သိဖို့လိုတယ်။
ကျွန်တော်တို့ဆီမှာ ရေခဲရေ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်..
သူတို့ဆီမှာကွန်ဖက်ရှင်းနစ် ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်.
ကျွန်တော်တို့ဆီမှာဒူးယားအစီခံစီးကရက် ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်.
သူတို့ဆီမှာမီတာဖစ်ဆစ်ကယ်(John Done) ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။
ရေးသားသူ ဇော်ဇော်ထွန်း ။ ။

![Photo: ကုသိနာရုံမှ သီဟိုဠ် သီဟိုဠ် မှ မြန်မာသို. ၎
ဗုဒ္ဓရဲ.လက်ဝဲအောက် စွယ်တော်ဆိုရင် ကျမ်းဂန်အရ ချိတ်သွေးရေင်ြလို ထွေးထွေး နီမြန်းနေတယ်။ တချိုနေရာမှာ မြတ်လေးရုံအဆင်းလို အတန်ငယ်ဖြူရောင်ရှိနေတယ်လို. ဆိုပါတယ်။ မြန်မာ.သမိုင်းမှာ စွယ်တော်နဲ. ပတ်သက်လို. မှတ်တမ်းတင်တာလည်း မရှိသလောက်ပါဘဲ။ နေစွဲသက္ကရာဇ် မှတ်တမ်းအရာမှလည်း ရာဇ၀င်အစောင်စောင် လွဲနေတာတွေရှိပါတယ်။ စွယ်တော် အကြာင်းရေးတာမဟုတ်လို. အပြည်.အစုံတင်ခဲ.တဲ.မှတ်တမ်းလည်းမရှိခဲ.ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သီဟိုဠ်ကနေ ဘုရင်.နောင်ဆီကို စွယ်တော်တဆူရောက်လာခဲ.တာကတော. ငြင်းလို.မရပါဘူး။ ပြဿနာက အဲဒီစွယ်တော် အစစ်ဟုတ်ရဲ.လားဆိုတဲ.ပြဿပါဘဲ။
သီဟိုဠ်ကလည်းသူ.မှာရှိတဲ.စွယ်တော်က အစစ်လို.ဆိုပါတယ်။ စွယ်တော်ကို ထိန်းသိမ်းစောင်.ရှောက်နိုင်သူသာ သီဟိုဠ်ကို အုပ်ချုပ်နိုင်တယ်ဆိုတဲ. နိုင်ငံရေးယုံကြည်မှုမျိုးရှိတာကြောင်. ဘယ်မင်းမှ စွယ်တော်အစစ်ကို ပေးမှာမဟုတ်ဘူးလို. ဆင်ခြင်တွေးတောရင် ဒါယုတ္တိမလွန်တာတော.အမှန်ပါဘဲ။ ဒါပေမယ်. ဘုရင်.နောင်ကို စွယ်တော်ဆက်သလိုက်တဲ.ဘုရင်ဟာ ရိုမန်ကက်သလစ်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုတာ မေ.ထားလို. မရပြန်ပါဘူး။ သူ.မှာ ဘုရင်.နောင်ဆီက ငွေကြေး အထောက်အပံ.၊ စစ်ရေးအထောက်အပံ. လိုနေတယ်ဆိုတာလည်း ထည်.စဉ်းစားကြရပါမယ်။ နန်းရင်းဝန်ချုပ်ဟာ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဘုရင်တပါးရဲ.လက်ထဲမှာပဲ ဗုဒ္ဓရဲ. စွယ်တော်ကိုထားချင်မှာ။ ခရစ်ယန်ဘာသာဝင် ဘုရင်ရဲ.လက်ထဲမှာ စွယ်တော်အစစ်ကို ထားချင်မှာမဟုတ်ဘူးဆိုတာ လွယ်လွယ်နဲ. သဘောပေါက်နိုင်တဲ. အချက်ဖြစ်နေပြန်တယ်။ နောက်ဆုံး သူ.ဆီ ငါ.ဆီ ရှိတဲ. ဗုဒ္ဓရဲ.စွယ်တော်ကိုသာ စစ်မစစ်အငြင်းနေကြတာ။ သပိတ်တော်ကိုတော. စစ်မစစ်အငြင်းမပွားကြဘူးလို. ဒေက်တာ ထင်အောင်ကထောက်ပြပါတယ်။
