သီတင်းကျွတ်အခါတော်
---------------------------
ရှေ့ရေးကိုတွေးသလို
နောက်ရေးကိုပြန်ကြည့်နေရတဲ့အရွယ်
ဘ၀ကကျောမလုံစရာတွေနဲ့မို့
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရတယ်
မပျော်ပါဘူး
သီတင်းကျွတ်ရောက်တိုင်း
လေးလံနေတဲ့ငါ့စိတ်တွေ
ကောင်းကင်မှာ အုံ့ဆိုင်းနေတဲ့မုတ်သုန်လက်ကျန်တွေလို
ဒီတသက်ရွာဖြစ်ပါ့မလား
မကြာခင်နှင်းတွေကျလာတဲ့အခါ
ဒီအနာ အရင်လိုလွယ်လွယ်နဲ့ကျက်နိုင်ပါ့မလား
ငေးမိငေးရာငေးနေတဲ့မျက်လုံးထဲမှာ
ဘယ်သူများ ငါ့ပုခုံးပေါ်မှေးစက်မှာလဲ တဲ့
ခုလိုသီတင်းကျွတ်ရာသီဆို
အထီးကျန်မှုက ပိုပြီးပီပြင်လာတယ်တဲ့
မီးမလင်းနိုင်တဲ့ ရောင်စုံမီးပုံးလေးကပြောပါတယ်။ ။
Sunday, 20 October 2013
ကဗျာ ၁၂
ငြိမ်းချမ်းရေးသို့
-----------------
သို့
ငြိမ်းချမ်းရေး
ခင်ဗျာမှာ အရောင်အဆင်းနဲ့ အနံ့အရသာရှိပါသလား
ခင်ဗျားအကြိုက်ဆုံးက ဘာအစားစာလဲ
ခင်ဗျားကိုယ်အလေးချိန်ကဘယ်လောက်ရှိလဲ
ခင်ဗျားရဲ့အားလပ်ချိန်တွေမှာ ဘာလုပ်လဲ။
သို့
ငြိမ်းချမ်းရေး
ခင်ဗျားခုဘယရောက်နေလဲ
လန်ဒန်မှာလား
ဘာလင်မှာလား
ပဲရစ်မှာလား
ခင်ဗျားကိုတွေ့ဖို့လူတွေလိုက်ရှာနေကြတယ်။
သို့
ငြိမ်းချမ်းရေး
ခင်ဗျားအကြောင်းကိုပြောရင်
သူတောင်းစားတောင် လူရာဝင်သတဲ့
ခင်ဗျားအကြောင်းပြောသူတွေထဲမှာ
အင်တာနေရှင်နယ် သူတောင်းစားတွေရဲ့အသံကအကျယ်လောင်ဆုံးပဲ။
သို့
ငြိမ်းချမ်းရေး
ခင်ဗျားအကြောင်းကို တချို့ကပါးစပ်ကမချဘူး
စီးပွားတက်ဂါထာလိုရွတ်နေကြတယ်
ကုန်ကုန်ပြောရရင်
လေလည်တာတောင် ဘူ လို့အသံမထွက်ရဘူးတဲ့
ငြိမ်းချမ်းရေးလို့အသံထွက်ရမယ်တဲ့။
သို့
ငြိမ်းချမ်းရေး
ခင်ဗျားအကြောင်းကိုသတင်းစာထဲမှာဖတ်ရတဲ့အခါ
တချို့က အစားအစာနဲ့ အ၀တ်အထည်တဲ့
တချို့က နေစရာ အိမ်တဲ့
တချို့က အလုပ်အကိုင်အခွင့်လမ်းတဲ့
တချို့က အပစ်ခတ်ရပ်စဲရေးတဲ့
ခင်ဗျားရဲ့ တိကျတဲ့အဓိပ္ပါယ်ကဘာလဲ။
သို့
ငြိမ်းချမ်းရေး
ခင်ဗျားကို အမေရိကန်တွေက ဒုံးခွင်းဒုံးတွေ
နျူကလီယားဗုံးတွေ နဲ့တွေးခေါ်တယ်
အာရပ်ကမ္ဘာက ရေနံနဲ့တွေးခေါ်တယ်
အရှေ့အလယ်ပိုင်းက အကြမ်းဖက်မှုတွေနဲ့တွေးခေါ်တယ်
မြန်မာနိုင်ငံက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့တွေးခေါ်တယ်
လူတွေက ကိုယ့်မှာဘာရှိတယ်ဆိုတာကိုမေ့နေတတ်ကြတယ်
ခင်ဗျားကို နှလုံးသားနဲ့တွေးခေါ်ရမယ်ဆိုတာ မသိကြဘူး။
သို့
ငြိမ်းချမ်းရေး
ခင်ဗျား မြန်မာနိုင်ငံကိုလာမယ်ဆိုကြိုပြောပါ
ဘယ်လမ်းကလာမှာလဲ
ပြည်တွင်းစစ် အပစ်ခတ်ရပ်စဲရေးကတဆင့်လာမှာလား
ဆင်းရမွဲတေမှုကတဆင့်လာမှာလား
ဒေသတွင်းအောက်ကျနောက်ကျမှုကနေလာမှာလား
အိမ်နီးချင်းနိုင်ငံကြီးရဲ့ ခြိမ်းခြောက်မှုကနေလာမှာလား
ဘယ်လမ်းကလာလာ
ခင်ဗျာလာရင်ကျွန်တော်တို့ ပျော်နေမယ်ဆိုတာတော့ အလေးအနက်ဖော်ပြပါရစေ။ ။
(မှတ်ချက် ) စိတ်ထဲရှိတာကိုရေးချင်သလိုရေးသည်။
လင်းထက်ဦး။

Sunday, 8 September 2013
ကဗျာ-၁၁
နှင်းဆီရောင်သီချင်း
------------------------------ ---
မင်းလမ်းလျှောက်လာပုံလေးကလှတယ်
အဲဒိဘတ်စ်ကားမှတ်တိုင်ကနေ
ငါ့နှလုံးသားထဲထိရောက်အောင်ဆက်ေ လျှာက်သွားပါ မနှင်းဆီ ။
မင်းရဲ့ ဆံပင်
မင်းရဲ့ အပြင်အဆင်
ဘာမှလိမ်းချယ်မထားပဲ ရိုးရိုးလေးကိုက ရူးချင်စရာ ။
လှည့်မကြည့်နဲ့
လှည့်မကြည့်ပါနဲ့ မနှင်းဆီ
မင်းမျက်လုံးဆုံရင်
ငါ့ဝိညာဉ်လေးတုံခါနေရော့မယ် ။
ကားမှတ်တိုင်မှာ
မလာသေးတဲ့ကားကိုစောင့်နေတာလား
မလာသေးတဲ့ တစ်ယောက်ကိုစောင့်နေတာလား
မင်းမျက်လုံးလေးက တစ်နေရာကို ငေးနေသလိုလို
မင်းနှုတ်ခမ်းလေးက တစ်ခုခုကိုတွေးနေသလိုလို
ငါက အဲဒိ နှုတ်ခမ်းလေးကိုတွေးနေမိသူပါ ။
ခေတ်အဆက်ဆက်
ပန်းတို့ပွင့်တဲ့ရာသီဟာ အေးမြလျှက်ပါပဲ
အောင်မြင် ကျော်ကြားတဲ့ သီချင်းကို ငါထပ်ဆိုမယ်
ချစ်တယ် မနှင်းဆီ . . . . ။ ။
မင်းချစ်ဦး (၈-၉-၂၀၁၃)
------------------------------
မင်းလမ်းလျှောက်လာပုံလေးကလှတယ်
အဲဒိဘတ်စ်ကားမှတ်တိုင်ကနေ
ငါ့နှလုံးသားထဲထိရောက်အောင်ဆက်ေ
မင်းရဲ့ ဆံပင်
မင်းရဲ့ အပြင်အဆင်
ဘာမှလိမ်းချယ်မထားပဲ ရိုးရိုးလေးကိုက ရူးချင်စရာ ။
လှည့်မကြည့်နဲ့
လှည့်မကြည့်ပါနဲ့ မနှင်းဆီ
မင်းမျက်လုံးဆုံရင်
ငါ့ဝိညာဉ်လေးတုံခါနေရော့မယ် ။
ကားမှတ်တိုင်မှာ
မလာသေးတဲ့ကားကိုစောင့်နေတာလား
မလာသေးတဲ့ တစ်ယောက်ကိုစောင့်နေတာလား
မင်းမျက်လုံးလေးက တစ်နေရာကို ငေးနေသလိုလို
မင်းနှုတ်ခမ်းလေးက တစ်ခုခုကိုတွေးနေသလိုလို
ငါက အဲဒိ နှုတ်ခမ်းလေးကိုတွေးနေမိသူပါ ။
ခေတ်အဆက်ဆက်
ပန်းတို့ပွင့်တဲ့ရာသီဟာ အေးမြလျှက်ပါပဲ
အောင်မြင် ကျော်ကြားတဲ့ သီချင်းကို ငါထပ်ဆိုမယ်
ချစ်တယ် မနှင်းဆီ . . . . ။ ။
မင်းချစ်ဦး (၈-၉-၂၀၁၃)
Friday, 6 September 2013
ကဗျာ-၁၀
မိုးတိမ်အမှတ် ၃၀
--------------------
နေ.ခင်းဘက်မှာ ငါဟာ ငါနဲ.ဝေးကွာခဲ.
ညဘက်မှာ ငါဟာငါ.ကိုအိမ်မက်မက်တယ်
နေ.တိုင်း ငါဟာ ငါ.ဆီကို စာရေးတယ်
မြို.ထဲမှာ
ဘတ်စ်ကားပေါ်မှာ
လူတွေကြားမှာ
ငါဟာ ငါ.ကိုငါလိုက်ရှာတယ်
ငါဟာ
လမ်းမပေါ်က ဆန္ဒပြနေတဲ. လူတွေကြားမှလား
လက်ဖက်ရည်ဆိုင်ထဲမှာလား
စာအုပ်မိတ်ဆက်ပွဲမှာလား
အဆင်.မြင်.ကုန်တိုက်ကြီးထဲမှာလား
အဖေ.ရဲ. လယ်ကွင်းထဲမှာလား
ငါဟာ ငါနဲ. အဆက်သွယ်ပြတ်တောက်နေခဲ.တယ်
ငါဟာ ငါ.ဆီကိုဖုန်းဆက်တယ်
ဖုန်းထဲမှာ ပြန်ဖြေတဲ.အသံဟာ ငါ.အသံမဟုတ်ဘူး
သူတို.ငါ.ကိုလူမှားနှတ်ဆက်တဲ.အခါ ငါဟာကြေကွဲရတယ်
ငါမသိတဲ.ငါ.အကြောင်းတွေ သူတို.ပြောတဲ.အခါ ငါ နှုတ်ဆိတ်ရတယ်
ငါဟာ ခုနှစ်တွေကို ပြန်တူးဖော်ကြည်.တယ်
၁၉၉၈ ကငါလား
၁၉၉၉ ကငါလား
၂၀၀၀ ကငါလား
၂၀၀၁ ကငါလား
၂၀၀၂ ကငါလား
၂၀၀၃ ကငါလား
၂၀၀၄ ကငါလား
၂၀၀၅ ကငါလား
၂၀၀၆ ကငါလား
၂၀၀၇ ကငါလား
၂၀၀၈ ကငါလား
၂၀၀၉ ကငါလား
၂၀၁၀ ကငါလား
၂၀၁၁ ကငါလား
၂၀၁၂ ကငါလား
ဘယ်အရာမှမသေချာဘူး
ငါဟာ ငါလား အခြားတစ်ယောက်သော ငါလား
ငါဟာ ငါ.ရဲ.ဟိုးအနက်ရှိုင်းဆုံးထဲကလာတဲ.ငါလား
ဒါမှမဟုတ် ငါ.ရဲ.အပေါ်ရံအရေဖျားကလာတဲ.ငါလား
ငါဟာ အဲသလိုတည်ဆောက်ခဲ.တယ်
ငါဟာ အဲ.သလိုရှင်သန်ခဲ.တယ်
ပြီးတော.
ငါဟာ အဲသလိုပျောက်ဆုံးခဲ.တာပဲ
အားလုံးဟာ အတူတူပဲလို.မပြောကြပါနဲ.
ဒါဟာ
ရူးသွပ်နေတဲ. စိတ်ကူးယဉ်သမားတစ်ယောက်ရဲ.ဖြေင်.ချက်မဟုတ်ဘူး
ဒါဟာ
မြို.တော်တစ်ခုက ဖူးပွင်.နေတဲ. အလင်းပွင်.တစ်ခုရဲ.အကြောင်း။ ။
မင်းချစ်ဦး ၂၅-၈ ၂၀၁၃

Thursday, 5 September 2013
ကဗျာ-၉
ပ၀တ္တိနေရောင်အောက်မှာ
------------------------------ --
ငါဟာ တစ်ခန်းဝင် တစ်ခန်းထွက်လှည့်ပတ်သွားလာနေ
အခန်းတိုင်းမှာ နာကျင်ခြင်းအပြည့်
တံခါးပါက်တိုင်းမှာ မေခွန်းတွေ စောင့်ဆိုင်းနေတယ်
ကလေးတစ်ယောက်လိုငိုကြွေးဖို့
အနှစ်နှစ်ဆယ်နာက်ကျခဲ့ပြီတဲ့လား
အတိတ် ပစ္စပ္ပုန် အနာဂတ်
ဘ၀ကိုချိတ်ဆက်ထားတဲ့ ကွင်းဆက်တွေ
ဖြစ်နိုင်မယ်ဆိုရင်
အဲဒိအတိတ်တွေကို တံတွေးလိုထွေထုတ်ပစ်ချင်တယ်
ငါဟာ ငါမဟုတ်ခဲ့ဘူး
ငါဟာ လေတိုက်တိုင်းယိမ်းနွဲ့ခဲ့တဲ့ သစ်ပင်တစ်ပင်
နေ.ရက်တို့
ငါ့မျှော်လင့်ခြင်းခံတပ်တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးတဲ့နော က်
ငါဟာ အပေါ်ယံအတိုင်းလျှောက်သွားနေခဲ့တာကြာပြီ
ဘယ်တော့လဲ
ဘယ်တော့လဲ
ငါဟာ မေခွန်းတွေနဲ့တည်ဆောက်ထားသလိုလို
နေရောင်တစ်ခုမှ နေရောင်တစ်ခုသို့ အကူး
ညတွေအဲဒိလို မှောင်မည်းခဲ့ပါတယ်။ ။
မင်းချစ်ဦး ။ ။ (၂-၉-၂၀၁၃)
------------------------------
ငါဟာ တစ်ခန်းဝင် တစ်ခန်းထွက်လှည့်ပတ်သွားလာနေ
အခန်းတိုင်းမှာ နာကျင်ခြင်းအပြည့်
တံခါးပါက်တိုင်းမှာ မေခွန်းတွေ စောင့်ဆိုင်းနေတယ်
ကလေးတစ်ယောက်လိုငိုကြွေးဖို့
အနှစ်နှစ်ဆယ်နာက်ကျခဲ့ပြီတဲ့လား
အတိတ် ပစ္စပ္ပုန် အနာဂတ်
ဘ၀ကိုချိတ်ဆက်ထားတဲ့ ကွင်းဆက်တွေ
ဖြစ်နိုင်မယ်ဆိုရင်
အဲဒိအတိတ်တွေကို တံတွေးလိုထွေထုတ်ပစ်ချင်တယ်
ငါဟာ ငါမဟုတ်ခဲ့ဘူး
ငါဟာ လေတိုက်တိုင်းယိမ်းနွဲ့ခဲ့တဲ့ သစ်ပင်တစ်ပင်
နေ.ရက်တို့
ငါ့မျှော်လင့်ခြင်းခံတပ်တွေတစ်ခ
ငါဟာ အပေါ်ယံအတိုင်းလျှောက်သွားနေခဲ့တ
ဘယ်တော့လဲ
ဘယ်တော့လဲ
ငါဟာ မေခွန်းတွေနဲ့တည်ဆောက်ထားသလိုလိ
နေရောင်တစ်ခုမှ နေရောင်တစ်ခုသို့ အကူး
ညတွေအဲဒိလို မှောင်မည်းခဲ့ပါတယ်။ ။
မင်းချစ်ဦး ။ ။ (၂-၉-၂၀၁၃)
Friday, 30 August 2013
အက်ဆေး
ချစ်ခြင်းမေတ္တာရဲ့ အနီး အဝေးမှာ
---------------------------------------------
ကျွန်တော်တို.ရဲ့အိမ်တွေမှာ အမျိုးသမီးတွေက ပဲ့ကိုင်ရှင်ပါ။ သူတို့ကပဲ အိမ်ကို စီမံခန့်ခွဲတယ်။ သူတို့ကပဲ အိမ်ကိုထိန်းချုပ်ပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာ အရေးပါ အရာ ရောက်တဲ့သူတွေလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အိမ်ပြန်ရောက်ပြီဆိုရင်တော့ မန်နေဂျာဆိုတာတွေ ဥက္ကဋ္ဌ ဆိုတာတွေကို အိမ်ပေါက်ဝမှာထားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုတွေဆီကလာတဲ့ ကန်.သတ်ချက်ဆိုလဲ ဟုတ်ပါတယ်။
အမျီုးသမီးတွေဟာ အိမ်တွင်းမှုကိစ္စတွေမှာ " စိတ်တိုင်းကိုမကျဘူး " " ဒါတွေက ဒီလိုမဟုတ်ဘူး " လို.ပြောပြီးဂုဏ်ယူတတ်ကြပါတယ်။ ကျွန်တော်တို့ကလဲ ကြိမ်ဖန်များစွာ ကလေးတစ်ယောက်ရဲ့ မသိနားမလည်မှုမျိုး ခံစားရတတ်ပါတယ်။ ကျွန်တော်တို့က " ဩော် ဒါက ဒီလိုကိုး " " ဒီလိုလား " "အေးပါ အေးပါ " လို့ပြောပြီး သင်ယူမှုပေါင်းများစွာ ပြုလုပ်ရပါတယ်။
နောက်ပြီး အမျီုးသမီးတွေဟာ တစ်နေ့တာရဲ့ အနားသတ်မျည်းများအထိ အိမ်တွင်းကိစ္စတွေကို စိတ်ရှည်နိုင်ကြပါတယ်။ ကျွန်တော် စာအုပ်ကို သဲကြီးမဲကြီးဖတ်နေချိန် ၊ဒါမှမဟုတ် ဂူးဂဲလ်မှာ တစ်စုံတစ်ခုကို သဲသဲမဲမဲရှာဖွေနေချိန် သူမကတော. ရှာဖွေတွေ့ရှိပြီးသားအရာတွေကို မီးပူတိုက်နေတတ်ပါတယ်။
ကျွန်တော်က သူမကိုကြည့်ပြီး " မင်းဒါတွေမလုပ်ပဲ အေးအေးဆေးဆေး မနေနိုင်ဘူးလား" လို့မေးလိုက်တိုင်း သူမက ကျွန်တော့်ကို ထူးဆန်းဖွယ်ရာ ဂြိုလ်သားလို အမြဲကြည့်တတ်ပါတယ်။ ပြီးတော့ ပြောပါတယ် " ကျမ မလုပ်လို.ဘယ်သူလုပ်မှာလဲ " တဲ့။ ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ အိမ်မှာ သူမရဲ့ မေးခွန်းဆန်တဲ့ အဖြေဟာ လိုအပ်တာထက် ကျယ်လောင်နေတယ်လို့တော့ မဆိုသာပါဘူး။ ကျွန်တော့်ရဲ့ အားနည်းချက်ကဘာဆိုတာကို ထောက်ပြလိုက်တာလဲဖြစ်နိုင်ပါ။ "နှစ်ယောက်လုပ်လို့ ဖြစ်နိုင်တာတွေချည်းပါပဲကွာ " ဒီစကားဟာ ပြောရပါများလို့ အရာမ၀င်တော့တဲ့စကားလိုဖြစ်နေခဲ့တာကြာပါပြီ။ မီးပူတိုက်တဲ့ အခါ အိမ်နေ၀တ်တဲ့ အ၀တ်စားတွေချန်ပြီး အရေးကြီးတဲ့ အ၀တ်စားတွေကိုသာတိုက်ဖို့ပြောရသလိုပါပဲ။
လူတွေဟာ ဆင်ခြင်တုံ တရားအတိုင်းလုပ်တာမဟုတ်ဘူး၊ အတွေ့ကြုံ အတိုင်း ခံစားချက်အတိုင်း လုပ်ကြတာလို့ ဂျာမနီကလူပြောသွားတဲ့စကားဟာ သူနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဖတ်လက်စ စာအုပ်တွေ စာစောင်တွေကို ဖတ်လို့မပြီးသေးခင် စာအုပ်စင် ပေါ်ပြန်မပို့သေးပဲ လက်တကမ်းမှာထားတတ်တာကျွန်တော့် အကျင့်ပါ။ မနက်မိုးလင်းလို့ ကြည့်လိုက်ရင် စာအုပ်စင်ပေါ် အစီအရီပြန်ရောက်ကုန်တာကလဲ သူမရဲ့ ပြင်မရတဲ့ အကျင့်တစ်ခုပါ။ ဒီလိုချည်းနေ့တိုင်းဖြစ်တော့ တစ်ခါမှာ စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိပါတယ်။ သူမ ဘာတစ်ခွန်းမှပြန်မပြောပဲ မျက်နှာငယ်လေးနဲ့ စာအုပ်တွေကိုပြန်ထားပေးရှာတယ်။ ဒါပေမယ့် သူမ ပြန်ထားတဲ့စာအုပ်တွေဟာ ကျွန်တော်ဖတ်လက်စ စာအုပ်နဲ့ စာစောင်တော့ မဟုတ်ဘူး။ ကျွန်တော် သက်ပြင်းချရုံကလွဲပြီးဘာများတတ်နိုင်မှာလဲ။
ဒီနေ့ မနက်ခင်း သူမ အလုပ်မသွားခင် ကျွန်တော့်ကိုပြောသွားသေးတယ်။ " မောင် အလုပ်မသွားခင် အ၀တ်လျှော်စက်ထဲက အိပ်ယာခင်း အဖုံးတွေ နေလှန်းလိုက်ဦးနော် " တဲ့ ။ ကျွန်တော် အံ့`ဩစရာရှိတာကို အံ့ဩပြီးတဲ့နောက် ဘာမှ မဖြစ်သလိုနေတတ်ခဲ့တာကြာပါပြီ။ နှစ်ရက် တစ်ခါ ၊ဒါမှမဟုတ် သုံးရက်တစ်ခါ ခြေသုတ်ဖုံတွေ လိုက်ကာတွေ အိပ်ယာခင်းအဖုံးတွေကို တူရာ တူရာစုပြီး သူမ အ၀တ်လျှော်စက်ထဲ ပစ်ထည့်တတ်တာဟာ ကျွန်တော့်ကို အံ့ဩစေတဲ့အရာတွေထဲကတစ်ခုပါ။ ကျွန်တော်က ဒါတွေ ခဏ ခဏလျှော်စရာမလိုအပ်ဘူးလို့ထင်ပါတယ်။ စိတ်လိုလက်ရ ရှိလို့ ဖြေရှင်းချက်တောင်းမိတဲ့ အခါတိုင်း သူမရဲ့ တစ်နေ့ နဲ့တစ်နေ့ မရိုးအောင်ပေးတတ်တဲ့ဖြေရှင်းချက်တွေကြောင့် ဘယ်ဟာက အစစ်အမှန်လဲဆိုတာ ကျွန်တော် မခွဲခြားတတ်တော့ဘူး။
တစ်ခါတစ်ရံ ကျွန်တော်ဒီလိုတွေးနေမိတယ်။ သူမဟာ အလိုလျှောက်လည်ပတ်နေတဲ. စက်တစ်လုံးများဖြစ်နေခဲ့ပြီလား ။
ဟင်းချက်တဲ့အခါ ချက်နည်းပြုတ်နည်း စာအုပ်ထဲက ညွှန်းတဲ့အတိုင်း တိတိကျကျလိုက်နာဖို့ ထမင်းစားတိုင် ကျွန်တော်ပြောရပါတယ် ။ ဥပမာ အသားငါး ချက်တဲ့အခါ အသားငါးထဲစိမ့်ဝင်နေတဲ့ ရေတွေသန့်စင်ပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်ဖို့ဆိုရင် စာအုပ်ကညွှန်းတဲ့အတိုင်လိုက်နာဖို့ကလွဲပြီး တခြားနည်းလမ်းမရှိပါဘူး။ သူမ ဟင်းချက်ဖို့ အသားငါးပြုတ်တဲ့အခါ စာအုပ်ထဲမှာ ၅မိနစ်လို့ရေးထားပေမယ့် ၂မိနစ်လောက်တော့ ခိုးဖြစ်အောင် ခိုးလိုက်သေတာပဲ။ ကျွန်တော်က အဲဒိလို မလုပ်ဖို့ပြောတဲ့အခါ သူမရဲ့ ဆင်ခြေက " နောက်တစ်လုပ်ရှိသေးတယ်လေ" ဆိုတာမျီုးဖြစ်နေတတ်ပါတယ်။
ခက်တာက ကျွန်တော်ကိုယ်တိုင်ကလဲ အခြားသော အမျီုးကောင်းသားတွေလို ချက်ရေးပြုတ်ရေးမှာ ၀ါသနာ မပါခဲ့ဘူး။ ဒါနဲ့ ကျွန်တော်တို့ ဆိုင်မှာဝယ်စားဖို့ပြောတော့ သူမရဲ့ ရိုးရှင်းလှတဲ့အဖြေက ဒီလိုပါ " ကျမက မောင့်ကို ကျမလက်နဲ့ ကိုယ်တိုင်ချက်ကျွေးချင်တာ "
" ပြီးတော့ ကျမတို့ ပိုက်ဆံစုရမယ်လေ"
နေ့ရက်တွေသာပြောင်းလဲသွားခဲ့ပေမယ့် အဲဒိအရာတွေကတော့ အဲဒိအတိုင်းဆက်ဖြစ်နေခဲ့ပါတယ်။ ရှည်လျားတဲ့နေ့ရက်တွေအကြောင်းကို ရှည်လျားတဲ့ဝါကျတွေနဲ့ ဒိထက်မကရေးပြလို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ သူမနဲ့ ကျွန်တော့်အကြား ကြီးမားတဲ့ ခြားနားမှုမျိုးကို မဖြစ်စေခဲ့ပါဘူး။ နီးစပ်ပြီးသားအရာတွေကို ဝေးကွာစေဖို့ ဒီအကြောင်းရာတွေက မဖန်တီးနိုင်ခဲ့ပါဘူး။ တစ်ချို့ကိစ္စတွေဖြစ်ခဲ့ပေမယ့် ကျွန်တော်သူမ ကိုချစ်တဲ့ အချစ်ဟာ ရီးစားစကား စပြောတဲ့နေ့ကလိုပဲ လတ်ဆတ်နေဆဲပါ။
ကျွန်တော်က အများကြီးသိထားသူတစ်ယောက်မဟုတ်ပါဘူး။ အိမ်ထောင်ရေးမှာ ဂိုးသွင်းဖို့ စိတ်လောပြီး ဖြစ်တတ်တဲ့ လူကျွံမှုမျိုးကို တကယ့် ဘောလုံးပွဲမှာလို အတိအကျ ပြစ်ဒဏ်ဘောပေးလို့မရဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒီအသိကပဲ ကျွန်တော်တို့ကို သာယာတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လမ်းခင်းပေးနေတယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ဟာ ရှုထောင့် တစ်ခုကနေ အခြားရှုထောင့် တစ်ခုကိုပြောင်းလဲကြည့်လိုက်တဲ့အခါ ဒီလိုလဲဖြစ်နိုင်ပါတယ်။ သူမ အလုပ်သွားခါနီး လက်ဆွဲအိတ်ကို ကိုင်ရင်း " မောင် ကျမ သွားတော့မယ် " ။ အပြင်ထွက်ခါနီး နှတ်ဆက်တာလို့ စကားလုံးအတိုင်း အဓိပ္ပါယ်ယူရင်မှားပါတယ်။ သူမကျွန်တော့်ဆီက တစ်ခုခုတောင်းဆိုနေတာပါ။ ကျွန်တော်တို့ အချိန်ကိုတန်ဖိုးထားရပါတယ်။ သွက်လက်တဲကခြေလှမ်းတွေနဲ့ ကျွန်တော် သူမအနားတိုးကပ်ပြီး သူမရဲ့ပါးပြင်ကို ဖွဖွလေး နမ်းရှုတ်လိုက်ပါတယ်။ သူမကလဲ ညင်သာမြတ်နိုးစွာ ပြန်နမ်းရှုတ်ပါတယ်။
ဒါဟာ ကျွန်တော်တို့ရဲ့ ပြုလုပ်နေကျ အရာတွေဆီကလာတဲ့ နှုတ်ဆက် အနမ်းလေးတွေပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ျမှုပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဂတိသစ္စာလဲဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာမှာ အသေးဖွဲဆိုတာ မရှိပါဘူး။ ဒီနေ. အိပ်ယာကစောစောနိုးလို့ သူမအတွက် ကော်ဖီ တစ်ခွက်ဖျော်ပေးထားပါတယ် ။ သူမ ကော်ဖီသောက်တဲ့အခါ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သူမ ချီုမြိန်နေမှာပါ။ ကျွန်တော် အလုပ်ကပြန်လာတိုင်း စာပွဲပေါ်မှတွေ့ရတဲ့ ရေတစ်ခွက်ကလဲ သူမရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြနေခဲ့တာပါပဲ။ အလုပ်ထဲမှာ ထမင်းစားနားချိန် ၊ ဒါမှမဟုတ် အလုပ်ကပြန်လာချိန်တွေ ကျွန်တော်သူမကို ဖုန်းဆက်လိုက်တိုင်း သူမပျော်ရွှင်တက်ကြွနေတတ်ပါတယ်။ မပီသတဲ့ ဖုန်းသံတွေကြားကနေ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ ကို သူမ ခံစားနေရမှာပါ။
ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာက ဆင်းသက်လာခဲ့ကြပြီး ချစ်ခြင်းမေတ္တာရဲ့ အနီး အဝေးမှာရှင်သန်ကြရပါတယ်။ ကျမ်းမာသော ဘ၀ ၊ သန်မာသော ဘ၀ကိုရဖို. ချစ်ခြင်းမေတ္တာဟာ အချိုးကျ စာသုံးသင့်တဲ့ ဗိတာမင်တစ်မျီုးပါ။
ကျွန်တော်တို့ တွေးခေါ် စဉ်းစားတဲ့အခါ တကယ်အရေးကြီးတာတွေကိုမေ့နေတတ်ကြပါတယ်။ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့တွေးခေါ်လို့လဲ ရပါသေးတယ်။ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာရဲ့ အနီးမှာလား ။ အဝေးမှာလား ။ ။
မင်းချစ်ဦး ( ၃၀-၈-၂၀၁၃)
Tuesday, 27 August 2013
ကဗျာ-၈
အကြည်.
-----------
သူမရဲ.အကြည်.မှာ
နံနက်ခင်းတစ်ခုရဲ.နွေးထွေးတဲ.နေ ရောင်တွေပါတယ်
သူမရဲ.အကြည်.မှာ
ကလေးငယ်တစ်ယောက်ရဲ. မသိနားမလည်မှုတွေပါတယ်
သူမရဲ.အကြည်.မှာ
ရင်.မှည်.နေတဲ.စပါခင်းကြီးလဲပါတ ယ်
သူမရဲ.အကြည်.မှာ
ကွေ.ကောက်နေတဲ.လမ်းသေးသေးလဲပါရဲ .
သူမရဲ.အကြည်.မှာ
ကျမ်းမာရေးကောင်းတဲ. အမျိုးကောင်းသမီးတစ်ယောက်ရဲ. ဆန္ဒတွေပါတယ်
သူမရဲ.အကြည်.မှာ
အဆင်.မြင်.စူပါမားကက်ကြီးတစ်ခုလဲပါတယ်
သူမရဲ.အကြည်.မှာ
ရစ်ပတ်တွယ်နှောင်တတ်တဲ. နွယ်ပင်တွေလဲပါတယ်
သူမရဲ.အကြည်.မှာ
ပဉ္စသိင်္ခနတ်သားတောင် မတီဖူးသေးတဲ. ဂီတသံတွေပါတယ်
သူမရဲ.အကြည်.မှာ
ဂိလာနတစ်ယောက်ရဲ.မျှော်မှန်းချက်တွေပါတယ်
သူမရဲ.အကြည်.မှာ
ဝံပုလွေရိုင်းတစ်အုပ်ရဲ. ဆာလောင်နေတဲ.မျက်လုံးတွေပါတယ်
သူမရဲ.အကြည်.မှာ
ငရဲပြည်ကိုသွာတဲ. လှေခါးတက်တွေပါတယ်
သူမရဲ.အကြည်.မှာ
ဘာမဆိုလုပ်ပေးဖိုဆုံးဖြတ်ထားတဲ. မျက်လုံးတွေပါတယ်
သူမရဲ.အကြည်.မှာ
သူမ ဘယ်သူဘယ်ဝါဆိုတာဖုံးကွယ်ထားပြီး
သူမရဲ.အကြည်.မှာ
သူမကိုယ်တိုင်တော. ပါမလာခဲ.ဘူး ။ ။
မင်းချစ်ဦး ။ ။
ကဗျာ-၇
အငုံ
-----
စမ်းချောင်းလေးလို
တောင်ပေါ်ကထိုးဆင်းလာပြီးမှ
ဘယ်ကိုသွားရမှန်းမသိတဲ. စိတ်
အဆင်မပြေချင်တော.
ပင်လယ်ပြင်မဟုတ်လဲ ကမ်းမမြင်ဘူး
မတိုက်ဆိုင်ချင်တော.
ဘတ်စ်ကား အတက်အဆင်းလိုပဲ
ရာသီတော်အမှီ
နှလုံးသားလေးလဲ ဖူးပွင်.ချင်မယ်
မျှော်ခဲ.ပါတယ်
ဒီခရီးမှာတစ်ယောက်တည်း မပြီးသူမို.