မှန်နန်းရာဇ၀င် မှာ သီရီဇေယျနော်ရထာက ဘုရင်နောင်ကို ဘုရားဘေးလောင်းတော် အနော်ရထာစော လက်ထက်တော်၌လည်း လက်ဆောင်တော်ပြု၍ ရဟန္တာမြတ်ရှင် အရဟံနှင်. တကွတောင်းသောအခါလည်း စွယ်တော်အစစ်ကိုမရ။ စွယ်တော်ပွားကိုသာ ရချေသည်။ ဘေးလောင်းတော် အလောင်းစည်သူလက်ထက်တော်၌လည်း တရုပ်ပြည်မှာ ကိုယ်တော်တိုင် ချီ၍တောင်းတော်မူသည်။ စွယ်တော်စစ်ကိုထား၍၊ စွယ်တော်ပွားကိုမျှမရချေ။ ယခုမူကား ဘန်းတန်ခိုးလွန်ကဲလှသောကြောင်. တောင်းတော် မမူရ။ လွယ်ကာသာ ဆက်ရောက်လာပေသည် လို. လျှောက်ထားကြောင်း ဖတ်ရဖူးပါသည်။
အရေးတော်ပုံကျမ်းမှာတော. သီဟိုဠ် ဘုရင်က သပိတ်တော် [ ကျောက်သပိတ်တော်] ကိုပို. စစ်ကူတောင်းပါသတဲ.။ ဘုရင်.နောင်က သင်္ဘောငါးစင်း စစ်ကူပို.ပါသတဲ. ။ စစ်ကူရောက်တာနဲ. စွယ်တော်ပွားကို သင်္ဘော တစင်းနဲ. ပို.ပါသတဲ.။ [အဲဒိ စွယ်တော်ပွားကို မှန်နန်းမှာ ... ပတ္တမြားစေတီကို ရွှေစေတီမျီု၊ ရွှေစေတီကို မိုးကြိုးစေတီမျိုသည်။ မိုးကြိုးစေတီကို ငွေစေတီမျိုသည်။ ငွေစေတီကို၊ ကြေးစေတီမျုသည်။ စွယ်တော်ပွားတဆူကိုလည်း ပတ္တမြားစေတီတွင် ထည်.တော်မူသည်။ လို. ပဲခူးမဟာစေတီမှာ ဌာပနာမူတဲ.အကြောင်း တွေ.ရပါတယ်။] အရေးကိစ္စပြီးပြေအောင်နိုင်တဲ. အခါမှာတော. စွယ်တော်စစ်ကို သင်္ဘောသုံးစင်းနဲ. ပိုလိုက်တယ်လို.ဆိုပါတယ်။
ဒါတွေကိုထောက်ပြန်တော. သီဟိုဠ်ကိုသာ ဗုဒ္ဓရဲ.စွယ်တော်ရောက်ရိုးမှန်ရင် အဲဒိစွယ်တော်ဟာ စစ်ကိုင်းက ကောင်းမှုတော်စေတီတော်ကြီးမှာ ကိန်းဝပ်စံပယ်တော်မူနေပြီလို.ကိန်းသေပြောရတော.မလိုပါဘဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ. ။ မန္တလေး စစ်ကိုင်းဘက်ရောက်ရင် ကောင်းမှုတော်စေတီကိုတော. သွားဖူးလိုက်ကြပါဦး။ ကျနော်တော. ဒီတခေါက်မုံရွာအပြန် ကောင်းမှုတော်သေတီတော်ကြီးကို ၀င်ဖူးပါတယ်။ ထိုင်ပြီး ၀တ်ပြုဦးတိုက်တယ်ဆိုရင်ပဲ စေတီမှာ ဌာပနာထားတော်မူတဲ. စွယ်တော်ဟာ အစစ်လား၊ အပွားလား ကျနော်.အတွက် အရေးမပါတော.ပါဘူး။ အရှေ.တောင်အာရှ နဲ. တောင်အာရှမှာ မြန်မာတွေ ခေါင်းထောင် ခေါင်းမော. ရင်ကော.နိုင်ခဲ.တဲ.သမိုင်းဟာ အာရုံထဲမှာ တလက်လက် တဖျပ်ဖျပ် ထွန်းပလာပါတယ်။ ဒုတိယအကြိမ် ကျနော်ဦးတိုက်လိုက်ချိန်မှာတော. ခေါင်းလောင်းထိုးသံလွင်လွင်ကို ကျက်သရေ ရှိစွာကျနော်ကြားလိုက်ရပါတယ်။ အဲဒိခေါင်းလောင်းထိုးသံနဲ.အတူ သီရီဇေယျနော်ရထာက ဘုရင်နောင်ကို လျှောက်ထားခဲ.တဲ. စကားကိုလည်းကျနော်ပြန်ကြားယောင်လာပါတယ်။ "တောင်းတော်မမူရ လွယ်ကာသာ ဆက်ရောက်လာပေသည်" လို. သီရီဇေယျနော်ရထာက အဆုံးသတ်လိုက်ချိန်မှာတော. တတိယအကြိမ် ကျနော် ၀ပ်ပျဦးတိုက်နေပါပြီ ။ ကျနော်ရင်ထဲ ပီတိအဟုန်ဟာ လှိုင်းတံပိုးတွေလိုလှိမ်.လှိမ်.တက်လာပါတယ်။ ဒီပီတိကတော. တခြားမဟုတ်ပါဘူး။ အ မျီုး သား ဇာ တိ မန် နဲ. ဖူး ရ ခြင်း ဆို တဲ. ပီ တိ ပါ ပဲ ။ ။
ပြီးပါပြီ ။ ။](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/p480x480/255451_403929883000131_1817799918_n.jpg)
![Photo: ကုသီနာရုံမှ သီဟိုဠ် ၊ သီဟိုဠ်မှ မြန်မာသို. ၃
ဒါအပြင် နန်းရင်းဝန်ချုပ်နဲ. ဘုရင်ရဲ.ဆက်ဆံရေးဟာလည်း ရာထူးခံ ဆက်ဆံရေးမျှသာမက ပုဂ္ဂိုလ်ရေးဆက်ဆံရေးအထိ နက်ရှိုင်းနေလိုပါဘဲ။ နန်းရင်းဝန်ချုပ်ရဲ.သမီတော်ကို မင်းသမီတပါးအဖြစ် ဘုရင်ကမွေးစားချီးမြှောက်ထားပါတယ်။
ဒီအချိန်မှာ ဘုရင်.နောင်ရဲ.သာသနာရေးစွမ်းဆောင်ရည်နဲ. တိုက်ရည်ခိုက်ရည်တို.ဟာ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ကျော်ဇောကိတ္တိကြီးမားနေပြီလည်း ဖြစ်တယ်။ မြန်မာနိုင်ငံဟာ စစ်ရေး၊ စီးပွားရေး ၊ အားကောင်းပြီး သာသနာထွန်းကားတဲ. အပြည်ပြည်ကလေးစားခန်.ညားရတဲ. နိုင်ငံဖြစ်နေပါတယ်။ သံတမန်ဆက်ဆံရေးအရ ရင်းနှိးချစ်ခင်မှုကိုထူထောင်နိုင်တဲ.အခါ နန်းရင်းဝန်ကြီးချုပ်က ဘရင်.နောင်အပါ် လေးစားယုံကြည်လာတယ်ဆိုတဲ. အချက်ဟာ သမိုင်းဆိုင်ရာ ယုတ္တိရေးရာအရ ခိုင်လုံလာပါတယ်။ ဒါကြောင်.လည်း ဒေါက်တာထင်အောင်က နန်းရင်းဝန်ချုပ်ကြီးဟာ သူ.ဘုရင် ခရစ်ယန်ဘာသာဖြစ်နေတဲ.အတွက် စိတ်မချမ်းသာဘူး။ ဒါပေမယ်. ပုဂ္ဂိုလ်ရေးခင်မင်မှုအရလည်း သံယောဇဉ်ကရှိ။ တခါ ဘုရင်.နောင်ကိုလည်း ဗုဒ္ဓဘာသာမင်းတပါးအနေနဲ. လေးစား။ ဒီလိုစိတ်ပဋိ ပက္ခ ရှိနေခဲ.ပုံရတယ်လို. ရေးခဲ.ပါတယ်။
နောက်ပိုင်း ကန္ဒီဘုရင်က တခြားသူပုန်တွေနဲ.ပေါင်းပြီးကိုလံဘိုကိုသိမ်းတဲ.အခါ ကောတီဘုရင်နဲ. နန်းရင်းဝန်ချုပ်တို.က ဘုရင်.နောင်ကို စစ်ကူလှမ်းတောင်းပါတယ်။ ဘုရင်.နောင်ကလည်း အကောင်းဆုံးတပ်တွေကိုပို.ပြီး သီဟိုဠ် အရးမှာ ကောတီဘုရင်ဘက်က ၀င်တိုက်ပေးပါတယ်။ အရေးပြီဆုံးတော. ဘုရင်နဲ. နန်းရင်းဝန်ချုပ်တို.က ကျေးဇူးဥပကာယတင်သောအားဖြင်. ဘုရင်.နောင်ကို စွယ်တော် ၊ သပိတ်တော်တို.နှင်.အတူ နန်းရင်းဝန်ချုပ်ရဲ.သမီး ဘုရင်.ရဲ.မွေးစားသမီတော်ကို ဆက်သပါတယ်။ [ ဘုရင်.နောင်ကိုဆက်သတဲ.စာရင်း ပေမူ ရန်ကုန်တက္ကသိုလ်တွင်ရှိပါသည်။]