စောင်.ဆိုင်းခဲ.တယ်
နေရောင်ဟာ တခြားကမ္ဘာမှာ ၀င်းလက်နေဆဲမို. ။ ။
မင်းချစ်ဦး ။ ။
(မှတ်ချက် ဒီကဘတ်စ်ကားတွေမှာ အပေါက်နှစ်ပေါက်ပါ ပါတယ်။ အတက်တစ်ပေါက် အဆင်းတစ်ပေါက်ပါ။ )

Monday, 26 August 2013
အင်တာဗျူး -၂
အမေရိကန် အမျိုးသမီးကဗျာဆရာ ခေးရိုင်ယိုင်နှင့် တွေ့ဆုံခြင်း (၂)
April 23, 2013 at 9:23pm
မေး
ရှင့်ရဲ့ စာတွေကို ဘယ်လိုများ ပုံနှိပ်ထုတ်ဝေခဲ့သလဲ။
ဖြေ
အစပိုင်းမှာတော့ ကျမစာတွေကို အပြင်ကို ပို့ဖို့ ဘာနည်းလမ်းမှ မရှိခဲ့ဘူး။ လုံးဝ ဖရိုဖရဲနိုင်လွန်းတော့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့မိတယ်။ ရေးထားတဲ့ စာတွေကဗျာတွေ တောင်ပုံယာပုံရှိပြီး အဲဒါတွေကို ဘာလုပ်ရမယ်မှန်း ကျမ နှစ်နဲ့ချီပြီး မသိခဲ့ဘူး။ Carol က ကျမကို လက်တွဲခေါ်ပြီး စနစ်တကျ စုစုစည်းစည်းဖြစ်အောင် လုပ်ပေးခဲ့တယ်။ အပတ်တိုင်း ကဗျာငါးပုဒ်ကနေ ဆယ်ပုဒ်လောက်အထိ အထပ်လိုက်တွေကို နေရာ ဆယ်နေရာ ဆယ့်ငါးနေရာလောက်ကို သူက ကျမကို ပို့ခိုင်းတယ်။ ဒီလိုနဲ့ နှေးနှေးကွေးကွေးသာရှိတဲ့ ခရီးပေါက်မှုကို ဆယ်နှစ်လောက် မချိတင်ကဲ ခံစားခဲ့ကြရတယ်။ ဒါဟာ ကျမကို သည်းမခံနိုင်တဲ့အထိ သည်းခံဖို့ တွန်းအားပေးခြင်း တစ်မျိုးပဲ။ ကျမမှာ ရွေးချယ်ခွင့် မရှိဘူးလေ။ ကျမ စိတ်မရှည်ခဲ့ဘူး။ ဒါပေမယ့် ဘာဖြတ်လမ်းမှလဲ ကျမ မသိခဲ့ဘူး။ နောက်ပြီး မြန်မြန်ဆန်ဆန် ခရီးတွင်အောင် ဘယ်လိုလုပ်ရမှန်းလဲ ကျမ မသိခဲ့ဘူး။
တကယ်တော့ စာမူတွေကို အခြားကိုပို့နေတာဟာ ကျမ အလုပ်ကို နည်းနည်းလေးမှ မပြောင်းလဲစေဘူး။ ကျမ ကဗျာတွေကို ကိုယ်မသိတဲ့ သူစိမ်းတွေက ဖတ်ကြတော့မယ်လို့ သိခဲ့တဲ့အချိန်မှာ ကျမရဲ့ ကဗျာတွေကို သေချာရှင်းလင်းခဲ့တယ်။ နောက်ပြီး သူတို့တွေက စာမူတွေကို ပယ်လိုက်တဲ့ အချိန်မှာ ကျမစာတွေကို ကျမ မျက်လုံးစိမ်းနဲ့ ပြန်မြင်နိုင်ခဲ့တယ်။
မေး
ရှင် အောင်မြင်မှုကို မွတ်သိပ်ခဲ့သလား။
ဖြေ
အို အရူးအမူးပဲပေါ့။ ဒါဟာ အမှန်တော့ ကျမအနေနဲ့ Emily Dickionson မဆန်ခြင်းပါပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီလိုပဲ ဖြစ်ခဲ့တယ်။ တခါတုန်းက New Yorker Magazine အယ်ဒီတာ Alice Quinn က ဖျော်ဖြေမှုပွဲတစ်ခုလား ဆွေးနွေးပွဲ လားမသိဘူး။ အဲဒီအတွက် Berkeley ကိုလာပြီး ဆွေးနွေးပွဲ တစ်ခုလုပ်မယ်ဆိုတော့ ကျမ ဆက်နွယ်မှု တစ်ခုခုတော့ လုပ်သင့်တယ်လို့ တွေးပြီး အဲဒီကိုသွားဖို့အတွက် လက်မှတ်တောင် ဝယ်ပြီးနေပြီ။ ဒါပေမယ့် မသွားဖြစ်ခဲ့ဘူး။ ကျမက တော်တော် မာနကြီးတယ်။ ကျမနဲ့ တန်းတူ ဒါမှမဟုတ် တန်းတူနီးပါး ဖြစ်တဲ့ လူတွေနဲ့လောက်ပဲ တွေ့ချင်တာ။
မေး
ရှင် စာရေးခြင်းကို အရှုံးပေးဖို့ စဉ်းစားခဲ့ဖူးလား။
ဖြေ
ကျမမှာ အရှုံးပေးစရာ ဘာမှ မရှိခဲ့ပါဘူး။ ကြည့်ရတာ ကျမက Henry Darger ပဲဖြစ်သွားတော့ မယောင်ယောင်။ ကဗျာတွေဟာ ကျမ အခန်းထဲမှာပဲ လှောင်ပိတ်မိနေခဲ့ ပါလိမ့်မယ်။ ရှုံးနိမ့်ခြင်းနဲ့ ပတ်သတ်တဲ့ ဘာသာရပ်တော်တော်များများကို ကျမ ရခဲ့တယ်။ ကျမကိုယ် ကျမ လက်ဖျားခါရလောက်တဲ့ အနှိမ်ခံ လူတစ်ယောက်လို့ တွေးမိလာတယ်။ အဲဒီအတွေးမှာ လုံခြုံစိတ်ချရမှုနဲ့ ရင်ဖိုကြည်နူးရမှု အချို့ရှိနေတယ်။
မေး
ဒါပေမယ့် ရှင့်ရဲ့ ပထမဆုံးစာအုပ်ကိုတော့ ကိုယ်တိုင် ပုံနှိပ်ထုတ်ဝေခဲ့တယ် မဟုတ်လား။
ဖြေ
တကယ်တော့ ဒါဟာ ကျမအတွက် ဘာမှ ထူးထူးခြားခြား ဖြစ်မြောက်မသွားပါဘူး။ အကယ်၍ မဂ္ဂဇင်း တစ်စောင်နှစ်စောင်လောက်က ကျမ စာတွေကို လိုချင်ခဲ့တယ်ဆိုရင်၊ ဆိုလိုတာက ကျမဟာ စိတ်ဝင်စားစာရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့ သူတို့ ယုံယုံကြည်ကြည် ခံစားမိတယ်ဆိုရင် ကျမဆီကနေ ကဗျာတွေ ထပ်တောင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ လောကနိဗ္ဗာန်ပဲပေါ့။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အဲလိုပဲ ဖြစ်လာခဲ့တယ်။ ကျမ ကံကောင်းတယ်လို့ ဆိုနိုင်တာပေါ့။
မေး
ရှင့် အလုပ်စားပွဲမှာထိုင်ပြီး ရှင် အလုပ်တွေဘယ်လောက် ကြာကြာလုပ်လေ့ရှိလဲ။
ဖြေ
အလုပ်စားပွဲနဲ့ ခပ်ဝေးဝေးမှာပဲ ကျမ အချိန်များများနေဖြစ်တယ်။ ကိုယ်ပိုင်အချိန်တွေရဲ့ အပုံတစ်ရာပုံရင် တစ်ပုံလောက်ပဲ ကျမ စာရေးဖြစ်တယ်။ အသည်းအသန်ကြိုးစားရင် ကဗျာတွေရေးနိုင်လိမ့်လို့ လူတွေထင်ကြပုံရတယ်။ ကျမကတော့ အဲဒီလိုမျိုးတွေ စိတ်မဝင်စားဘူး။ ကျမအတွက်တော့ ကျမ စိတ်ချမ်းသာနိုင်ဖို့၊ ကျမကိုယ် ကျမ ပြည့်စုံမှုဆိုတာကို ခံစားနိုင်ဖို့ရေးခြင်းသာလျှင် အဓိပ္ပါယ်ရှိတယ်။ ကံကောင်းတဲ့ ဘဝကနေ ဘာတွေ ထုတ်ပေးနိုင်မလဲ ဆိုတာကို ကျမ သိချင်မိတယ်။ ကိုယ့်ကိုယ်ကို မညှင်းဆဲတဲ့ စိတ်ကနေ ဘယ်လိုစာပေမျိုးတွေ ထွက်လာနိုင်မလဲ။ ကျမ ဘာတွေသိဖို့ လိုအပ်သလဲ။ ကျမ စာရေးနိုင်ဖို့ ဘာကို စိတ်ပိုင်းဖြတ်ပြီး ကိုယ့်ကိုယ်ကို နှိပ်စက်ရမလဲ ဆိုတာထက် ကျမဘာလုပ်ရမလဲ။ ဒီအပင်ပေါ်မှာ ဘာရှိသလဲ။ ဆိုတာမျိုးတွေပေါ့။ ကျမအတွက် အလွန်ကို ကံကောင်းခဲ့တဲ့ ဘဝပါပဲ။
ဒါဟာ ကျမ ပျော်ရွင်စရာတွေကိုသာ ပြောနေတယ်လို့ ပြောတာမဟုတ်ဘူး။ ဘယ်လိုပြောရမလဲ။ ညှဉ်းဆိုးဆိုးပုံပေါက်နေတဲ့ ရွဲ့စောင်းနေမှု၊ တစ်ဖက်စောင်းနင်းဖြစ်နေမှုမျိုးတွေဟာ စာရေးသူတစ်ယောက်ရဲ့ စိတ်အတွက် လိုအပ်တယ်လို့ ကျမ ထင်တယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဖြစ်တည်မှုအပေါ်မှာ သောကတွေ၊ ဝန်ထုပ်ဝန်ပိုးတွေတော့ ထပ်ပေါင်းမပေးချင်တော့ဘူး။ ကျမရဲ့ စာတွေကြောင့်လဲ လူတွေကို အဲလိုမျိုး ဝန်တွေ မပိစေချင်ဘူး။ လူတွေရဲ့ ခက်ခဲပြီးသားဘဝတွေ ပိုပြီး မပင်ပန်းစေချင်သလို သူတို့စိတ်ထဲမှာ ခဲဆွဲထားသလိုမျိုး၊ လိပ်ပြာမလုံတဲ့စိတ်တွေရှိနေမှာမျိုး ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။
မေး
ဖွင့်ဟဝန်ခံမှု ကဗျာ (confessional poetry) အမျိုးအစားတွေနဲ့ပတ်သတ်တဲ့ ပြင်းပြင်းထန်ထန် စိတ်ခံစားချက်တွေကို မရေးမိအောင် ရှင်ဘာလို့ ရှောင်ရေးလေ့ရှိတာလဲ။
ဖြေ
ရှင့် အရေပြားပေါ်မှာ ရေခဲကပ်ထားတယ်ဆိုရင် ရှင့်အသားအရောင်ဟာ ပန်းနုရောင် ပြောင်းသွားတယ်။ ခန္ဓာကိုယ်က သွေးတွေဟာ အဲဒီကို ရောက်သွားတာကိုး။ ဒါကို စာရေးခြင်းပုံစံနဲ့ တွေးမယ်ဆိုရင် အေးစက်စက် အရေးအသားတွေဟာ ကျမတို့ဆီကို နီးအောင်ဆွဲခေါ်လာတတ်တယ်။ ကျမတို့ရဲ့ အပူအပင်တွေကိုရောပေါ့။
မေး
လက်တွေ့ကမ္ဘာကြီးကို တိတိပပ သရုပ်ပုံဖော်နိုင်ဖို့ ရှင့်ရဲ့ စာတွေထဲမှာ သိပ္ပံဆိုင်ရာ အချက်အလက်တွေ သုံးလေ့ရှိသလား။
ဖြေ
အကြောင်းအရာ အချက်အလက်တွေရဲ့ အသံကို ကျမ သဘောကျပါတယ်။ ဒါပေမယ့် ဒါတွေကို ဖြစ်ရပ်မှန် အချက်အလက်တွေအနေနဲ့တော့ ကျမ သိပ်ဂရုမစိုက်ဘူးလို့ ပြောရမယ်။ သူတို့ကို အရေးအသားဖွဲ့စပ်ပုံ (texture) အနေနဲ့ပဲ ကြိုက်တယ်။ လက်တွေ့ဘဝမှာတော့ အဲဒီစကားလုံးကို ကျမ နည်းနည်းလေးတောင် စိတ်မဝင်စားပါဘူး။
မေး
အသံ အတိမ်အနက် အနေအထား (tone) ကို ရှင် ဘယ်လို ထိန်းခဲ့သလဲ။
ဖြေ
လူတွေရဲ့ ပင်ကို အသံ (tone) ၊ စေ့ဆော်သံ အနေအထား (voice) နဲ့ပတ်သတ်တဲ့ ဆွေးနွေးချက်တွေကို ကြားရတိုင်း အမြဲတမ်း စိတ်မချမ်းမသာဖြစ်မိတယ်။ သိပ်ရယ်စရာကောင်းတာပဲ။ အသံတိုင်းဟာ ဘယ်ဟာမှ သဘာဝသံ၊ ပင်ကိုသံဆိုတာ မရှိဘူး။ တစ်ခါတရံမှာ သဘာဝမကျမှုဟာ သိပ်သဘာဝကျပါတယ်။ ဆိုတော့ ဒါကို စကားထဲထည့်ပြောနေဖို့ကို မလိုပါဘူး။ ဒါ အလုပ်ဖြစ်ချင် ဖြစ်မယ်။ အလုပ်မဖြစ်ချင် မဖြစ်ဘူး။ ဒါပဲပေါ့။ ဒီ ပင်ကို၊ သဘာဝ အသံ ဆိုတဲ့ အတွေးအခေါ်ရဲ့ ကြီးစိုးမှုကို လူတွေအနေနဲ့ သိပ်ပြီး သည်းခံနေစရာမလိုဘူးလို့ ထင်တယ်။
ကျမ ပြောချင်နေခဲ့တာကို ပြောလိုက်ရလို့ စိတ်ထဲပေါ့သွားတယ်။ ကျေးဇူးပါပဲ။
မေး
Elephant Rocks ရဲ့ ဝေဖန်သုံးသပ်ချက်မှာ Andrew Frisardi က ရှင့် ကဗျာတွေဟာ "ကြည်နူးမှုနဲ့ ညွှန်ကြားပြမှု" တွေကို ပေးတယ်လို့ဆိုတယ်။ သူတို့တွေ ဘယ်လို ညွှန်ကြားနည်းပြ ကြတာမျိုးလဲ။
ဖြေ
အမိန့်ပေးတဲ့ ညွှန်ကြားတဲ့ အသံအနေအထားနဲ့ မကြာခဏ ကျမရေးလေ့ရှိတယ်။ ဒါပေမယ့် ဒီလို ညွှန်ကြားချက်တွေဟာ လူတွေကို ရေထဲနှစ်လိုက်သလိုပဲ။ ကျမဟာ အပြောအဆိုမတတ်ပဲ ဆရာလုပ်တယ်လို့ ကိုယ့်ကိုယ်ကို ပြောရမယ်။ ဆိုလိုတာက ဟုတ်တယ်။ ကျမ ဆရာလုပ်တယ်။ ဒါ ရယ်စရာပြောတာပါ။ ကျမမှာ ရော်ဘာတံဆိပ်တုံးတစ်ခု ရှိတယ်။ သူက ပြောလိမ့်မယ်။ "ငါ မင်းကို စတာပါ ကောင်လေးရာ" လို့။ အဲဒီ တံဆိပ်တုံးကို ဘယ်တုန်းကမှ မသုံးခဲ့ဘူး။ ဒါပေမယ့် အဲဒီ တံဆိပ်တုံးကို လုပ်ထားရုံနဲ့တင် ကျေနပ်အားရမှု တစ်ခုကို ကျမ ခံစားရတယ်။ ကျမလိုပဲ လိုက်လုပ်မယ့်သူတွေရှေ့မှာ ကျမ အဲလို ရော်ဘာတံဆိပ်တုံးတွေ အများကြီးထားပေးရတယ်။ ဘယ်လောက်ပဲ ကြေကွဲဝမ်းနည်းစရာ ကောင်းနေနေ၊ ဘယ်လောက်ပဲ အထီးကျန်ဆန်ပြီး မျှော်လင့်ချက်မဲ့တယ်ပဲဆိုဆို ကျမ ကဗျာတွေမှာ ပြုံးချင်စရာ နည်းနည်းလေးတော့ ပါတယ်လို့ ရှင်တို့အမြဲတွေးမိမှာပါ။ အကယ်၍ ကျမ ကဗျာတွေဖတ်ပြီး ရှင်တို့ခံစားချက်တွေ ပိုဆိုးဝါးသွားတယ် ဆိုရင်တော့ ကျမ တာဝန်မကျေ ဖြစ်သွားတာပေါ့။
မေး
ဝေဖန်ရေးသမားတွေက ရှင့်ကဗျာတွေဟာ ကျစ်လစ်သိပ်သည်းပြီး အတိုချုံ့ပုံစံ (compression) ရှိတယ်လို့ ပြောရင် ရှင် စိတ်အနှောင့်အယှက် ဖြစ်မိလား။
ဖြေ
ဒါဟာ အတင်းပြောသလိုပဲပေါ့။ Library of Congress က တစ်စုံတစ်ယောက်က ကျမ ကဗျာတွေဟာ လွယ်လွယ်ကူကူ နားလည်နိုင်တယ်လို့ မပြောမချင်း ကျမ ကဗျာတွေအပေါ်ပေးတဲ့ ထင်မြင်ချက်တွေဟာ တဖြည်းဖြည်း လျော့လာကြတယ်။ တကယ်တော့ compression ဆိုတာ ကျမ ရေးနေတာတွေရဲ့ ဆန့်ကျင်ဘက်ပဲ။ အနုစိတ်နဲ့ ခဲယဉ်းလွန်းတဲ့ အတွက် စကားလုံးတွေကို ခပ်ဝေးဝေးဆီ လွင့်သွားအောင် သရုပ်ပြောင်ဆန်ဆန် မှုတ်ထုတ်လိုက်ပြီးမှ မြင်နိုင်တဲ့ အကွာအဝေးဆီကို ပြန်ရောက်ဖို့ ကြိုးစားရတာမျိုးကပဲ ကျမကို စိတ်ဝင်စားစေတယ်။ ကျမရဲ့ နည်းလမ်းက ဘာနဲ့တူသလဲဆိုတော့ ပိုးသားစပေါ်ကနေ အပ်ကလေးဝင်သွားဖို့ တူနဲ့ ရိုက်ထုရသလိုမျိုးပဲ။
မေး
ရှင် ကဗျာတစ်ပုဒ်ရေးဖို့ ဘယ်လောက် ကြာသလဲ။
ဖြေ
ဒါကို ဘယ်သူက ဖြေနိုင်မှာလဲ။ ကျမ မိတ်ဆွေ ပန်းချီဆရာတစ်ယောက်က ကျမကို လက်ဆေးကန်တစ်ခုရဲ့ ခဲခြစ်ပန်းချီကားတစ်ခု ပေးဖူးတယ်။ သူပြောတာကတော့ ဒီပုံကိုဆွဲဖို့ နာရီဝက်ကြာတယ်တဲ့။ ဒါပေမယ့် ဒီနာရီဝက် အတွင်းမှာ အရာအားလုံးကို တစုတစည်းတည်း ပေါင်းစပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြာခဲ့တယ်လို့ ပြောတယ်။ လက်တွေ့ကျကျ ပြောရရင်တော့ ကဗျာတစ်ပုဒ်ရေးဖို့ မနက်ခင်းတစ်ခုလောက်ကိုတော့ စူးစူးစိုက်စိုက် ကျမ အသုံးပြုတတ်ပါတယ်။ ကျမအတွက်တော့ ကဗျာတစ်ပုဒ်ဟာ သိုးမွေးခြင်းထောင်းထဲမှာ ချည်တွေထည့်၊ နေ့တိုင်း နောက်ထပ် ချည်လုံးတွေထပ်ထည့်ပြီး ထိုးရတဲ့ ဇာထိုးပန်းထိုး အလုပ် မဟုတ်ဘူးရယ်။
မေး
တခါတုန်းက ရှင့်ကိုယ်ရှင် clichés တွေ ပြန်လည်တည်ထောင်သူလို့ ခေါ်ဖူးတယ်။ အဲဒါ ဘာကိုများ ဆိုလိုသလဲ။
ဖြေ