နောင်မှာ ကန္ဒီဘုရင်ကလည်း ဘုရင်.နောင်ဆီကို သံတဖွဲ.သေလွှတ်ပြီး ကောတီဘုရင်ကဆက်သတဲ. စွယ်တော်ဟာ အစစ်မဟုတ်ဘဲ အပွားသာ ဖြစ်တဲ.အကြောင်း ၊ သူ.ဆီမှာသာ အစစ်ရှိကြောင်းနဲ. စွယ်တော်အစစ်ကိုရောင်းလိုပါကြောင်း ကမ်းလှမ်းပါသေးတယ်။ ဘုရင်.နောင်က သံအဖွဲ.ကို လက်ခံတွေဖို. ငြင်းဆိုပါတယ်။ ကန္ဒီဘုရင်ဟာ သီဟိုဠ် ဘုရင်အစစ်မဟုတ်ဘူး။ ဗုဒ္ဓဘာသာစစ်စစ်လည်း မဟုတ်ဘူးဆိုတဲ. အကြောင်းပြချက်နဲ. မတွေ.တာပါ။ ဒီတော. ကန္ဒီဘုရင်ကလည်း စွယ်တော်စေတီတဆူတည်းပြီး အဲဒိစေတီအနီး စွယ်တော်တိုက်မှာ သူအစစ်ပါလို.ပြောတဲ. ဗုဒ္ဓစွယ်တော်ကိုပြထားပါတယ်။ အဲဒီစွယ်တော်ကို မြန်မ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဖူးမြင်ဖူးပါတယ်။ ဆင်စွယ်ပါ လို. သူ.ရဲ.နယ်လှည်.ရာဇ၀င်မှာ ဒေါက်တာသန်းဖွန်းရေးတာဖတ်ဖူးပါတယ်။
အဲဒိ သီဟိုဠ်ကဆက်သတဲ. စွယ်တော်အစစ်ကို ဘုရင်.နောင်က ပဲခူးမှာကိုးကွယ်ပါတယ်။ နောင် နတ်သျှင်နောင်က တော်ငူပင်.ပြီကိုးကွယ်ပြန်ပါတယ်။ အနော်ဖက်လွန်မင်း လက်ထက်မှာတော. အင်းဝကို.ပင်.ပါတယ်။ သာလွန်မင်းလက်ထက်ရောက်မှ အဖိုးဘုရင်.နောင်နဲ. အကို အနောက်လွန်တို.ရဲ. ဂုဏ်ကျေးဇူးကို ဖြည်.ဆည်းသောအားဖြင်. စေတီကြီးတဆူတည်ပြီး စွယ်တော်ကိုဌာပနာပါတယ်။ အဲဒီ စေတီပုံအတွက် အဖွဲ.တဖွဲ.ကို သီဟိုဠ်အနုရာဓပူရလွှတ်ပြီးပုံယူပါတယ်။ အဲဒိ စေတီကြီးကတော. ယခုစစ်ကိုင်းက ကောင်းမှုတော် စေတီကြီးပါပဲ။ အများမြင်တဲ. သားမြတ်ပုံ မဟုတ်ပါဘူး။ စပါးစုပုံဖြစ်ပါတယ်။။ ။။
ဆက်လက်ဖော်ပြပါမည်။ ။](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/p480x480/574489_402468089812977_1091545658_n.jpg)
![Photo: ကုသီနာရုံမှ သီဟိုဠ် ၊ သီဟိဠ်မှ မြန်မာသို. [ဒုတိယပိုင်း]
ဂိုအာဘုရင်ခံကလည်း သူ.ဘဏ္ဍာတိုက်ဖြည်.ဆည်းဖို.အတွက် မြန်မာဘုရင်ရဲ. ကမ်းလှမ်းချက်ကို သိပ်စိတ်ဝင်စားပါတယ်။ ဒါပေမယ်. ဂိုအာက ခရစ်ယန်ဂိုဏ်းချုပ် ဘုန်းတော်ကြီးကတော. စွယ်တော်ကို မရောင်းချင်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ. စွယ်တောင်မှပဲ ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ. အင်အား အစွမ်းကို မခံနိုင်ပေဘူးဆိုတာ သီဟိုဠ်နဲ. အရှေ.တောင်အာရှနိုင်ငံသားတွေကို ဂိုဏ်းချုပ်ကြီးကပြသချင်ပါတယ်။ ပေါ်တူဂီစစ်ဗိုလ်တွေကတော. ဘုရင်ခံကို ထောက်ခံကြပေတာပေါ.။ အုပ်ချုပ်မှုကောင်စီမှာ မဲခွဲတော. ဂိုဏ်ချုပ်ဘန်းတော်ကြီး ရှုံးပါတယ်။ သူက ဂိုအာ ဘုရင်ခံကို လောဘကြီးသတဲ. ။ စွပ်စွဲပါတယ်။ ဘာသာရေးအရ ကျဉ်မယ်လို.လည်းခြိမ်းခြောက်ပါသေးတယ်။ နောက်တနေ. နံနက်ရောက်တော. မြို.တော်ရဲ.အလယ်ခေါင်၊ ခရစ်ယန်ဘုရားကျောင်းကြီးရဲ.ရှေ. ၊လူသူအများရှ.မှောက်မှာ ဂိုဏ်းချုပ်ကြီးက စွယ်တော်ကို မြှောက်မပြသပြီး စိစိညက်ညက်ကျေအောင် ထုချေပစ်လိုက်ပါတော.တယ်။ အဲဒိ လူအုပ်ကြီးထဲမှာ မြန်မာ အ၀ယ်တော် အဖွဲ.၀င်တွေလည်းရှိပါတယ်။ ဒါပေမယ်. မြန်မာတွေရဲ.စိတ်ထဲမှာ ထိထိခိုက်ခိုက်မရှိလှပါဘူး။ အကြောင်းကတော. ကော.တီနန်းရင်းဝန်ချုပ်ဆီက သတင်းစကားကို သူတို.ရပြီးဖြစ်လို.ပါ။ သတင်းစကားက ဒီလိုပါ ။
စွယ်တော်ကို နေ.စဉ်ထိန်းသိမ်းစောင်.ရှောက်ရတဲ. ဆရာတော်ကြီးဟာ သူခိုးသူဝှက် အန္တရာယ်က ကာကွယ်ဖို. စွယ်တော်ပွားတဆူကို စီမံထားပါသတဲ။ ဓမ္မပါလရဲ.အထိန်းတော် အမတ်ကြီးယူသွားခဲ.တာ အဲဒိစွယ်တော်ပွားပါ။ အစစ်ကသီဟိုဠ်မှာဆက်ရှိပါသေးတယ်လို.နန်းရင်းဝန်ချုပ်က မြန်မာတွေစွယ်တော်အ၀ယ်သွားမှန်းသိတော.အကြောင်းကြားတာပါ။ တဆက်တည်း စွယ်တော်အစစ်ကိုလာရောက်ဖူးမျှော်ဖို.လည်းဖိတ်ကြားလိုက်ပါတယ်။
ဒါနဲ. မြန်မာအ၀ယ်တော်အဖွဲ.ဟာ ကော.တီကို ခရီးဆက်သွားပါတယ်။ ကော.တီဘုရင်နဲ.သာမက နေ.စဉ်နိုင်ရဲ. အရေးကိစ္စတွေကို စီမံခန်.ခွဲနေတဲ. နန်းရင်းဝန်ချုပ်ကြီးနဲ.လည်း မိတ်ဆွေရင်းချာ ဆက်ဆံရေးကိုထူထောင်နိုင်ခဲ.ပါတယ်။ အဲဒိနောက် ဘုရင်.နောင်က ကော.တီဘုရင်ကို သီဟိုဠ်ရဲ.မင်းအဖြစ်တရားဝင် အသိမှတ်ပြုပြီး လက်ဆောင်ပဏ္ဏာနဲ.တကွ သံအဖွဲ.ကို စေလွတ်ပါတယ်။ မဟာမိတ်ဖွဲ.ကြပါတယ်။
သီဟိုဠ်နဲ.ဆက်ဆံရေးဟာ ဘုရင်နဲ.ဆက်ဆံရေးသာမက နန်းရင်းဝန်ချုပ်နဲ. ဆက်ဆံရေးဟာလည်း အရေးကြီးပါတယ်။ ဘာကြောင်.လည်းဆိုတော. ဘုရင်က ခရစ်ယန်ဖြစ်ပြီး နန်းရင်းဝန်ချုပ်က ဗုဒ္ဓဘာသာဖြစ်နေလိုပါပဲ။
ဆက်လက်ဖော်ပြပါမည် ။](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc1/p480x480/377070_401773126549140_1657895880_n.jpg)
![Photo: ကုသိနာရုံမှ သီဟို၊ သီဟိုမှ မြန်မာသို.