တခါတရံမှာ ကျမ clichés တွေနဲ့ပဲ စဉ်းစားနေတတ်တယ်။ အဲလိုပဲ လူသုံးမများတော့ပဲ ကာလံဒေသံမညီတဲ့ စကားလုံးတွေနဲ့ပဲ ကိုယ့်ကိုယ်ကို ကျိုးနွံအောင် ဆုံးမတတ်တယ်။ ကျမ ကဗျာရေးချင်လာရင် သူတို့ကို အရင်ဆုံးတွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ အဲလို စကားလုံးတွေက အရမ်းတင်စားလို့ ကောင်းတယ်လေ။ ဥပမာ။ ရေပန်းစားမှု၊ ထင်ရှားကျော်ကြားမှု (limelight) ။ ဒါဟာ တကယ့် clichés မဟုတ်ဘူး။ မြတ်နိုးဖို့ကောင်းတဲ့ ဥပစာ စကား (idiom) တွေပဲ။ လျှပ်စစ်မီး မရှိခင်တုန်းက လူတွေဟာ ထုံး (calcium oxide) ကို အပူပေးတယ်။ စင်မြင့်ထက်က မီးတွေကနေ အလင်းရောင်ဖြာထွက်ဖို့။ ကျမရဲ့ ကဗျာ "Lime Light" ထဲမှာ၊ limelight ဆိုတာဟာ ထုံးအိုး ထဲကနေလာတယ်။ ဒါ ရယ်စရာပဲ။ ဒါပေမယ့် အလကားတော့ မဟုတ်ဘူး။ ပြက်လုံးတစ်ခုထက် ပိုတယ်။ ဒါဟာ ဘာလဲဆိုတော့ ထင်ရှားကျော်စောမှုဟာ သိပ်အလုပ်မဖြစ်ကြောင်းကို ပြောချင်တာ။ ဒီရေပန်းစားမှု၊ ကျော်စောမှု တစ်ခုတည်းနဲ့ အရာအားလုံး မပြီးမြောက်နိုင်ဘူးလေ။
မေး
ရှင့်ရဲ့ စာတွေကို ပြန်ဖတ် တည်းဖြတ်ဖို့ အချိန်ကြာတတ်လား။
ဖြေ
ကျမ စာတွေကို ပြန်ပြင်ရေးပါတယ်။ တစ်ပတ်ကြာရင်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေပေါ့။ ဒါပေမယ့် အချိန်တော့ သိပ်မကြာပါဘူး။ နည်းနည်းလေး အသစ်ထပ်ဖြည့်ရင် ဖြည့်တယ်။ ဟိုဖြတ်ဒီဖြတ်နဲ့ စာကြောင်းတွေကို ရွှေ့ရင်ရွှေ့မယ်။ ဒါမှ မဟုတ် အစားထိုးမယ်။ အများအားဖြင့်တော့ စာကြောင်းအထားအသိုနဲ့ ပတ်သတ်ပြီး ရွှေ့တာလောက်ပါပဲ။ တခါတခါမှာ အဆုံးသတ်ဖို့ နှစ်နဲ့ချီကြာတာတွေတော့ ရှိပါတယ်။
မေး
ရှင့် ရဲ့စာအုပ်တွေ ကောင်းသထက် ကောင်းလာတယ်လို့ ထင်မိလား။
ဖြေ
တိုးတက်မှု ဆိုတာဟာ ကျမအတွက် ဘာမှ မဟုတ်လှပါဘူး။ ကျမ စာအုပ်တွေ၊ စာတွေ ပိုကောင်းလာတယ်လို့ ကျမ မတွေးမိဘူး။ ကျမသွားနေကျ ရေတွင်းဆီကို ရေခပ်သောက်ဖို့ ပြန်လိုက်သွားလိုက် လုပ်နေရုံပါပဲ။
မေး
ရှင့်ရဲ့ ကဗျာတွေဟာ သေးသေးသွယ်သွယ်နဲ့ တိုတယ်လို့ လူပြောများတယ်။ ဆိုတော့ ရှင့်ကဗျာတွေ စာမျက်နှာတစ်ရွက်ထပ် ပိုရှည်လာရင် စိတ်လှုပ်ရှားသလား။
ဖြေ
တစ်ခါတရံတော့ ကျမလဲ ရေးနိုင်ပါတယ် ဆိုတဲ့အကြောင်း ပြချင်တယ်။ အကြာကြီးနေမှ တစ်ခါလောက် တစ်မျက်နှာကျော်တဲ့ ခပ်ရှည်ရှည် ကဗျာတွေ ထွက်လာတတ်တယ်။ ဒါပေမယ့် အဲဒါမျိုးတွေက ကွေ့ပတ်ပြီး လိုရာကို မြန်မြန်မရောက်ဘူးလို့ တွေးမိတယ်။ တခါတုန်းက စာကြောင်း နှစ်ရာကျော်ပါတဲ့ ကဗျာတစ်ပုဒ် ကျမအတွက် သပ်သပ်ရေးခဲ့ဖူးတယ်။ ဒါပေမယ့် အလကားပါပဲ။
မေး
စာကြောင်းတိုတိုတွေကို ဘာလို့ ရှင် ရေးလေ့ရှိတာလဲ။
ဖြေ
ကဗျာမှာ အစွန်း၊ အနားသတ် (edge) တွေဟာ အင်အားကြီးမားတဲ့ အစိတ်အပိုင်းတွေပါ။ အနားသတ်တွေ များလေလေ ပိုပြီး သြဇာကြီးမားလေပဲ။ သူတို့တွေဟာ ကဗျာကို ပိုပြီး စိမ့်ဝင်နိုင်စေပြီး၊ ပိုပြီးလဲ မြင်သာစေတယ်။
မေး
Frost ရဲ့ အရေးအသားတွေက ရှင့်အပေါ်မှာ လွှမ်းမိုးမှုရှိလား။
ဖြေ
သူက ထိတ်လန့်စရာ အမှောင်ထုရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ကြည်လင်ပြတ်သားပုံ အတွက် စံကို သတ်မှတ်ပေးတယ်။
မေး
Larkin ကရော။
ဖြေ
အရက်သေစာကြောင့်ဖြစ်တဲ့ ညှိုးမှိုင်းလွမ်းဆွေးပုံနဲ့ တစ်ကိုယ်ရေ အထီးတည်းဖြစ်မှုကို သဘောကျတယ်။ နောက်ပြီး သူက ရယ်စရာလဲ ကောင်းသေးတယ်။
မေး
ကဗျာလောကအတွင်းမှာ ရှင်ဟာ အပြင်လူတစ်ယောက် အနေနဲ့ပဲ နာမည်ကြီးတယ်။ poet laureate အသစ်တစ်ယောက် ဖြစ်သွားတာဟာ ဒီနာမည်ကို အရောင်စွန်းသွားစေမယ်လို့ ထင်သလား။
ဖြေ
ကျမက အခြားလူတွေရဲ့ အထင်အမြင်တွေကို သိပ် အလေးထားလေ့မရှိဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ သူတို့ဆီက အကောင်းမြင် ဝေဖန်မှုတွေက လွဲလို့ပေါ့။ ဒီသတ္တဝါလေးက အမြှောက်ကြိုက်သလို အထင်သေးတာကိုလဲ မုန်းတတ်တာ အသေအချာပေါ့။ ဒါပေမယ့် ဒီ poet laureate နာမည်ဟာ ကျမရဲ့ အရေးအသားနဲ့ ပတ်သတ်ပြီး ဘာမှ စွက်ဖက်လိမ့်မယ်လို့ မထင်ပါဘူး။ စာရေးခြင်းက သူ့အလုပ်သူ သပ်သပ်လုပ်သွားမှာပါ။ သူ့ကိုယ်သူလဲ နားထောင်ပြီးတော့ပေါ့။
နိုင်ငံတော်ကဗျာဆရာဆိုတာကို ရပြီးတဲ့နောက်မှာ ကဗျာတွေ မရေးဖြစ်ဘူး။ အချိန်လဲ မရဘူးဆိုတော့။ ကဗျာရေးရလောက်တဲ့ စိတ်ရဲ့ လွတ်လပ်မှုလဲ မရှိနေဘူး။ ဒါပေမယ့် ဒါဟာ နောက်ပိုင်းမှာ ကဗျာတွေရေးဖြစ်ဖို့ကိုတော့ ရိက္ခာအနေနဲ့ ပေးပါတယ်။
မေး
laureate တစ်ယောက်ရဲ့ အလုပ်က ကဗျာဖတ်တဲ့ ပြည်သူတွေဆီ ကဗျာရဲ့ အရေးပါမှုကို လက်ခံယုံကြည်စေဖို့ တိုက်တွန်းရမယ်လို့ ထင်သလား။
ဖြေ
ကျမကို စိတ်လှုပ်ရှားစေတာက ကဗျာရဲ့ အချည်းနှီးဖြစ်မှုပဲ။ မျှော်လင့်ချက်မဲ့မှု။ ဒီလို အရေးပါမှုအကြောင်း ပြောနေကြတာဟာ ရုတ်တရတ် ကျမကို အကူအညီပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်းမှုတစ်ခု အတင်းအဓမ္မ လုပ်ခိုင်းနေသလိုပဲ။ စကားပြေ (prose) ဟာ လက်တွေ့ဆန်တဲ့ ဘာသာစကားတစ်ခုပါ။ စကားပြော (conversation) ဟာလဲ လက်တွေ့ကျတဲ့ ဘာသာစကားပဲ။ အသုံးကျတဲ့ အလုပ်တွေကို သူတို့တွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ။ ဒါပေမယ့် ကဗျာမှာလဲ သူ့ရဲ့ ဆေးဖက်ဝင်မှုတွေရှိတာပဲ။ ကျမတို့ရဲ့ အထီးကျန်မှုကို နည်းနည်းဖြစ်ဖြစ်တော့ လျော့စေတယ်။ ကျမတို့ စိတ်ထဲမှာ အခန်းလွတ်တွေ ပိုပြီးရှိလာအောင် ဖန်တီးပေးတယ်။ ဒါပေမယ့် ကဗျာနဲ့ သူ့ရဲ့ အသုံးဝင်မှုအကြောင်းကို အတူတကွ စဉ်းစားရတာဟာ မဝံ့မရဲဖြစ်စရာပါပဲ။
မေး
ကဗျာတစ်ပုဒ် အောင်မြင်တယ် မအောင်မြင်တယ် ရှင်ဘယ်လို သိသလဲ။
ဖြေ
ကျမ စိတ်ကသိကအောက် မဖြစ်တဲ့အချိန်ဆိုရင် သိပါလိမ့်မယ်။
မေး
ရှင့်ကဗျာတွေကို နားမလည်ဘူး ဆိုသူတွေကို ရှင်ဘာများ ပြောချင်ပါလဲ။
ဖြေ
နာမည်ကြီး ပန်းချီဆရာတစ်ယောက်။ ပီကာဆိုလို့ ထင်တာပဲ။ သူကပြောတယ်။ သူ ဘယ်သူဆိုတာ ဘယ်သူမှ မသိခင် သူဘာလုပ်နေတယ်ဆိုတာကို လူခြောက်ယောက်သာ နားလည်ကြတယ်။ သူ့နာမည်ကို လူသန်းနဲ့ချီပြီး သိချိန်ရောက်တော့လဲ ဒီလူခြောက်ယောက်က နားလည်နေဆဲပဲ။ လူအများ သဘောကျထောက်ခံမှုနဲ့ ရေပန်းစားမှုဟာ သူ့ကို ဖြားယောင်းမှု သိပ်မရှိဘူး။ နောက်ပြီး ဒီလိုဖြစ်ဖို့ဆိုတာ အယူအဆ အမှားတစ်ခုသာ ဖြစ်ပါလိမ့်မယ်လို့ သူက ပြောတယ်။
မေး
ရှင် ခက်ခဲတဲ့ ကဗျာတွေကို ရေးလေ့ရှိလား။
ဖြေ
ခက်ခဲတယ်ဆိုတာ ကျမအတွက်တော့ ဖရိုဖရဲ ရှုပ်ယှတ်ခတ်ပြီး မသဲကွဲတာကို ပြောတာပဲ။ ကဗျာတစ်ပုဒ်ကို အလွယ်တကူ နားလည်အောင် မရှင်းနိုင်တာလောက် ကျမကို စိတ်ရှုပ်စေတာ မရှိဘူးရယ်။ ဒါပေမယ့် မှန်ပါတယ်။ ကဗျာဟာ ခက်ခဲပါတယ်။ ကဗျာရေးတယ်ဆိုတာ ငါးဖမ်းပိုက်တစ်ခု ယက်လုပ်သလိုပဲ။ ပိုက်ကွန်ကို ရှင် ယက်လို့ရမယ်။ ဒါပေမယ့် ငါးမိမမိ ဆိုတာကိုတော့ ရှင် စောင့်ပြီး ကြည့်မှ ရလိမ့်မယ်။
ဖြူနှင်းဖွေး
April 23rd, 2013
သူမရဲ့ ဘာသာပြန် ကဗျာအချို့ကို အောက်ကလင့်ခ်တွေမှာ ဖတ်လို့ရပါတယ်။
နိုင်ယာဂရာမြစ်
မိကျောင်းမျက်ရည်
မင်းလုပ်ခဲ့သမျှ
ငါတို့ ဘာကြောင့် ရုန်းကန်ကြရ
ပင်လယ်လိပ်
တိမ်တိုက်
လှေကားတစ်စင်းကို သယ်ဆောင်၍
မျှော်လင့်ချက်များ
ဖြူနှင်းဖွေး ဖေဘုတ်မှ ကူးယူသည်

အင်တာဗျူး-၁
အမေရိကန် အမျိုးသမီးကဗျာဆရာ ခေးရိုင်ယိုင်နှင့် တွေ့ဆုံခြင်း (၁)
April 23, 2013 at 9:19pm
၂၀၀၈
ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တစ်ဆယ့်ခြောက်ယောက်မြောက် နိုင်ငံတော် ကဗျာဆရာ
(poet laureate) အဖြစ် အမေရိကန်အစိုးရရဲ့ တရားဝင် ဂုဏ်ပြုခန့်အပ်ခြင်းကို
ခံရတဲ့ ခေးရိုင်ယန် (Kay Ryan) ဟာ Fairfax, California မှာနေထိုင်ရင်း
Kentfield မှာရှိတဲ့ College of Marin မှာ နှစ်သုံးဆယ်ကျော် ကြာမြင့်စွာ
အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူသင်ကြားပေးတဲ့
အလုပ်ကို လုပ်ကိုင်နေခဲ့ပါတယ်။ သူမကို ကဗျာလောကရဲ့ အပြင်ကလူ ဒါမှမဟုတ်
အနှိမ်ခံတစ်ယောက်အဖြစ် လူအများက မကြာခဏ အမည်တပ်လေ့ရှိတယ်။ ကဗျာတွေမှာ ပထမလူ
နေရာကနေပဲ အမြဲထိန်းရေးလေ့ရှိပြီး သူမရဲ့ ပုဂ္ဂိုလကဗျာတွေကိုတော့ "ဘယ်သူမှ
သိစေဖို့ မလိုအပ်" ဆိုတဲ့ ခံယူချက်မျိုးနဲ့ ရေးရတာကို ပိုပြီး
ခုံမင်သူတစ်ယောက် ဖြစ်တယ်။
သူမဟာ ကံခေလှတဲ့ လူသားဖြစ်တည်မှုနဲ့ လူတစ်ယောက်ချင်းစီအလိုက် ဘာသာစကား ထူးခြားမှု (idiosyncrasies of language) ကို ဖြေချဖို့ အတ္ထုပ္ပတ္တိပုံစံ၊ ဇာတ်ကြောင်းပြန်ပြောတဲ့ ပုံစံတွေအစား ဟာသညဏ်နဲ့ ရွဲ့တဲ့တဲ့ ဇောက်ထိုးစကားတွေကို အသုံးပြုတတ်တယ်။ ကဗျာဆရာအများစုက မပြောအပ် မသုံးအပ်လို့ တားမြစ်ထားခဲ့တဲ့ လူမှုသတ်မှတ်ချက်အစွဲ (taboo) လို့လက်ခံကြပြီး ဘာသာဗေဒ လက်နက် ပရိယာယ် နှစ်ခုလို့ ဆိုနိုင်တဲ့ မရွည်ရွယ်ပဲ မှားယွင်းသုံးစွဲမိစေတဲ့ သံတူကြောင်းကွဲ စကားလုံးတွေ (malapropisms) ၊ ဖန်တစ်ရာတေအောင်သုံးမိလို့ ဟုန်သွားတဲ့ စကားလုံးမျိုး (clichés) တွေကို သူမက နှစ်သက်တယ်။
ပြန်လည်ပြောင်းလဲပေါင်းစပ် ဖွဲ့စည်းထားသော ကာရန် (recombinant rhyme) လို့ သူမခေါ်တဲ့ စာကြောင်းတိုလေးတွေ အဆုံးမှာထက် အလယ်မှာ မြုပ်နေတတ်တဲ့ ကာရန်၊ နဘေတွေကို သူမ သုံးလေ့ရှိတယ်။ သူမရဲ့ ကျစ်လစ်တိုတောင်းမှုကို ခုံမင်ခြင်းဟာ သူမကို သိပ်သည်းအောင်အတိုချုံးတတ်တဲ့ ကဗျာဆရာတစ်ယောက် (poet of "compression") ဆိုတဲ့ နာမည်ကို ရစေခဲ့တယ်။ ဒါပေမယ့် ရိုင်ယန်ကတော့ ဒီအချက်ကို ငြင်းဆိုပါတယ်။ သူမက စာတွေကို ပေါက်ကွဲလုနီးပါး ကျပ်ကျပ်သိပ်သိပ် ညှစ်ယူရတာကို သဘောကျတယ်လို့ ပြောပေမယ့် သူမကဗျာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေမှာတောင် လေထုရဲ့ အငွေ့အသက်ကို ချောင်ချောင်လည်လည် ရှူရှိုက်နိုင်နေသေးသလို စိုးရိမ်သောကတွေကိုလဲ လျော့ပါးစေနိုင်တဲ့ ခံစားမှုတွေ ရှိနေပါတယ်လို့ မလျှော့တမ်း ပြောပါသေးတယ်။
ရိုင်ယန်ကို ၁၉၄၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး သူမဟာ Califonia မှာ ကြီးပြင်းခဲ့တယ်။ သူမရဲ့ မိသားစုဟာ Mojave Desert မှာရှိတဲ့ Rosamond ဆိုတဲ့ မြို့ငယ်လေးမှာ တဖြည်းဖြည်း အခြေချလာခဲ့ကြတယ်။ "ပြုပြင်ပြောင်းလဲလို့မရတဲ့ တစ်စုံတစ်ရာရဲ့ ပါရဂူ" ဆိုတဲ့ စိတ်ကူးဟာ သူမကို စိုးထိတ် စိတ်ပျက်အောင် မချောက်လှန့်ခင်အထိ သူမဟာ UCLA မှာ စာပေဝေဖန်ရေး ဘာသာရပ်အဓိကနဲ့ Ph.D ကို ခဏတာ တတ်ရောက်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်၊ အမေရိကန် နိုင်ငံရဲ့ နှစ် နှစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားမှာ သူမဟာ စာရေးဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာ သေချာရဲ့လား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့အတွက် ဒီခရီးဟာ သူမကို အထောက်အကူပေးလိမ့်လို့ မျှော်လင့်ပြီး ရိုင်ယန်ဟာ Oregon ကနေ California အထိ မိုင် လေးထောင်ကျော် တောလမ်းခရီးကို စက်ဘီးစီးနင်းခဲ့တယ်။
"ကဗျာရဲ့ ပြုလုပ်မှုတိုင်းကို သူမက ခံနေရပါတယ်" ဆိုတဲ့ အခိုင်အမာပြောဆိုချက်တွေကိုလဲ တောင့်ခံနေရတယ်လို့ သူမကဆိုပါတယ်။ ဒါပေမယ့် Colorado ရဲ့ Hoosier Pass ကိုရောက်တဲ့အခါမှာ သူမရဲ့ စိတ်ဟာ လေဆာရောင်ခြည်တန်း တစ်ခုအလား စာရေးသားခြင်းကသာလျှင် သူမကို အခြားဘယ်အရာနဲ့မှ မတူတဲ့ ကြည်နူးမှုမျိုး ပေးတယ်ဆိုတဲ့ အချက်ကို ထင်ရှားပြတ်သားစွာ ခံစားမိလာတယ်လို့ သူမကဆိုတယ်။ နောက်ဆုံးတော့ သူမဟာ အဖြေကို ရှာဖွေတွေ့ရှိ သွားခဲ့တာပေါ့။ ဒါပေမယ့် သူမအနေနဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဘာအကြံဥာဏ်မှ မရှိခဲ့သေးပါဘူး။