ရှင်သာရိပုတ္တရာ နဲ. ရှင်မောဂ္ဂလန်တို. ပရိနိဗ္ဂာန်စံတော်မူကြတဲ.အခါ ဘုရားရှင်ကိုယ်တိုင်က ရှင်သာရပုတ္တရာရဲ. ဓာတ်တော်တွေကို သာဝတ္ထိပြည်မှာ။ ရှင်မောဂ္ဂလန်ရဲ.ဓာတ်တော်တွေကို ရာဇဂြိုလ်ပြည်ဝေဠုဝန်ကျော်းတော် တံခါးမုခ်ဝမှာစေတီတည်စေတော်မူတယ်လို. ဆိုပါတယ်။
ဒီဓာတ်တော်ကို လန်ဒန်မြို.က ၀ိတိုရိယနဲ. အဲလ်ဘတ်ပြတိုက်တွေမှာ သိမ်းဆည်းထားခဲ.ဖူးပြီး သီဟိုဠ်[ယခု သီရိလင်္ကာ] ကတဆင်. အိန္ဒိယကိုပြန်ပို.စေတီတည် ဌာပနာပါတယ်။ အဲ.ဒိတုန်းက မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဦးနုလည်း အဲ.ဒိဌာပနာပွဲကိုတက်ရောက်ခဲ.ပါသေးတယ်။
မြတ်စွာဘုရား ပရိနိဗ္ဂာန်စံလွန်တော်မူတော.လည်း ဘုရားရဲ.ဓာတ်တော်တွေကို ဆယ်ပုံပုံပြီး ဘုရားရှင် သီတင်းတော်မူခဲ.ဖူးတဲ. တိုင်းပြည်အရပ်ရပ်ကမင်းတွေကို ပေးအပ်ခဲ.တယ်လို. ဆိုပါတယ်။ ဒီဓာတ်တော်တွေကိုလည်း ဌာပနာ စေတီတည်ကြတာပါပဲ။ ဒီကစလို. စေတီနဲ. ဓာတ်တော်တွေကို ကိုးကွယ်တဲ.အလေ. ဖြစ်ပေါ်လာခဲ.တယ်လို. အနောက်တိုင်း ဗုဒ္ဓဘာသာ ပညာရှင်တချို.က ဆိုကြပါတယ်။
အဲဒိ တည်ခဲ.တဲ.စေတီတွေအနက် တချို.အနည်းငယ်ကိုပဲ ခေတ်သစ်သမိုင်းပညာအရ အထောက်အထားအခိုင်အလုံနဲ. ဖော်ထုတ်လို.ရပြီး အများစုကတော. ဆိုင်ရာစေတီဘုရားသမိုင်းအရပဲ ဒီဘုရားမှာဖြင်.စွယ်တော်၊ ဓာတ်တော်တွေကို ဌာပနာထားခဲ.တယ်လို.သိရတာမျိုးဖြစ်ပါတယ်။ အထောက်အထားအခိုင်အလုံနဲ. ပြောလိုရနိုင်တာမျိုးက ရှားပါတယ်။
အဲဒိ ဓာတ်တော်အံတော်တွေအနက် လက်ဝဲအောက်စွယ်တော်က မြန်မာပြည်နဲ.ပတ်သက်လာပါတယ်။ ဒီလိုပါ။
ဘုရားရှင်ရဲ. စွယ်တော်လေးဆူအနက် လက်ဝဲအောက်စွယ်တော်မြတ်ကို ရှင်သာရိပုတ္တရာရဲ.တပည်. ခေမာ အမည်ရှိရဟန္တာအရှင်မြတ်က အလောင်းတော် တေဇောဓာတ်လောင်ကျွမ်းနေခိုက် တန်ခိုးနဲ.ယူဆောင်ပြီး ကလိင်္ဂတိုင်း ၊ ဒန္တပူရပြည်.ရှင် ဘုရင်ဗြဟ္မဒတ်မင်းကို ဆက်ုသခဲ.ပါတယ်။ အဲ.ဒိနောက် ကလိင်္ဂရာဇာမင်း ၊ အဲဒိမင်းရဲ.သားသုနန္ဒာ ၊ နောက် ဂဟသီဝမင်း ၊ အဲဒိကတဆင်. ပါဋ္ဋလိပုတ်ပြည် ပဏ္ဍုရာဇာမင်းဆီရောက်၊ တခါ ပဏ္ဍုရဇာမင်းက ပြန်အပ်လို. ဂုဟသီဝမင်းပြန်ရောက်ပါတယ်။ ဒီမင်းမှာ ဟေမမာလာဆိုတဲ. သသမီတော်တပါရှိပါတယ်။ သူနဲ. ဥဇ္ဖေနီပြည်ရှင်မင်းကြီးရဲ.သားတော် ဒန္တကုမာရတို.လက်ကြပါတယ်။ သူတို.နှစ်ရောက်က စွယ်တော်ကို သီဟိုဠ်ကိုပင်.သွားကြပြီး မဟာသေနမင်းရဲ.သား ကိတ္တိသီရိမေဂလက်ကို အပ်လိုက်ရာက နောင်မှာ သီဟိုဠ်စွယ်တော်ရယ်လို. လူသိများထင်ရှားလာခဲ.တာပါပဲ။