အနုပညာဈာန် ဝင်စားဖို့အတွက်တော့ လူအများ ယုံနိုင်စရာမရှိတဲ့ နေရာတစ်ခုကနေ သူမ ရရှိတယ်။ အဲဒါကတော့ Ripley’s Believe It or Not! စာအုပ်တွေပါပဲ။ စိတ်ကူးယဉ် ဖန်တီးထားတဲ့ အရာတွေကို အကျိုးရှိရှိ အသုံးချဖို့ ဒီစာအုပ်တွေက သူမကို သင်ကြားပေးခဲ့တယ်။ အဲဒီစာအုပ်တွေဟာ သူမကိုယ်တိုင်မဖြစ်မနေ လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ ရှစ်နှစ်တာ အလုပ်သင်ကာလအတွင်း သူမရဲ့ ရိက္ခာတွေပါပဲ။ ၁၉၈၃ ခုနှစ်မှာ သူမရဲ့ ပထမဆုံး ကဗျာပေါင်းချုပ်ကို မထုတ်ခင် ကာလအတွင်း သူမဟာ ကဗျာတွေ မရေတွက်နိုင်အောင် ရေးခဲ့တော့တာပါပဲ။
"ကဗျာဆရာဆိုတာဟာ ကိုယ့်ကိုယ်ကို အများထက် ပိုသိပိုတတ်တဲ့ ဆရာကြီးတစ်ယောက်ပုံ ပေါက်နေတယ်" လို့ ယူဆကြတဲ့ မိသားစုမှာ သူမ ကြီးပြင်းခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူမဟာ တဖြည်းဖြည်း အောင်မြင်မှုရလာပြီး အများလက်ခံတဲ့ ယုံကြည်မှု၊ စံ၊ ဓလေ့ တွေကို ပုတ်ခတ်ပြောဆိုသူ (iconoclast) တစ်ယောက်ထက် ပိုဝေးတဲ့ ဘောင်အပြင်မှာ နေလေ့ရှိတယ်။ ရိုင်ယန်ဟာ ကဗျာပေါင်းချုပ် ခုနှစ်အုပ်ကို ရေးသားခဲ့သူလဲ ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တာ ကာလအတွင်း သူမဟာ Ruth Lily Poetry Prize, Guggenheim Fellowship နဲ့ National Endowment for the Arts ရဲ့ ဂုဏ်ထူးဆောင်ဆု တွေကိုလဲ ရရှိခဲ့ပါတယ်။ Best American Poetry စာအုပ်တွဲနဲ့ Entertainment Weekly ရဲ့ "It List" အစီအစဉ်တွေမှာလဲ ဖော်ပြခြင်း ခံခဲ့ရဖူးတယ်။ သိပ်မကြာသေးခင်ကပဲ Central Park Zoo, US က နံရံမှာ သူမရဲ့ ကဗျာတစ်ပုဒ်ကို ကမ္ပည်းထိုးထားခဲ့ကြသေးတယ်။
ဒီ interview ကတော့ ပူအိုက်တဲ့ သြဂုတ်လတစ်ခုမှာ သူမရဲ့ နှစ်သုံးဆယ်ခန့် လက်တွဲဖော် Carol Adair ၊ သူတို့ရဲ့ ကြောင် Ubu နဲ့အတူ Marin County မှာရှိတဲ့ ရိုင်ယန်ရဲ့ နေအိမ်မှာ လေးရက်ကြာ မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ Carol ဟာ မကြာသေးမီကပဲ ကင်ဆာရောဂါနောက်ဆုံး အဆင့်ကို ခံစားနေရပြီး ဓာတုကုထုံးတွေနဲ့ ကုသနေရပေမယ့် ဘဝကို ဆက်လျှောက်ပြီး ဒီတွေ့ဆုံမေးမြန်းမှုရယ်၊ poet laureate အဖြစ်လက်ခံရယူမှု အပါအဝင် အရာအားလုံးကို သူမ ကမ်းလှမ်းခဲ့ပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ နာမည်ရ ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ဟာ လက်ရှိနေထိုင်နေတဲ့ Fairfax မှာတော့ သူမကို အတိုင်းအတာတစ်ခုအထိ ထင်ထင်ရှားရှား ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါဟာ "စာတိုက်တို့ အခြားနေရာတို့မှာ သူမစီတန်းနေတဲ့အချိန် အမှတ်စဉ်ကျော်ပြီး ဖြတ်ဝင်ခွင့်မျိုးကိုတော့ ဘယ်သူကမှ သူမကို ခွင့်မပြုပါဘူး" လို့ ရယ်စရာပြောပါသေးတယ်။
သူမကို ထုံးစံအတိုင်း poet laureate မေးခွန်းတစ်ခုဖြစ်တဲ့ "ကဗျာဆရာကောင်း တစ်ယောက် ဘယ်လို ဖြစ်လာနိုင်သလဲ" လို့ မေးမိတဲ့အခါ "ကျမ ဘယ်လိုလုပ် သိနိုင်မလဲ" လို့ သူမက ပြန်ဖြေခဲ့ပါတယ်။
----------------
Paris Review Issue No. 187 (Winter 2008) မှာ Sarah Fay နဲ့ ပြုလုပ်ခဲ့တဲ့ ဒီအမေးအဖြေကို အောက်မှာဖော်ပြပေးလိုက်ပါတယ် ။
မေး
ကဗျာတစ်ပုဒ်ဟာ ခရီးဆောင်သေတ္တာ အခွံ တစ်လုံးလို ပြုမူသင့်တယ်လို့ ရှင်ပြောခဲ့တယ်နော်။ အဲဒါ ရှင် ဘာကို ဆိုလိုချင်ခဲ့တာလဲ။
ဖြေ
ဒါဟာ လူပြက်တစ်ယောက်ရဲ့ ခရီးဆောင်သေတ္တာ တစ်လုံး ဆိုပါစို့။ လူပြက်က ဒီသေတ္တာကို ကျွမ်းသန္တာလန်အောင် လှန်ပစ်လိုက်ပြီးတော့ ပစ္စည်းတွေ အများကြီးကို ဆွဲထုတ်လေ့ရှိတယ်။ ကဗျာဆိုတာဟာ ဗလာကျင်းသွားအောင် ရှင်းထုတ်ပစ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တဲ့ ခရီးဆောင်သေတ္တာ အခွံတစ်လုံးပဲ။
မေး
ရှင့်ရဲ့ ကဗျာတွေထဲမှာ ဟာသမြောက်အောင် ကြိုးစားထားတာလား၊ ဒါမှမဟုတ် မတော်တဆပဲ ဒီအတိုင်း ရယ်စရာလေးတွေ ဖြစ်သွားတာမျိုးလား။
ဖြေ
Calvino ပြောတဲ့ ပုံစံအတိုင်းပဲ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ ကျမ ကိုယ့်ကိုယ်ကို တိုက်တွန်းပါတယ်။ သူက ဘယ်လိုမျိုး ထုတ်ပြောသလဲဆိုတော့ သူ့ရဲ့ စာအုပ်ဖြစ်တဲ့ Six Memos for the Next Millennium ထဲမှာ "ကျတော့် အတွက်တော့ ပေါ့ပါးတယ်ဆိုတာမှာ အနုစိတ် တိကျမှု (precision)၊ သေချာတဲ့ စိစစ်သတ်မှတ်မှု (determination) ၊ အလေးချိန်မဲ့ပုံရတဲ့ နှုတ်အားဖြင့် ဖွဲ့စပ်ပုံ (verbal texture) တွေပါတယ်။ သူတို့ရဲ့ အဓိပ္ပါယ်ကိုယ်၌က ရှားရှားပါးပါး အပြောင်းအလဲမရှိတဲ့ အခြေအနေရောက်သည်အထိပေါ့။"
လူတွေဟာ Billy Collin ရဲ့ ကဗျာတွေ ဟာသမြောက်သလို၊ တင်္ခဏုပ္ပတ္တိဉာဏ် ပေါ်လွင်စေသလိုမျိုး ကျမကဗျာတွေဟာ ဟာသနှောပြီး ရယ်ရွင်ဖို့ကောင်းတယ်လို့ ပြောချင်တဲ့အတွက်ကြောင့် ကျမ ကဗျာတွေကို ဝေဖန်မှုမှာ သူတို့အနေနဲ့ နည်းနည်း ခဲရာခဲဆစ် ဖြစ်ကြတယ်။ ဒါပေမယ့် အဲဒါတွေအပြင် နောက်ထပ် အခြားတစ်ခုရှိနေသေးတယ်။ အဲဒီ ရုပ်ပြောင် ကိစ္စပဲ။ ကျမ ကဗျာတွေကို ပရိတ်သတ်ကို ရွတ်ပြတဲ့အခါမျိုးမှာ လူတွေဆီက ရယ်သံမောသံတွေကို ကြားရတတ်တယ်။ ဒါပေမယ့် ဒါဟာ ဒဏ္ဍာရီနတ်သမီးတစ်ပါးရဲ့ လက်ဆောင်တစ်ခုလိုမျိုး အိမ်ပြန်ရောက်လို့ သဘောပေါက်သွားတာနဲ့ တပြိုင်နက် အလန့်တကြားဖြစ်သွားကြလိမ့်မယ်လို့ ကျမကတော့ သူတို့ကို အမြဲ သတိပေးပါတယ်။
လေးလေးနက်နက် တွေးလွန်းစေတဲ့ ကဗျာမျိုးကို ကျမလဲ မခံစားတတ်ဘူး။ ဒါပေမယ့် ဒီလိုပြောလို့ ကျမရဲ့ ကဗျာတွေဟာ လေးနက်မှု မရှိဘူးလို့တော့ ကျမ မဆိုလိုပါဘူး။
မေး
ဝေဖန်ရေးသမားတွေကတော့ ရှင့် ကဗျာတွေကို Dickinson ရဲ့အရေးအသားတွေနဲ့ ခိုင်းနှိုင်းကြတယ်။ ရှင်ရော ရှင့်ကိုယ်ရှင် Dickinson နဲ့ တူတယ်လို့ ထင်မိသလား။
ဖြေ
ဒီမေးခွန်းက ဘာနဲ့တူသလဲဆိုတော့ "ရှင်ဟာ ဘုရားသခင်နဲ့ တူတယ်လို့ ထင်မိလား" ဆိုတဲ့ မေးခွန်းမျိုးပဲ။ ဒါဟာ အခြားလူတွေအတွက် စိတ်ဝင်စားစရာ ကောင်းချင်ကောင်းနိုင်တယ်။ ကျမအတွက်တော့ စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဒါပေမယ့် ဒီလိုဝေဖန်ခံရတာဟာ တခြားလူတွေက လုပ်သင့်တယ်လို့ ထင်တဲ့အလုပ်မျိုးကို ကျမကို လုပ်ဖြစ်အောင် ပြောနေသလိုပဲ။ ဒါ့ထက် ရှင်ဆိုရင်ရော ဘုရားသခင်နဲ့ ဘယ်လိုပုံစံ နှိုင်းယှဉ်တာမျိုးကို လိုချင်မိသလဲ။
မေး
ရှင် နိုင်ငံတလျှောက်ဖြတ်ပြီး စက်ဘီးခရီးရှည် စီးခဲ့စဉ်က ရှင်ဟာ စာရေးဆရာတစ်ယောက် ဖြစ်ဖို့ ကံပါလာတယ်ဆိုတာကို တွေ့ရှိခဲ့တယ် မဟုတ်လား။ ဒီတော့ စာတွေရေးတတ်ဖို့ ရှင့်ကိုယ်ရှင် ဘယ်လို သင်ကြားခဲ့သလဲ။
ဖြေ
ဒီခရီးနဲ့ ပတ်သတ်လို့ နေ့စဉ်မှတ်တမ်းတစ်ခု ကျမ သိမ်းထားခဲ့ပြီး နေ့စဉ် အိပ်ရာနိုးတိုင်း ဒီမှတ်တမ်းကို ပြင်စရာရှိတာတွေ ပြင်၊ ပိုရှည်လာအောင် ကူးပြီးတော့ အသွင်ပြောင်းအောင် ရေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ အကျင့်တစ်ခု ဖြစ်လာခဲ့တယ်။
ဒါပေမယ့် အဲဒီအလုပ်ပြီးသွားတော့ ကျမ ဘာဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူး။ ဒီတော့ ကျမ တာရော့ကားချပ်တစ်ထုပ် ဝယ်ခဲ့တယ်။ ကဒ်တွေကို ဘယ်လိုဖတ်ရမယ်၊ ဘယ်လို စီရမယ်၊ ဘယ်လို ကုလားဖန်ထိုးရမယ် စတာတွေပါတဲ့ စာအုပ်သေးသေးတစ်အုပ်။ ၁၉၇၀ ပုံမှန် ကဒ်တစ်ထုပ်ပဲ။ ဒါပေမယ့် ကျမ တစ်ခါမှ မလေ့လာဖူးတဲ့အတွက် ဒီကဒ်တွေကို ဘယ်လိုဖတ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သင်ယူဖို့ စိတ်မရှည်ခဲ့ဘူး။ ကဒ်တွေဟာ ကြည့်ဖို့လောက်ပဲ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမယ့် စာအုပ်လေးထဲမှာပါတဲ့ အသေးစိတ်ရေးထားတဲ့ ကုလားဖန်ထိုးနည်းတွေကိုတော့ သုံးဖြစ်ခဲ့တယ်။ မနက်တိုင်း ကဒ်တစ်ခုကို ကျမ လှန်ပြီးတော့ အဲဒီကဒ်အကြောင်း ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ ကဒ်ဟာ အချစ်အကြောင်း ဖြစ်ရင်ဖြစ်မယ်။ မရဏဆိုတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ကျမရဲ့ ပရောဂျက် ဒါမှမဟုတ် ကစားနည်းကတော့ ဒီအထုပ်ထဲမှာရှိတဲ့ ကဒ် အရေအတွက်အတိုင်း ကဗျာတွေ ရေးဖို့ပဲ။ ဒါပေမယ့် ဘယ်ကဒ် ရောက်လာမယ်မှန်း ကျမထိန်းချုပ်လို့ မရတဲ့အတွက် တချို့အရာတွေကို ထပ်တလဲလဲ ရေးခဲ့တယ်။ တချို့အရာတွေကိုတော့ တခါမှ မရေးခဲ့ဖူးဘူး။ ဒါဟာ ကျမကို အပိုင်းအခြားတစ်ခု သတ်မှတ်ပေးခဲ့တာပဲ။
ကဗျာရေးတယ်ဆိုတာ အဖုံးအအုပ် အကာအကွယ်မဲ့ပြီး လုံးဝမြင်သာအောင် ဖော်ပြခြင်းပဲလို့ အမြဲတမ်း နားလည်ထားခဲ့တာ။ ဒါပေမယ့် ဒီကဒ်တွေထဲမှာ အဝတ်အစားတွေကို ဆုတ်ဖြဲထားတဲ့ သရုပ်ပြပုံစံတွေပဲ ရှိပြီး ကျမ သူတို့လို လိုက်မဆုတ်ဖြဲနိုင်ဘူး။ ကျမရဲ့ ဦးနှောက်ကတော့ ဗလာဟင်းလင်းဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် အဲလိုမျိုးလဲ ကျမ မဖြစ်စေချင်ခဲ့ဘူး။ နောက်ပြီး အဲဒီ နှလုံးသားအကြောင်း အချစ်အကြောင်းတွေလဲ စိတ်မဝင်စားခဲ့ဘူး။ တာရော့ကဒ်တွေက ကျမကို အကြောင်းအရာမျိုးစုံ။ လိုအပ်လာခဲ့ရင် အချစ်အကြောင်း အပါအဝင် အားလုံးကို ရေးလို့ရပါ့လား ဆိုတဲ့အချက်ကို မြင်အောင် ပြပေးခဲ့တယ်။ မြင်သာအောင် မပြနိုင်ဘူးဆိုတဲ့ စိတ်ရဲ့လှည့်စားမှုကိုတော့ ထိန်းထားရင်းနဲ့ပေါ့။ အကယ်၍ လူတစ်ယောက်ဟာ စာကို ကောင်းကောင်းရေးနေပြီဆိုရင် လုံးဝ မြင်သာအောင် သူ့အလိုလို ဖော်ထုတ်ပြသွားနိုင်တာပဲ။ ဒါပေမယ့် တချိန်တည်းမှာပဲ စာရေးနေသူဟာ လုံလုံခြုံခြုံ ကာကွယ်ပြီး သေချာ ဖုံးကွယ်ထားတယ်လို့လဲ ခံစားတတ်ရမယ်။
မေး
ဒါပဲလား။ ရှင့်ရဲ့ စာရေးပုံ style ဟာ ဒီအတိုင်းပဲ မွေးဖွားလာတယ်ပေါ့။
ဖြေ
ဟင့်အင်း။ ကျမရဲ့ စာရေးပုံက အလွန်အမင်းကို စကားပြေဆန်လွန်းနေသေးတယ်။ ကျမရဲ့ ပြဿနာက ဘာလဲဆိုရင် ပထမဆုံး ကျမဟာ ကဗျာကို ဆန္ဒနဲ့ ဖွဲ့စည်းလိုက်တယ်။ ထိန်းချုပ်မှု အားလုံးဟာ ကျမလက်ထဲမှာ။ ဒါပေမယ့် မကြာဘူး။ metaphor (တင်စားမှု ဥပစာ) တွေရဲ့ သဒ္ဓါထက်သန်မှုတွေနဲ့ rhyme (ကာရန်၊ နဘေ) တွေဟာ ကျမကို သူတို့ရဲ့ ရှုပ်ထွေးပြီး လွယ်လွယ်ကူကူ လွတ်လမ်းမရှိတဲ့ နေရာတွေ၊ ဦးတည်ချက် အသစ်တွေဆီကို ခေါ်သွားတော့တာပဲ။ ဒီတော့ ကျမ စိတ်ထဲမှာ ရှိနေတဲ့ ကဗျာအတွက် ဆန္ဒ၊ ရည်ရွယ်ချက် ဆိုတာက ဟိုဟိုဒီဒီတွေ ရောက်ကုန်တယ်။ အဲဒီ ရည်ရွယ်ချက်တွေ၊ လမ်းလွှဲ၊ လမ်းလွဲခြင်းတွေ ရောစပ်ထားမှုထဲမှာမှ ကျမထက် အဝေးကြီးကိုကျော်လွန်ပြီး အကြောင်းအရာတွေရဲ့ သေးငယ်လွန်းတဲ့ အရိပ်အမြွက်လေးတွေကို နောက်ဆုံး ကျမ ရတယ်။
မေး
recombinant rhyme လို့ ရှင်ခေါ်တဲ့ အရာကို ဘယ်မျိုး တွေ့ခဲ့သလဲ။
ဖြေ
ကျမ စရေးတဲ့အချိန်မှာ ဘယ်သူမှ ကာရန်ညီအောင် မရေးကြဘူး။ ဒါဟာ လုံးလုံးလျားလျား နာမည်ပျက်နေတဲ့ ကိစ္စတစ်ခုပေါ့။ ဒါပေမယ့် ကာရန်ဟာ ကျမအတွက်တော့ အချက်ပေး ဥသြပဲ။ ကျမစိတ်ထဲမှာ ကျမခွင့်ပြုချက် မပါပဲ ကာရန်ထပ်နေတဲ့ အကြောင်းအရာတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် စာကြောင်းတွေ နောက်ဆုံးမှာ ဆုံးလေ့ရှိတဲ့ ကာရန်မျိုးကိုတော့ ကျမ အတည်မယူချင်ဘူး။ ဒီတော့ ကျမအနေနဲ့ အခြားနည်းလမ်းတစ်ခုကို ရှာရတော့မယ်။ ကာရန်တွေကို မှားယွင်းတဲ့ စာကြောင်းအဆုံးမှာတွေ၊ စာကြောင်းရဲ့ အလယ်တွေမှာ ကျမ သိုဝှက်လိုက်တယ်။ စကားလုံးတစ်လုံးရဲ့ အစက အခြားစကားလုံးတစ်လုံးရဲ့ အဆုံးနဲ့ ကာရန်တူနေလိမ့်မယ်။ ဒါမှမဟုတ် စကားလုံး တစ်လုံးဟာ အခြားစကားလုံး သုံးလုံးနဲ့ ခပ်ဆင်ဆင်ရှိချင် ရှိနေနိုင်တယ်။ ဥပမာ "Turtle" မှာဆိုရင် "afford" ကို အတက် လေးခုပါတဲ့ ခမောက် "a four-oared" ဆိုတာနဲ့ ကာရန်စည်းချက်မိအောင် လုပ်လိုက်တယ်။
Who would be a turtle who could help it?