မြန်မာပြည်မှာ စွယ်တော်အစစ်ရှိတယ်လို. ပညာရှင်တချို.က ပြောဆိုကြတဲ.စွယ်တော်ဟာ မြတ်စွာဘုရားသခင်ရဲ.လက်ဝဲအောက်စွယ်တော်ဖြစ်တဲ. အဲဒိ သီဟိုဠ်စွယ်တော်ကိုရည်ညွန်းပြောဆိုကြတာဖြစ်ပါတယ်။
သီဟိုဠ်စွယ်တော်နဲ. မြန်မာတို.ဆက်စပ်လာမိပုံကိုပြောရရင် ဆင်ဖြူများရှင်မင်းတရာကြီးလို.မြန်မာ.သမိုင်းစာအုပ်များမှာ အမည်တွင်တဲ. ဘုရင်.နော်က စရမှာပါ။ ဘုရင်.နောင်က တပင်ရွှေထီးကိုဆက်ခံပါတယ်။ တပင်ရွှေထီးက ဘာသာရေးကိုသိပ်စိတ်မ၀င်စားလှပေမယ်. ဘုရင်.နောင်ကတော. အနော်ရထာ၊ ကျန်စစ်သား မင်းများလက်ထက်ကလို အရှေ.တောင်အာရှမှာ ထေရ၀ါရဗုဒ္ဓသာသနာပြန်.ပွားဖို. သူ.တာဝန်ရယ်လို. သဘောထားခဲ.တဲ.မင်း ဖြစ်ပါတယ်။ "ယခု မိုးနဲစော်ဘွား ငယ်သည် အတတ်အလိမ္မာ အမြော်မြင်မရှိ၍ မှားငြားသော်လည်း ငါဘုရားဆုကိုတောင်းတော်မူသော မင်ဧကရဇ်ဖြစ်တော်မူသည်။ မိုးနဲစော်ဘွား စည်းစိမ်အသက်ကိုဖျက်ဆီတော်မမူပြီ။ မှာငြားသော်လည်း ငါခွင်.လွတ်သည်။" လို.မှန်နန်းမှာရေးခဲ.သလို သူ.ကိုယ်သူ ဘုရားဆုပန်တဲ. မင်းဧကရဇ်ရယ်လို.ညွန်းဆိုလေ.ရှိတဲ. မင်းလည်းဖြစ်ပါတယ်။ စစ်ကာလမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းတဲ.ကာလမှာပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်ဒေသတွေကို သွားတဲ.အခါတိုင်း ဘုရားတည် ကျောင်းဆောက်လေ.ရှိတဲ. မင်းလည်းဖြစ်ပါတယ်။
စစ်ရေးကိစ္စစဉ်းစားရာမှာတောင် သာသနာအကြောင်းပြစဉ်းစားလေ.ရှိတဲ. မင်းလည်းဖြစ်ပါတယ်။ သက္ကရာဇ် ၉၂၅ ခုနှစ် ယိုးဒယား{ထိုင်း}ကို ချိတက်တိုက်ခိုက်တဲ.အခါ " စည်းစိမ်မပျက် အသက်မသေရှိပါမည်.အကြောင်းကို ခွင်.ပြုတော်မူပါ။ ကျွန်ုပ်သစ္စာတော်ကိုခံ၍ ခြေတော်ရင်းမှာနေပါမည်။ ကျွန်ုပ်သား ဗြမဟိန်ကိုမူကား ယိုးဒားမြို.ကို သနားတော်မူ၍ အစဉ်မပျက် မင်းပြုပါစေ" လို. ယိုးဒယားဘုရင်က လျှောက်ထား လက်နက်ချပါတယ်။ ဒိတော. ဘုရင်.နောင်က ယိုးဒယား မြို.ကိုလည်း သာသနာတော်မြတ် တည်နေရာဖြစ်၍ ဘုရား၊ ဂူ၊ ကျောင်း၊ အရိယာသံဃာများရှိသည်။ ထို အရယာသံဃာတို.သည် ယိုးဒယားမြို.ကို ငါဝန်းရံတော်မူသည်မှစ၍ အလွန်ကျဉ်းမြောင်းလှပေသည်။ ယင်းသို.ဖြစ်သောကြောင်. ယိုးဒယားမင်းက လျှောက်လာသည်.အတိုင်း ငါခွင်.ပြုတော်မူမည် ကြံသည်။ ပသို.ထင်ကြသနည်း ဟု ညီတော် ၊ သားတော်၊ မှုးတော် ၊မတ်တော်အပေါင်းကို တိုင်ပင်ခဲ.တဲ. စကါးလည်း စာတင်ထားတာရှိပါတယ်။ ဒါကြောင်. သီဟိုဠ်ဘုရင်ဆီမှာ ထိမ်းသိမ်းထားတဲ. ဗုဒ္ဓရဲ.စွယ်တော်၊ သပိတ်တော် တိုကို ပျက်ဆီးမယ်.အရေးက ကာကွယ်စော်.ရှောက်ဖို. သူ.တာဝန်ဖြစ်ပေတယ်လို. ဘုရင်.နောင် စဉ်းစားပုံရတဲ.အကြောင်း ဒေါက်တာထင်အောင်ရေးခဲ.တာ မလွန်တန်ရာပါဘူး။
ဘာကြောင်.လည်းဆိုတော. အဲဒိအချိန်မှာ သီဟိုဠ်ကို ပေါ်တူဂီက နယ်ချဲ.တာကြောင်. ၀ါးအစည်းပြေသလို ပြေနေတဲ.အချိန်ဖြစ်လို.ပါ။ နယ်စား ပယ်စား နိုင်ငံငယ်လေးတွေအဖြစ် ကွဲပြားကြတာပါ။ အဲဒိထဲက ထင်ရှားတဲ.သုံးနယ်ကတော. ကောတီ ၊ ကန္ဒီနဲ. ၊ ဂျက်ဖ်နာတို.ပါပဲ။ စွယ်တော်နဲ. သပိတ်တော်မြတ်စေတီဟာ ကောတီဆိုတဲ. ရှေးဟောင်းမြို.တော်မှာရှိပါတယ်။ ပေါ်တူဂီတွေက ကောတီနဲ. မိုင်နည်းနည်းပဲဝေးတဲ. ကိုလံဘိုမှာ ဆိပ်ကမ်းမြို.တည်နေပါပြီ။ အဲဒိအချိန်မှာ ကောတီဘုရင်က ဓမ္မပါလပါ။ ဒါပေမယ်. အရွယ်မရောက်သေးတာမို. အထိန်းတော်ထားပြီး အုပ်ချုပ်နေရပါတယ်။ ပေါ်တူဂီတွေက ဓမ္မပါလငယ်စဉ်မှာပဲ ဩဇာလွှမ်းမိုးပြီး ခရစ်ယန်ဘာသာဝင်အဖြစ် သွတ်သွင်းလိုက်ပါတယ် ။ သီဟိုဠ်ပြည်သူတွေက ဓမ္မပါလကို ဗုဒ္ဓရဲ. စွယ်တော်၊သပိတ်တော်တို.ကိုထိန်းသိမ်းစောင်.ရှောက်သူလို.သဘောထားကြပေမယ်. ပေါ်တူဂီတွေကတော. သူဟာ ပေါ်တူဂီဘရင်ရဲ. လက်အောက်ခံ ခရစ်ယန်ဘာသာဝင် ဒွန်ဂျွန်လို.ပဲသဘောထားပါတယ်။
ဓမ္မပါလည်း အရွယ်ရောက်လာရော သူ.အထိန်းတော်ခမျာလည်း ပေါ်တူဂီတွေရဲ. မျက်နှာသာ အပေးခံရမှု လျှော.လာပါတော.တယ်။ ဒီတော. ဘုရင်.အထိန်းတော်ကြီးဟာ မြောက်ပိုး တမီလ်းနယ် ဂျက်ဖ်နာမြို.ကိုထွက်ပြေးပါတယ်။ အဲဒိလို ထွက်အပြေးမှာ ဘုရင်.နာမည်အသုံးပြုပြီး ဗုဒ္ဓစွယ်တော်ကို ယူသွားပါသတဲ.။ ဘာ.ကြောင်.လည်းဆိုတော. စွယ်တော်နဲ. သပိတ်တော်ကို သောင်.ရောက်သောသူသည် သီဟိုဠ်ကိုလည်း အုပ်ချုပ်ရလိမ်.မည် လို. သီဟိုဠ်သားတွေက ယုံကြည်ကြလို.ပါပဲ။
ပေါ်တူဂီတွေက တမီလ်နယ်ကိုတိုက်ပြီး ဂျက်ဖ်နာဘုရင်ကို ဖမ်းတဲ.အခါ အဲဒိအထိန်းတော်ကြီးနှင်.တကွ စွယ်တော်ကိုပါ ဖမ်းဆီးသိမ်းယူပါတယ်။ ပြီးတော. အန္ဒိယနိုင်ငံက သူတို.ရဲ.မြို.တော် ဂိုအာ {Goa} ကိုယူသွားကြပါတယ်။
ဒီသတင်းကို ဘုရင်.နောင်ကြားရော စွယ်တော်ကို အ၀ယ်တော်လွတ်ဖို.စီစဉ်ပါတော.တယ်။ ဘယ်လောက်ပဲပေးရပေးရ ၀ယ်နိုင်တဲ အခွင်.အာဏာအလုံးစုံကို အ၀ယ်တော်အဖွဲ.ကိုနှင်းအပ်ပါတယ်။ ပေါ်တူဂီလှေတစင်းကိုငှားပြီး ရတနာပစ္စည်းတွေတင်ပါတယ်။ ဂိုအာကို အ၀ယ်တော်အဖွဲထွက်လာကြပါတယ်။ ။
ဆက်လက်ဖော်ပြပါမည် ။ ။
မူရင်းရေးသာသူ တင်မောင်သန်း [ သခင်နိုင်ငံတော်] မှ မျှဝေပါသည်။။](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-ash3/p480x480/524474_401464839913302_1509622820_n.jpg)