A barely mobile hard roll, a four-oared helmet,
She can ill afford the chances she must take
In rowing toward the grasses that she eats.
တတ်နိုင်ခဲ့မယ်ဆိုရင် ဘယ်သူက လိပ်တစ်ကောင် ဖြစ်ချင်မှာလဲ
ရွေ့လျားနိုင်ရုံမျှသာ ရှိတဲ့ အလိပ်လို၊ အတက်လေးခုနဲ့ ခမောက်
သူမ လက်ခံရမယ့် စွန့်စားမှုတွေအတွက် ခံနိုင်စွမ်းက မရှိ
လှော်ရင်းခတ်ရင်း သူမ စားတဲ့ မြက်ပင်တွေဆီ
ဒီပုံစံနဲ့ ကာရန်တွေဟာ ဒီအထဲမှာပဲ ဟိုခုန်လိုက် ဒီခုန်လိုက်နဲ့ အားလုံးကို တစ်စုတစ်စည်းထဲဖြစ်အောင် ချုပ်နှောင်ထားတယ်။
ပေါင်းစပ်ပြောင်းလဲဖွဲ့စည်း ကာရန် (recombinant rhyme) ဆိုတာက ဘာလဲဆိုတော့ ရေခူ (jellyfish) တစ်ကောင်ရဲ့ အမှောင်ထဲမှာ လင်းတဲ့ မျိုးဗီစကို ယုန်ကလေးတွေဆီမှာ ညှပ်ထည့်ပြီး သူတို့ကို အစိမ်းရောင်အလင်း ဖြာထွက်အောင် လုပ်သလိုမျိုးပဲ။ အသံစလေးတွေကို ကဗျာတစ်ပုဒ်လုံးမှာ ဟိုတစ်စ ဒီတစ်စ ဖြတ်ညှပ်ထည့်လိုက်။ အမှောင်မှာ အရောင်အသွေးတောက်ပမှု နည်းနည်းဖြစ်ဖြစ် ထွက်မယ်လို့ ယူဆတဲ့ ကဗျာတွေမှာ ပြန်ဖြန့်ခွဲဝေပြီးတော့ အဲဒီ အသံစလေးတွေကို ထည့်လိုက်တာပဲ။ ဒီတော့ ကဗျာတွေ တောက်ပသွားတာပေါ့။
မေး
ရှင် form အနေနဲ့ ကဗျာတွေ ရေးလေ့ရှိလား။
ဖြေ
ဟင့်အင်း။ ကျမ ဘယ်တုန်းကမှ မရေးခဲ့ဘူး။ ကျမ အဲဒီအတွက် အထုံပါရမီ မပါဘူး။ ဒါဟာ ကသိကအောက်ဖြစ်စေတာတော့ အမှန်ပဲ။ တကယ်လို့ Frost ရေးတယ်၊ Larkin ရေးတယ် ဆိုရင်တော့ ကျမသိပ်သဘောကျတယ်။ ဒါပေမယ့် ကျမအတွက်တော့ ဒါဟာ ကိုယ်နဲ့ မတော်တဲ့ အဝတ်အစားတွေ ဝတ်နေရသလိုပဲ။
မေး
Strangely Marked Metal နဲ့ Flamingo Watching အကြား ကိုးနှစ်တာကာလမှာ ရှင် နေ့တိုင်း ကဗျာတွေ ရေးနေခဲ့လား။
ဖြေ
နေ့တိုင်းတော့ ကျမ မရေးဘူး။
မေး
စာအုပ် တစ်အုပ်နဲ့ တစ်အုပ်ကြားမှာ အချိန်များများ ယူရတယ်လို့ ရှင်ထင်မိလား။
ဖြေ
ကျမ အထင် အပြင်လောကမှာ ကဗျာတွေ အရေအတွက် အရမ်းပေါပါတယ်။ ဒီစွန့်ပစ်စီးကြောင်း မှာ ကျမ ထပ်ထည့်ဖို့ မလိုဘူးလေ။
မေး
ရှင့်ရဲ့ ကဗျာတွေမှာ ရှင်အမြဲတမ်း ယုံကြည်မှု ရှိလား။ ဟိုး ကနဦးကနေ စလို့ပေါ့။
ဖြေ
အထူးသဖြင့် အစပိုင်းမှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ရေးနေမိမှန်း ကျမကိုယ်တိုင် မသိခဲ့ဘူး။ ဒါဟာ ကံကောင်းခြင်း တစ်မျိုးပဲ။ လူတိုင်းဟာ ကျမ ကောင်းတယ်လို့ ထင်သလောက် ကောင်းပါတယ်လို့ မတွေးကြလောက်အောင် မိုက်မဲကြပါလားလို့ ကျမ မတွေးခဲ့မိဘူးဆိုရင် ကျမ ဘယ်လိုများ ရပ်တည်မလဲဆိုတာကို တွေးတောင်မတွေးတတ်ဘူး။ ဒါပေမယ့် ကျမ ကိုယ့်ကိုယ်ကို ကာကွယ်ပြီး ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်သစ် စာရေးဆရာတစ်ယောက် ဖြစ်ရခြင်းလောက် တရားဝင်ဖြစ်တာ ဘာမှမရှိဘူးလေ။ ဒီတော့ ကျမက ဒါကို အလေးထားပြီး ဒီစာရေးခြင်း အတတ်ပညာကို ကျွမ်းကျင်အောင်ပဲ ဖန်တီးသင်ယူခဲ့ရတာပေါ့။
မေး
ရှင် အောင်မြင်လာတာနဲ့အမျှ ရှင့်ရဲ့ အရေးအသားတွေအပေါ်မှာ ထားတဲ့ အမြင်ရော ပြောင်းလဲခဲ့သလား။
ဖြေ
လောကကြီးဆီက အသိအမှတ်ပြုမှုကို အရနည်းလေလေ ဒါဟာ အခြေခံအုတ်မြစ်တစ်ခုကို ရှာဖွေတွေ့ပြီးကတည်းက အကောင်းဆုံးအရာတစ်ခုပဲလို့ ခိုင်ခိုင်မာမာ မရမက ပြောနိုင်လာလေလေပဲ။ ဒါပေမယ့် လောကဆီက ကျမအပေါ်ထားတဲ့ ထင်မြင်ချက် သဘောထားတွေ မြင့်တက်လာတိုင်း ကိုယ့်ကိုယ်ကို ထားတဲ့ သဘောထားကတော့ သိသိသာသာ လျှော့ကျသွားတယ်။
ကျမရဲ့ စာတွေ တွင်တွင်ကျယ်ကျယ် ရောက်နေတာကိုတော့ အံ့သြမိတယ်။ ကျမ အလုပ်သင်ပုံစံမျိုးနဲ့ ကိုယ်တိုင် အချိန်ကြာကြာ သင်ယူခဲ့ရတာကိုး။
အမေရိကန် အမျိုးသမီးကဗျာဆရာ ခေးရိုင်ယိုင်နှင့် တွေ့ဆုံခြင်း (၂) သို့ ဆက်လက်ဖတ်ရှုရန်
ဝန်ခံချက် ဖြူနှင်းဖွေး ဖေဘုတ်မှ ကူးယူသည်

ဘာသာပြန်- ၅
လှေကားတစ်စင်းကို သယ်ဆောင်၍
June 15, 2013 at 1:33pm
လှေကားတစ်စင်းကို သယ်ဆောင်၍ငါတို့ဟာ တစ်ချိန်လုံး
လှေကားတစ်စင်းကို တကယ်ပဲ
သယ်ဆောင်နေကြတယ်၊ ဒါပေမယ့်
သူက ကိုယ်ဖျောက် ၀ိဇ္ဇာ။ အရေးပါ
အကြောင်းအရာ တစ်ခုခု
မှားယွင်းသွားမှာသာ ငါတို့က
သိလိုက်တာမျိုး။ အဖိုးတန်
တစ်စုံတစ်ခု ပျက်စီးသွားမှ၊
ဖြတ်သန်းသွားလာဖို့ မဖြစ်နိုင်ကြောင်း
အလွယ်တံခါးတွေက သက်သေပြလိုက်မှ။
ဒီလိုမှ မဟုတ်လည်း ခန္ဓာကိုယ်ထဲမှာ
ယိမ်းလွှဲစီးနေတဲ့ ဒါမှမဟုတ် အလယ်ဗဟိုနဲ့
အလှမ်းဝေးဝေး ကမ္ဘာမြေဆွဲငင်အားတွေ
များများစားစား ရှိချိန်မျိုးမှာမှ။
နောက်ပြီး စိတ်အာရုံထဲမှာ
မူးယိုင်ယိုင် အစွမ်းအစနဲ့
လက်လှမ်းမမှီ ပန်းသီးတွေကို
ခူးဖို့ သွားလှမ်းလိုက်ချိန်မျိုးမှာမှ။
ဆုံးရှုံးပျက်စီးမှုနဲ့ တောင်းပန်မှုကနေ
ကျော်တက်ဖို့ လူတစ်ယောက်မှာ
နည်းလမ်းတစ်ခုခု ရှိနေခဲ့သလိုမျိုး။
Carrying a Ladder
We are always
really carrying
a ladder, but it’s
invisible. We
only know
something’s
the matter:
something precious
crashes; easy doors
prove impassable.
Or, in the body,
there’s too much
swing or off-
center gravity.
And, in the mind,
a drunken capacity,
access to out-of-range
apples. As though
one had a way to climb
out of the damage
and apology.
~Kay Ryan
**This poem originally appeared in the April 2004 issue of Poetry magazine.
ဘာသာပြန်အမှားအယွင်း အတိမ်းအစောင်း လိုအပ်ချက်များရှိခဲ့ပါက ဘာသာပြန်သူ၏ အားနည်းချက်သာဖြစ်ကြောင်း။
ဖြူနှင်းဖွေး
June 15th, 2013
ဝန်ခံချက် ဖြူနှင်းဖွေး ဖေ.ဘုတ်မှ ကူးယူပါသည်
ဘာသာပြန်-၎
အမေရိကန် အမျိုးသမီးကဗျာဆရာ နာတာရှာ ထရက်ဒ်သဝေး
July 2, 2013 at 9:22pm
နာတာရှာ
ထရက်ဒ်သဝေး (Natasha Trethewey) ဟာ သူမရဲ့ လူမျိုး၊ သမိုင်းနောက်ခံ
အကြောင်းအရာတွေကို မေ့ပျောက်ပစ်ခြင်း၊ မိသားစု၊ အတိတ်ရဲ့
အောက်မေ့သတိရစရာများနဲ့ လုပ်ငန်းဆိုင်ရာ အဆင့်အတန်းတွေအပေါ်မှာ
လေးလေးနက်နက် ပြန်ပြောင်း ဆင်ခြင်သုံးသပ်နိုင်ခြင်းတွေကြောင့် အမေရိကန်ရဲ့
အပြောင်မြောက်ဆုံး ခေတ်ပြိုင်ကဗျာဆရာတွေထဲက တစ်ရောက်အဖြစ်
ဂုဏ်ပြုသတ်မှတ်ခြင်းခံရပါတယ်။ သူမရဲ့ ကဗျာတွေက ဆုံးရှုံးမှုကို
ပေါ်ပေါ်လွင်လွင် ပုံဖမ်းနိုင်တဲ့ ထုတ်ဖော်ပြသမှုတွေကို ပေးစွမ်းနိုင်သလို
လူသားတို့ရဲ့ အတိတ်ကို ရှာဖွေမှုကိုလည်း ရဲဆေးတင်ပေးတတ်ပါတယ်။ မစ်စစ္စပီဟာ
သူမရဲ့ မွေးရပ်ဖြစ်ပြီး ထရက်ဒ်သဝေးဟာ ၁၉၈၉ ခုနှစ်မှာ အင်္ဂလိပ်စာ အဓိက B.A
ဘွဲ့ကို University of Georgia ကနေ ရရှိခဲ့ပါတယ်။ နောက်ပြီး
ဂျော်ဂျီယာတက္ကသိုလ်ရဲ့ စာနယ်ဇင်းပညာရပ် မဟုတ်တဲ့ ပြင်ပဘာသာရပ်အနေနဲ့
ပထမဆုံး Pulitzer Prize ကို ၂၀၀၇ မှာ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်တယ်။ ယခု
လက်ရှိမှာတော့ သူမဟာ Emory University ရဲ့ ကဗျာဗေဒ ဘာသာရပ်မှာ Phillis
Wheatley Distinguished Chair ဂုဏ်ထူးကို လက်ခံရရှိထားပြီး ဖန်းတီးမှု
အရေးအသား (creative writing) ဌာနမှာ စာသင်ကြားတဲ့ အလုပ်ကို
လုပ်ကိုင်နေပါတယ်။
ထရက်ဒ်သဝေးကို လူဖြူပါမောက္ခ ဖခင်နဲ့ လူမည်း လူမှုဖူလုံရေးဝန်ထမ်း မိခင်တို့က မစ်စစ္စပီမှာ မွေးဖွားခဲ့ပါတယ်။ ဒါဟာ သူမအတွက်တော့ ငယ်စဉ်ကတည်းက သူမဟာ မည်သူမည်ဝါဖြစ်ကြောင်း ဆိုတဲ့ မေးခွန်းမျိုးကို မေးတတ်စေအောင် ဖန်တီးပေးလိုက်တာပါပဲ။ သူမ သူ့နည်းသူ့ဟန်နဲ့ အမြဲပြောလေ့ရှိတာကတော့ "ကလေးတစ်ယောက်အနေနဲ့ လူတွေက ကျမကို ငေးစိုက်ကြည့်ကြတယ်ဆိုတာကို ကျမ အထူးတလည် သတိထားမိတယ်။ ကျမ ဘဝတစ်လျှောက်လုံးလဲ အမေးမြန်းခံနေခဲ့ရတယ်။ မင်းက ဘာလဲ ဘယ်လဲ ဆိုတာမျိုး။ ကျမ အမေက လူမည်းလူမျိုး ဒါပေမယ့် ကျမ အဖေကတော့ လူဖြူတစ်ယောက်ဖြစ်နေတာကိုး။" ဆိုတာမျိုးပါပဲ။ ထရက်ဒ်သဝေးရဲ့ ငယ်စဉ်ဘဝမှာ ကတည်းက ရှိနေခဲ့တဲ့ တောင်ပိုင်းဒေသစွဲ လူမျိုးရေး အမွေဟာ သူမရဲ့ စာပေတွေမှာ တည်ရှိဆဲ တည်ရှိမြဲဖြစ်ကြောင်းကိုလည်း အသားပေးဖော်ပြနေတယ်။ အင်တာဗျူးတစ်ခုမှာတော့ တောင်ပိုင်းဒေသမှာ ကြီးပြင်းခဲ့ခြင်းမှုအပေါ်ထားတဲ့ သူမရဲ့ ရှုပ်ထွေးခက်ခဲတဲ့ အမြင်တွေကို ဒီလိုပြောပြခဲ့ပါတယ်။ "ကျမထင်တာကတော့ ရှင်ဟာ အမေရိကန် အာဖရိကန်နွယ် စာရေးသူတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်ဆိုရင် တောင်ပိုင်းဒေသနဲ့ ပတ်သတ်တဲ့ ချစ်ခြင်း-မုန်းခြင်း ဆက်ဆံရေးမျိုး ရှိကိုရှိနေမှာပဲရယ်။ နောက်ပြီး အဲဒါကို ကျမ သဘောကျတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သတ်လို့ ဖော်ထုတ်ပြောပြဖို့လိုတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိတယ်ဆိုတာကိုလည်း ကျမ သိနေပါတယ်”။
သူမရဲ့ Native Guard ကဗျာစာအုပ်ထဲမှာပါတဲ့ "အဖြစ်အပျက်" ဆိုတဲ့ ကဗျာမှာ သူမတို့ မိသားစုခြံထဲမှာရှိတဲ့ လက်ဝါးကပ်တိုင်ကို လက်ယာစွန်းရောက် ဖောက်ပြန်ရေးအင်အားစုတွေ လာပြီး မီးရှို့ ဖျက်ဆီးခဲ့တဲ့ ညအကြောင်းကို အခုလို အသေးစိတ်ပြန်ပြောပြထားတယ်။
ဝတ်ရုံဖြူနဲ့ လူတစ်သိုက်အဖြစ် ဘုရားခင်ရဲ့ တမန်တော်တွေလို စုရုံးရောက်လာခဲ့ကြပုံပဲ
သူတို့လုပ်ဆောင်စရာတွေ ပြီးတာနဲ့ တိတ်ဆိတ်စွာ ပြန်ထွက်သွားကြတယ်
ဘယ်သူမှတော့ ရောက်မလာခဲ့ဘူး
.....
တကယ်တော့ ဘာဆို ဘာမှ မဖြစ်ပျက်ခဲ့ပါဘူး
ဖြာနေတဲ့ မီးလျှံတွေက မနက်မိုးမလင်းခင် လုံးဝ မှိန်သွားခဲ့ပြီ
ငါတို့ဟာ ဒီဇာတ်လမ်းကို နှစ်စဉ်နှစ်တိုင်း ပြောလို့
သူမ အသက်ခြောက်နှစ်ရောက်တဲ့အခါမှာ သူမ မိဘနှစ်ပါး ကွာရှင်းပြဲစဲခဲ့ကြတယ်။ သူမ မိဘတွေရဲ့ လမ်းခွဲမှုအပြီးမှာ ထရက်ဒ်သဝေးက သူမ မိခင်နဲ့အတူ Atlanta ကို ပြောင်းရွေ့နေထိုင်ခဲ့တယ်။ နောက်ပိုင်း နှစ်အနည်းငယ်အကြာမှာတော့ University of Georgia မှာ တက်ရောက်ပညာသင်ယူခဲ့တယ်။
ထရက်ဒ်သဝေးရဲ့ ကဗျာတွေမှာ အများအားဖြင့် သူမဘဝရဲ့ အတိတ်ဇာတ်ကြောင်းတွေနဲ့ အမေရိကန်လူမျိုးတွေရဲ့ သာမန်ယေဘူယျ အတိတ်ကာလကို ပေါင်းစပ်ပြီး ဇာတ်အိမ်ဖွဲ့ ရေးလေ့ရှိတယ်။ Native Guard မှာတော့ မစ်စစ္စပီ Ship Island မှာ အမေရိကန်တောင်ပိုင်း ခွဲထွက်ဒေသအကျဉ်းသားတွေကို စောင့်ရှောက်ထားတဲ့ လူမည်းပြည်ထောင်စု တပ်ရင်းတစ်ခုရဲ့ ဇာတ်ကြောင်းကို တပ်သားတစ်ယောက်အမြင်နဲ့ ခံစားပြီး မူလအခြေအနေအတိုင်း မပျက်မယွင်း တင်ပြထားတယ်။ သူမ အဆိုအရ "ဆင်ခြင်တုံတရားကို ထောက်ထားပြီး ကျမတို့အနေနဲ့ မေ့ပစ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် အဓိကအချက်က ဘာလဲဆိုရင် သမိုင်းနောက်ခံအချက်တွေ အတိတ်မေ့ကုန်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် မေ့ပျောက်ပစ်ဖို့နဲ့ အမှတ်တရရှိနေဖို့ လိုအပ်တာတွေကို ဟန်ချက်ညီအောင် ချိန်ထိုးတတ်ဖို့ပဲ။ " ဒီအယူအဆအမှားကို ရှောင်တိမ်းချင်တဲ့ ဆန္ဒဟာ ထရက်ဒ်သဝေးရဲ့ ကဗျာနဲ့ စာပေတွေမှာ ယနေ့အထိ တောက်လျှောက် ဆက်လက်တည်ရှိနေပါသေးတယ်။
မကြာသေးမီက ထုတ်ဝေခဲ့တဲ့ Beyond Katrina: A Meditation on the Mississippi Gulf Coast စာအုပ်နဲ့ သူမရဲ့ မွေးရပ်ဖြစ်တဲ့ မစ်စစ္စပီ Gulfport မြို့နဲ့ လေမုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် အကျပ်အတည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရတဲ့ ဒေသခံ လူထုကို ဂုဏ်ပြုထားခဲ့တယ်။
သူမရဲ့ ပထမဆုံး ကဗျာပေါင်းချုပ်ကို ၂၀၀၀ ခုနှစ်မှသာ ပုံနှိပ်ထုတ်ဝေခဲ့ပေမယ့် ထရက်ဒ်သဝေးဟာ အဲဒီအချိန်မှာ သူမရဲ့ ကဗျာတွေအတွက် ဂုဏ်ပြုဆုပေါင်းများစွာကို ရရှိနေခဲ့ပြီးပါပြီ။ Native Guard ကဗျာနဲ့ ပူလစ်ဇာဆုကို ရပြီးတဲ့အပြင် ၁၉၉၉ ခုနှစ်မှာ Domestic Work ကဗျာနဲ့ Cave Canem ကဗျာဆု၊ ၂၀၀၁ ခုနှစ်မှာ Mississippi Institute of Arts and Letters Book Prize ဆု နဲ့ 2001 Lillian Smith Award for Poetry ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။ Bellocq's Ophelia စာအုပ်ဟာ 2003 Mississippi Institute of Arts and Letters Book Prize ဆုကို ရခဲ့ပြီး American Library Association ရဲ့ 2003 Notable Book အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံရပါတယ်။ ထရက်ဒ်သဝေးဟာ Guggenheim Foundation နဲ့ Rockefeller Foundation နဲ့ National Endowment for the Arts တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ်လဲ သတ်မှတ်ခြင်းခံရပြီး Harvard University မှာ အဆင့်မြင့်ပညာသင်ကြားဖို့ Bunting Fellowship Program of the Radcliffe Institute ကပေးတဲ့ ပညာသင်ထောက်ပံ့ကြေးကိုလဲ ရရှိခဲ့ပါသေးတယ်။ The Southern Review လို စာစောင်တွေအတွက်လဲ သူမက မကြာခဏ ပံ့ပိုးပေးတတ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Georgia Woman of the Year အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတယ်။
ထရက်ဒ်သဝေးရဲ့ နောက်ဆုံး ကဗျာစာအုပ် Thrall ကို၂၀၁၂ မှာ ထုတ်ဝေခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ သူမဟာ မစ်စ္စစပီရဲ့ နိုင်ငံတော် ကဗျာဆရာအဖြစ် ဂုဏ်ပြုခန့်အပ်ခြင်းခံရပြီး Librarian of Congress ဖြစ်တဲ့ James Billington ကလဲ သူမကို အမေရိကန်ပြည်ထောင်စုရဲ့ တစ်ဆယ့်ကိုးရောက်မြောက် နိုင်ငံတော် ကဗျာဆရာအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သူမက အင်တာဗျူးတစ်ခုမှာ ကဗျာနဲ့ပတ်သတ်လို့ သူမအမြင်ကို အခုလို ပြောထားတာကို တွေ့ရတယ်။
"ကဗျာဟာ သူတို့ဘဝအတွက် အဓိပ္ပါယ်တစ်စုံတစ်ခုလောက် ရှိနိုင်မလားလို့ ကျမ သာမန်ပြည်သူလူထုကို မေးကြည့်ချင်တယ်။ ကလေးတွေဟာ ပန်းဂေါ်ဖီစိမ်းကို မြင်လိုက်ရင် သစ်ပင်ငယ်လေးတွေ လို့ခေါ်တတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ပန်းဂေါ်ဖီစိမ်း ဆိုတဲ့ စကားလုံးတစ်လုံး အနေနဲ့တင် မြင်တာမဟုတ်ဘူး။ ဒီအရာဟာ ဘာနဲ့တူသလဲဆိုတဲ့ အရုပ်ပုံစံ အသွင်ကိုပါ မြင်တတ်လို့ပဲ။ ကျမတို့လို အရွယ်ရောက်ပြီးသား လူကြီးတွေအနေနဲ့ အဲသလို စဉ်းစားဖို့ မေ့နေတတ်ကြတယ်။ အရာတစ်ခုရဲ့ ပုံစံကိုပါ မြင်သာအောင် စဉ်းစားတတ်ဖို့ မေ့နေကြပြီး အမြဲတမ်း သတိပေးနေခံရတတ်တယ်။"
သူမရဲ့ ကဗျာအချို့ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။
ဖြစ်ရပ်

ကန့်လန့်ကာကိုဆွဲချပြီး ပြတင်းပေါက်တွေကနေ ဘယ်လို စူးစိုက်ကြည့်ခဲ့သလဲ
ဘာဆို ဘာမှ မဖြစ်ပျက်ခဲ့သော်လည်း
လောင်ကျွမ်းပြီး မြက်ခင်းဟာ အခုတဖန် ပြန်စိမ်းလန်းလို့
ကန့်လန့်ကာကိုဆွဲချပြီး ပြတင်းပေါက်တွေကနေ စူးစိုက်ကြည့်ခဲ့တယ်
ခရစ်စမတ်သစ်ပင်လို ကျားကန်ထားတဲ့ လက်ဝါးကပ်တိုင်မှာ
လောင်ကျွမ်းပြီး မြက်ခင်းဟာ စိမ်းလန်းနေဆဲ - နောက်တော့
ငါတို့အခန်းတွေကို အမှောင်ချလိုက်တယ် - မှန်လုံရေနံဆီ မီးအိမ်ကို ထွန်းညှိလိုက်တယ်

လူတစ်သိုက် စုရုံးရောက်လာခဲ့တယ် - ဝတ်ရုံဖြူတွေက ဘုရားခင်ရဲ့ တမန်တော်တွေလို
ငါတို့အခန်းတွေကို အမှောင်ချလိုက်ပြီး မှန်လုံရေနံဆီ မီးအိမ်ကို ထွန်းညှိလိုက်တယ်
ဆီအပြည့်ခွက်ထဲမှာ မီးစာတွေ ကတုန်ကယင်နဲ့ လှုပ်ခတ်လို့
ဝတ်ရုံဖြူနဲ့ လူတစ်သိုက်အဖြစ် ဘုရားသခင်ရဲ့ တမန်တော်တွေလို စုရုံးရောက်လာခဲ့ကြပုံပဲ

ဆီအပြည့်ခွက်ထဲမှာ မီးစာတွေ တစ်ညလုံး ကတုန်ကယင်နဲ့ လှုပ်ခတ်နေခဲ့

သူတို့လုပ်ဆောင်စရာတွေ ပြီးတာနဲ့ လူတစ်သိုက် တိတ်ဆိတ်စွာ ပြန်ထွက်သွားကြတယ်
ဘယ်သူမှတော့ ရောက်မလာခဲ့ဘူး
ဖြာနေတဲ့ မီးလျှံတွေအားလုံး မနက်မိုးမလင်းခင် မှိန်သွားခဲ့ပြီ

* * * *
အချိန်နဲ့ နေရာရဲ့ သီအိုရီ
ဒီနေရာကနေ အဲဒီနေရာကို ရောက်နိုင်တယ် သို့သော်
အိမ် အပြန်လမ်းကတော့ မရှိ
မင်းသွားတဲ့ နေရာတိုင်းဟာ မင်း မရောက်ဖူးသေးတဲ့
အခြားတစ်နေရာရာပဲ။ ဒီလိုမျိုး စမ်းကြည့်
မစ်စစ္စပီ အမြန်လမ်းမ ၄၉ ကနေ တောင်ပိုင်းကို ဦးတည်သွား
မိုင်တိုင်အမှတ် တစ်ခုပြီးတစ်ခုဟာ မင်းဘဝရဲ့ နောက်ထပ် တစ်မိနစ်ကို
အမှတ်အသား ခြစ်နေတယ်။ ဒီလမ်းအတိုင်း လိုက်သွား
ပင်လယ်ကမ်းခြေမှာ ရှိတဲ့ သူ့ရဲ့ သဘာဝ အဆုံးသတ်နိဂုံး
တစ်ဖက်ပိတ်လမ်းဆီ။ မိုးကို ခြိမ်းခြောက်ခေါ်နေတဲ့ ကောင်းကင်ပြင်ထဲ
ပုဇွန်ဖမ်းလှေတွေရဲ့ ရွက်တိုင်ဆိုင်းကြိုးတွေချုပ်ထားပုံ လျော့ရိလျော့ရဲ
ဂါ့ဖ်ပေါ့ထ်ရဲ့ ဆိပ်ခံတံတားပေါ်မှာ။ လမုတော ရွှံ့နွံ့ပေါ်မှာ ၂၆ မိုင် ရှည်တဲ့ သဲတွေ
ပုံထားတဲ့ အတိတ်ရဲ့ မြေပြင်ကို မြှုပ်ထားတဲ့ လူလုပ် ကမ်းခြေကို ဖြတ်သန်းခဲ့။
အစီအစဉ်မကျ စာမျက်နှာအလွတ်တွေနဲ့ အောက်မေ့စရာအပြည့် ကျမ်းခိုင်လို
မင်း သယ်ကိုသယ်ရမယ့် ပစ္စည်းတွေကိုသာ ယူဆောင်လာခဲ့။
သင်္ဘောကျွန်းဆီသွားဖို့ လှေပေါ်တက်ရမယ့် နေရာ။ ဆိပ်ကမ်းမှာ
တစ်စုံတစ်ယောက်က မင်း ရုပ်ပုံကို ရိုက်ယူလိမ့်မယ်။
ဓာတ်ပုံပေါ့ - မင်း ဘယ်သူဖြစ်ခဲ့လဲ ဆိုတဲ့
အတိတ်ကမင်းဟာ မင်း ပြန်လာချိန်မှာ စောင့်နေလိမ့်မယ်။
"Incident"
(Copyright © 2007 by Natasha Trethewey) အား ဆီလျော်အောင် ဘာသာပြန်သည်။"Theories of Time and Space"
(Copyright © 2007 by Natasha Trethewey) အား ဆီလျော်အောင် ဘာသာပြန်သည်။
ဖြူနှင်းဖွေး
(ကဗျာလောက ၃)

ဝန်ခံချက် ဇြူနှင်းဖွေး ဖေဘုတ်မှကူးယူသည်

Sunday, 25 August 2013
ဘာသာပြန်-၃
အတွင်းခံ
May 29, 2013 at 9:33pm
ကိုယ့်အကြိုက်ကဗျာဆရာပဲ။
သူ့ကဗျာကိုမှီးပြီး
အတွငိးခံဘောင်းဘီဆိုတဲ့
ဝထ္တုတပုဒ်ရေးဖူးတယ်
Thitsarni Poetသူ့ကဗျာကိုမှီးပြီး
အတွငိးခံဘောင်းဘီဆိုတဲ့
ဝထ္တုတပုဒ်ရေးဖူးတယ်
အတွင်းခံ
မနေ့ညက ကျုပ်အိပ်ကိုအိပ်မရဘူး
အတွင်းခံဘောင်းဘီ အကြောင်းကိုစဉ်းစားရင်းနဲ့
ခင်ဗျားရော ကြိုးစားခဲ့ဖူးသလား
စိတ်ကူးထဲမှာရှိတဲ့ အတွင်းခံဘောင်းဘီစဉ်းစားခန်း
ကိုရပ်ပစ်ဖို့
အကယ်၍များ အဲဒါကို ခင်ဗျားဟာနက်နက်နဲနဲ
စဉ်စားရင်
တုန်လှုပ်စရာ တစ်ချို့သောပြဿနာတွေ ပေါ်ထွက်လာရော
အတွင်းခံဘောင်းဘီဆိုတာဟာတစ်ခုသောအရာဝတ္ထုပဲ
ကျုပ်တို့ သဘောပေါက်ဖို့လိုတာကထိုအရာသည်
လူတိုင်းဝတ်ကြသည်ဆိုတာကိုပဲ
ကျုပ်အထင်က ပုပ်ရဟန်းမင်းကြီးလည်းဝတ်တယ်
လူစီယားနားမြို့တော်ဝန်လည်းဝတ်တယ်
ဟိုတလောဆီက တီဗွီထဲသူ့ကိုတွေ့ရတာဖြင့်
သူဟာကြပ်စည်းနေတဲ့ အတွင်းခံဘောင်းဘီဝတ်ထားတာ
အသေအချာပဲ
သူကအတော်လေးကြပ်စည်းတုံ့နှေးနေခဲ့တယ်
အတွင်းခံဘောင်းဘီဆိုတာ ခင်ဗျားကိုတကယ်ပဲ
တုပ်နှောင်ကြပ်စည်းစေတဲ့အရာ
အတွင်းခံဘောင်းဘီကြော်ငြာတွေကိုခင်ဗျားလည်းမြင်ဖူးပြီးသားပဲလေ
ယောင်္ကျားဝတ်နဲ့ မိန်းမဝတ်
သိပ်တော့ မကွာပေမဲ့ အတော်လေးတော့ကွဲပြားရဲ့
ယောင်္ကျားဝတ်တွေက အရာဝတ္ထုတွေကို ဆွဲချပေးသလို
မိန်းမဝတ်တွေက အရာဝတ္ထုတွေကိုတွန်းတင်ပေ:တယ်
အတွင်းခံဘောင်းဘီဆိုတာဟာတစ်ခုသောအရာဝတ္ထုပဲ
ယောင်္ကျားနဲ့ မိန်းမကြားကမကွဲပြားတဲ့ ဘုံပစ္စည်းပဲ
ရောင်စုံ ဓါတ်ပုံတွေမှာ ခင်ဗျားလည်းတွေ့ဖူးတာပဲ
ခွကြားတွေကို စက်ဝိုင်းလုပ်ထားပုံကအဲဒီနေရာတွေမှာ
ပိုမိုအားရှိကြောင်း ပြသနေတာပဲ
ပြီးတော့ သုံးနားစလုံး ဆွဲဆန့်ပစ်လို့ရတယ်ဆိုပဲ
လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝလှုပ်ရှားလို့ရတယ်လို့ ကတိကဝတ်ပြုနေကြပုံမျိုးလေ
အယုံသွင်းမခံပါနဲ့
ဒါက နှစ်ဦးနှစ်ဖက်ပေါ်ကိုအခြေခံတဲ့ကိစ္စပါ
ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်စရာရှိတဲ့ကိစ္စမှမဟုတ်တာ
ဒါက တမင်ကို အကွက်ချပြီးသားကိစ္စ
အမေရိကားကတော့ သူ့ရဲ့ အတွင်းခံဘောင်းဘီထဲမယ်
တစ်ညတာလုံး ရုန်းကန်နေရရှာရဲ့
နောက်ဆုံးမတော့ အတွင်းခံဘောင်းဘီကအရာရာကို ထိန်းချုပ်ပစ်တော့တာပဲလေ
အဝတ်အစားတွေရဲ့ အောက်ဆုံးအလွှာကိုပဲကျုပ်က ဥပမာပေးရမယ်
ဒါက တကယ့်ကို မြေအောက်အဖွဲ့အစည်းရဲ့
ဖက်ဆစ်စနစ် ပုံစံတစ်ခုပါပဲ
လူတွေကို အယုံသွင်းခြင်း
တစ်ခုပဲ ဒါပေမဲ့ အမှန်တရားက
သင်ဘာကိုတော့ဖြင့် လုပ်နိုင်၏မလုပ်နိုင်၏ကို ပြောနေတယ်လေ
ခါးချည်အတွင်းခံမျိုးရောသင်ဝတ်ဖို့ကြိုးစားဖူးသလား
အဲဒီလို ဟာမျိုးကတော့ အကြမ်းမဖက်တဲ့ဆန္ဒပြမှု
ဆိုတဲ့ အဖြေတော့ ဖြစ်ကောင်းဖြစ်မှာပေါ့လေ
ဂန္ဒီဟာ ခါးချည် အတွင်းခံမျိုးဝတ်ခဲ့ဖူးသလား
လေဒီမက်ဘတ်ရော ခါးချည် အတွင်းခံမျိုးဝတ်ခဲ့ဖူးသလား
အဲဒီအရာသည်ပင် မက်ဘတ် သတ်ခဲ့တဲ့အိပ်စက်မှု
အကြောင်းတရားလား
နောက်ပြီး အဲဒီ အစက်အပြောက်ကသူမအမြဲတမ်း ဖွပ်လျှော်
နေတဲ့အရာ
တကယ်ပဲ သူမ အတွင်းခံထဲမှာရှိခဲ့ပါသလား
မော်ဒန် အန်ဂလိုဆက်ဇုန် မိန်းမတွေဆီမှာ
မရှိမဖြစ် ကြီးမားတဲ့ အပြစ်တစ်ခုလိုစရိုက်တစ်မျိုးက
အမြဲတမ်း လျှော်ဖွပ်တယ် နောက်တော့လျှော်ဖွပ်ပြန်တယ်
ပြီးတော့ လျှော်ဖွပ်ပြန်ရော
သောက်ရမ်းကို အစက်အပြောက်မရှိအောင်ပဲ
အတွင်းခံမှာ အစက်လေးတွေရှိတာအတော်လေး မသိုးမသန့်ဖြစ်စရာ
အတွင်းခံမှာ အဖုအကြိတ်တွေရှိတာအတော်လေးကို ခြောက်ခြားစရာ
အတွင်းခံကို ကြိုးတန်းပေါ်လှန်းထားတာကတော့ လွတ်မြောက်ခြင်းရဲ့
မဟာအလံတော်ပဲ
တစ်စုံတစ်ယောက်ဟာ သူ့ရဲ့အတွင်းခံက လွတ်မြောက်ပြီဆိုတာနဲ့
တစ်နေရာမှာတော့ဖြင့် ဝတ်လစ်စလစ်ဖြစ်နေပြီလို့ ဆိုရမယ်
ကယ်တော်မူကြပါဗျို့
ဒါပေမယ့် စိတ်တော့မပူကြလေနဲ့
ခုချိန်ထိ လူတိုင်းဟာ အတွင်းခံကိုစွပ်လျက်ပါပဲ
မိမွေးတိုင်း ဖမွေးတိုင်းသောင်းကျန်းဖို့ အထိတော့
ဖြစ်လာမှာမဟုတ်ဘူးဗျို့
နောက်ပြီး ကဗျာဆိုတာ စိတ်စေတသိတ်ရဲ့အတွင်းခံဘောင်းဘီပဲ
နောက်ပြီး အတွင်းခံဘောင်းဘီဟာအမှားအစု အပုံလိုက်ကို
ဖုံးဖိပေးနေတုန်းပဲ
ဘူမိဗေဒ အဆိုအရ ဆိုရင်ဖြင့်
ဖေါက်ထွင်းမမြင်ရတဲ့ အက်ကြောင်းတွေရှိတဲ့ထူးဆန်းသော
အနည်ကျ ကျောက်တစ်ခုပေါ့ဗျာ
အာကယ်၍များ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်ဖြင့်
အတွင်းခံဆိုဒ်ကြီး တစ်စုံတစ်လေလောက်ကိုအပိုထားချင်ပါရဲ့
အဲဒီကောင်းသော ညချမ်းဆီကိုဖြင့်ဗလာကျင်းပြီး မသွားမိစေနဲ့ဗျို့
ပြီးတော့ တချိန်တည်းမှာပဲ
တည်တည်ငြိမ်ငြိမ်၊ နွေးနွေးထွေးထွေးနဲ့ခြောက်ခြောက်သွေ့သွေ့လေး ဖြစ်ပါစေ
`ဘာမှ အရေးမပါတဲ့ အရာတွေပေါ်ကို´
အလောတကြီးနဲ့ ကိုယ့်ကိုယ်ကိုထိခိုက်ကြေကွဲအောင်လုပ်တာက အဓိပ္ပါယ်မရှိဘူးလေ
ရှေ့ကို လျှောက်စမ်းပါ ကိုယ့်လူ၊ဂုဏ်သရေရှိ
ကုတ်အင်္ကျီပြတ်ထဲကို ထိုးသွင်းထားတဲ့ခင်ဗျားရဲ့ လက်နဲ့ အတူပေါ့ဗျာ
စိတ်တော့ မလှုပ်ရှားစေပါနဲ့
နောက်ပြီး သေခြင်းတရားဆိုတဲ့ဟာကအထိန်းအချုပ်နဲ့ လုပ်လို့ရတာမှ မဟုတ်တာ
အဲဒီမှာ အချိန်တွေ အများကြီးရှိပါသေးတယ်အချစ်လေးရဲ့
ငါတို့က ငယ်ငယ်ရွယ်ရွယ်၊ပေါ့ပေါ့ပါးပါး မဟုတ်တော့ဘူး မဟုတ်လား
အော်ကြီး ဟစ်ကျယ်တော့ မလုပ်လိုက်ပါနဲ့
လောရင့်ဖာလင်ဟေတီ
LawrenceFerlinghetti “Underwear” from staring from San Franciso”.
Underwear
Ididn’t get much sleep last night
thinkingabout underwear
Haveyou ever stopped to consider
underwearin the abstract
Whenyou really dig into it
someshocking problems are raised
Underwearis something
we allhave to deal with
Everyonewears
somekind of underwear
ThePope wears underwear I hope
TheGovernor of Louisiana
wearsunderwear
I sawhim on TV
He musthave had tight underwear
Hesquirmed a lot
Underwearcan really get you in a bind
Youhave seen the underwear ads
for menand women
soalike but so different
Women’sunderwear holds things up
Men’sunderwear holds things down
Underwearis one thing
men andwomen have in common
Underwearis all we have between us
Youhave seen the three-color pictures
withcrotches encircled
to showthe areas of extra strength
andthree-way stretch
promisingfull freedom of action
Don’tbe deceived
It’sall based on the two-party system
whichdoesn’t allow much freedom of choice
the waythings are set up
Americain its Underwear
strugglesthru the night
Underwearcontrols everything in the end
Takefoundation garments for instance
Theyare really fascist forms
ofunderground government
makingpeople believe
somethingbut the truth
tellingyou what you can or can’t do
Did youever try to get around a girdle
PerhapsNon-Violent Action
is theonly answer
DidGandhi wear a girdle?
DidLady Macbeth wear a girdle?
Wasthat why Macbeth murdered sleep?
Andthat spot she was always rubbing—
Was itreally in her underwear?
Modernanglosaxon ladies
musthave huge guilt complexes
alwayswashing and washing and washing
Outdamned spot
Underwearwith spots very suspicious
Underwearwith bulges very shocking
Underwearon clothesline a great flag of freedom
Someonehas escaped his Underwear
May benaked somewhere
Help!
Butdon’t worry
Everybody’sstill hung up in it
Therewon’t be no real revolution
Andpoetry still the underwear of the soul
Andunderwear still covering
amultitude of faults
in thegeological sense—
strangesedimentary stones, inscrutable cracks!
If Iwere you I’d keep aside
anoversize pair of winter underwear
Do notgo naked into that good night
And inthe meantime
keepcalm and warm and dry
No usestirring ourselves up prematurely
‘overNothing’
Moveforward with dignity
hand invest
Don’tget emotional
Anddeath shall have no dominion
There’splenty of time my darling
Are wenot still young and easy
Don’tshout
Lawrence Ferlinghetti
လောရင့်ကို၁၉၁၉မှာ ယွန်ကာ (Yonkers) နယူးယော့မှာမွေးတယ်။ ငယ်ဘဝကို ပြင်သစ်မှာ ဖြတ်သန်းတယ်။ ဘီအေဘွဲ့ကိုတော့မြောက်ကာရိုလိုင်းနားတက္ကသိုလ် (University of North Carolina) ကရပြီး အမ်အေကိုတော့ကိုလံဘီယာတက္ကသိုလ် (Columbia Univeristy) က ရတယ်။ ဒေါက်တာဘွဲ့ကိုတော့ ဆောဘွန်း(Sorbonne) က ရခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်ရေတပ်ထဲကို အမှုဝင်ထမ်းတယ်။ နကာဆာကီ(Nagasaki) မြို့ဗုံးမကျခင် အချိန်ထိ အဲဒီမှာ သူရှိနေတယ်။ ၁၉၅၁ မှာ အိမ်ထောင်ကျပြီးသားတစ်ယောက် သမီးတစ်ယောက် ရတယ်။ ၁၉၅၃ မှာတော့ ဖာလင်ဟက်တီဟာ ပီတာမာတင် (PeterMartin) နဲ့ပူးပေါင်းပြီး ”မြို့တော်အလင်း” (City Lights) မဂ္ဂဇင်းကို ထုတ်ဝေတယ်။ ပြီးတော့အဲဒီမဂ္ဂဇင်းကို ပံ့ပိုးဖို့ ဆန်ဖရန်စ္စကိုမှာ (City Lights) စာအုပ်တိုက်ကို ထူထောင်တယ်။ နောက်တော့ စာအုပ်ထုတ်ဝေရေးတွေ ဆက်တိုက် လုပ်လာခဲ့တယ်။ Beat လှုပ်ရှားမှုအတွက်တော့သူတို့ စာအုပ်တိုက်ဟာ အသဲနှလုံးပါပဲတဲ့။ ဆရာကြီးတွေဖြစ်တဲ့ကက်နက်ရီးရော့ (Kenneth Rexroth)၊ ဂယ်ရီဆန်ဒါး (Gary Snyder)၊ အယ်လန်ဂျင်းဇဘတ် (AllenGinsberg) နဲ့ ဂျက်ကာရိုးလေ့ (Jack Kerouace) စာအုပ်တွေကို ထုတ်ဝေပေး ခဲ့တယ်။ သူ့ရဲ့ကဗျာတွေဟာလားရစ် (Lyric) ဟန်နဲ့ ဇတ်ကြောင်းပြန်ပုံစံ (Narrative Tradition) ကို အခြေခံတယ်လို့ဝေဖန်သူများကဆိုတယ်။ သဘာဝတရားရဲ့အလှ (Beauty of Natural World) ၊ ဘဝရဲ့အမော(Tragicomic Life)၊ အခြေခံလူတန်းစားရဲ့ဘဝ (Life of common man)၊ အိပ်မက် (ဝါ) စိတ်ကူး(The Dream) နဲ့ ဒီမိုကရေစီအပေါ်သစ္စာဖေါက်ခြင်း (သို့) အယုံအကြည်မဲ့ခြင်း (Betrayalof Democracy) ကိုကိုယ်စားပြုတယ်လို့ ဆိုတယ်။ သူဟာ ဆင်းရဲမွဲတေမှုကို ”မမျှတခြင်း” လို့ခံယူသူလည်းဖြစ်ရဲ့။ တစ်ချို့ကဗျာတွေမှာ အဲဒီလူတန်းစား ကွာဟချက်ကို လှောင်ပြောင်သရော်တယ်။သူ့ရဲ့ အထင်ရှားဆုံး သာဓကကတော့ ”ထရပ်ကားပေါ်က အမှိုက်ကောက် သမား နှစ်ယောက် နဲ့ မာစီးဒီးထဲကလှပတဲ့ လူနှစ်ယောက်” (Two Scavengers in a Truck, Two Beautiful People in aMercedes) ဟာ ထင်ရှားတယ်။
တစ်ချို့ကတော့ ဒီကဗျာက သူ့ရဲ့ အကောင်းဆုံးလို့ ဆိုတယ်။ အဲဒီကဗျာကိုအင်္ဂလန်မှာ GCSE(A)LEVEL သင်ရိုးအဖြစ် ပြဋ္ဌာန်းခဲ့တယ်။ ကျွန်တော်ကတော့ ခွေး (Dog) နဲ့စောင့်နေပါသည် (I am waiting) ကို ပိုပြီးကြိုက်တယ်။ နောက်ပြီး အတွင်းခံဘောင်းဘီ(Underwear)ကို ဖတ်ရတော့ သူ့ရဲ့အတွေးဟာ ဖေါက်ထွက်တွေးတဲ့အတွေး (သို့) ရှုထောင့်ဖြစ်တယ်ဆိုတာတစ်စုံတစ်ယောက်နဲ့ လောင်းကြေးထပ်ရဲတဲ့အထိ ခိုင်မာလာခဲ့တယ်။ ကျွန်တော့် အဘိုးသာ အသက်ရှင်လျက်ရှိရင်လောရင့်ရဲ့ အရွယ်ကို ရောက်ပါပြီ။ ဒါပေမယ့် သူ့ကဗျာ တည်ဆောက်ပုံနဲ့ အတွေးကတော့ အမြဲလတ်ဆတ်မှန်ကန်နေတုန်းပါပဲ။ သူ့ရေးဟန်ဟာ မြန်မာကဗျာ ဆရာတွေနဲ့ အတော်လေးကို နီးနီးစပ်စပ် ရှိပါတယ်။ကျွန်တော် အမြဲတမ်းဖတ်ချင်၊ ဘာသာပြန်ချင်နေတဲ့ ကဗျာတွေဟာ လောရင့်ရဲ့ ကဗျာတွေပါပဲ။ သူ့အပေါ်ဘယ်သူတွေများလွှမ်းမိုးခဲ့ပါလိမ့် ဆိုတဲ့ မေးခွန်းကို အဖြေရှာကြည့်တော့ ကဗျာဆရာ တစ်ချို့ကိုသွားတွေ့တယ်။ သူကြိုက်ခဲ့တဲ့ ကဗျာဆရာတွေကတော့ အဲလီယော့ (T.S Eliot)၊ အက်ဇရာပေါင်း(Ezra Pound)၊ အီးအီးကမ်းမင်း (e.e. cummings)၊ အိပ်ခ်ျဒီ (H.D)၊ မာဆာပရောက်(Marcel Proust)၊ ချာလီဘော်ဒီလာရီ (Charles Baudelaire)၊ အပိုလီနယ်လီ (GvillaumeApollinaire)တို့ ဖြစ်တယ် ဆိုတာတွေ့ရတယ်။
ဆန်ဖရန်စ္စကိုကလမ်းတစ်လမ်းကို လောရင့်နာမည်ပေးပြီး ဂုဏ်ပြုခဲ့တယ်။
ဒါဟာ အဲဒီမြို့မှာ ကဗျာဆရာ အမည်နဲ့ပထမဦးဆုံး ပေးခဲ့တဲ့ လမ်းဖြစ်တယ်လို့ဆိုတယ်။
ဆွတ်ဆွတ်ဖြူနေတဲ့မုတ်ဆိတ်မွေး၊စူးရှတဲ့မျက်လုံးနဲ့ဦးထုပ်ခပ်ဝိုင်းဝိုင်းတစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းတတ်တဲ့ လောရင့်ကိုတွေ့ရင်”သက်တော်ရာကျော်ရှည်ဖို့ဘုရားသခင် စောင်မပါစေ”လို့ကျွန်တော့်ကိုယ်စားခင်ဗျားတို့ဆုတောင်းပေးခဲ့ကြပါ။ လောရင့်ရဲ့နာမည်မပါပဲ (Beat Generation) ကိုစာလုံးပေါင်းဖို့မလွယ်ပါဘူး။ယခုလောလောဆယ်တော့ သူက စာအုပ်ဆိုင်ကို လည်ပတ်အောင်လုပ်ပြီး ကဗျာကွန်ဖရင့်အတွက် မကြာခဏခရီးထွက်လေ့ရှိတယ်တဲ့။ ဆန်ဖရန်စ္စကို ခရော်နီကယ်သတင်းစာအတွက် ပင်တိုင် ရေးပေးနေတယ်လို့လဲသိရတယ်။
သူထုတ်ခဲ့တဲ့စာအုပ်တွေကတော့
- ကွယ်ပျောက်သွားသောကမ္ဘာမြေ၏ပုံရိပ်များ(Picture of the Gone World)
- စိတ်ကူးထဲကယုန်ကျွန်းတစ်ကျွန်း (A Coney Island of the Mind)
- သူမ၏(Her) (1960)
- ဆန်ဖရန်စ္စကိုမှအစပြု၍ (Starting from San Francisco) (1961)
- တရားမျှတမှုကင်းသောငြင်းခုန်မှုများနှင့် ဖြစ်တည်မှု (Unfair Arguments with Existence) (1963)
- နေ့တဓူဝကိစ္စ (Routines) (1964)
- အရာဝတ္ထုများ၏ လျှို့ဝှက်အဓိပ္ပါယ် (TheSecret Meaning of Things) (1969)
- တိုင်ရန်နပ်ငှက်မဟုတ်? (Tyrannus Nix?)(1969)
- မက္ကဆီကန်ည (The Mexican Night) (1969)
- ဝေးလံဒေသများသို့နောက်ပြန်ခရီးများ (BackRoads to Far Places) (1971)
- ဖွင့်ထားသော အမြင်၊ ဖွင့်ထားသော စိတ်(Open Eye, Open Heart) (1973) တို့ပဲဖြစ်တယ်။
ဘာသာပြန်သူ ဇော်ဇော်ထွန်း ။ ။
ဝန်ခံချက်
zaw zaw tun ဖေ.ဘုတ်မှ ကူးယူသည်
ဘာသာပြန်-၂
ကုထုံး (အန်းန်ဝေါလ်ဒ်မန်)
August 23, 2013 at 8:59pm
__ကြည်နူးဆွတ်ပျံ့ဖွယ် ကမ္ဘာဦးတေးသွား တစ်ခု
__ခုထိ ကြားနေဆဲ
__အရာအားလုံး ဒါပေမယ့် မချစ်ရမနေနိုင်တာကလွဲလို့
__အဲဒါရောပဲ
__စားပွဲခင်း၊ ဖယောင်းတိုင်တွေထဲမှာ၊ မင်း သိတယ်မဟုတ်လား . . .
__သာယာချောမွေ့မှုတွေ၊ ဖော်ရွေမှုတွေ
__ဒါပေမယ့် ဒီထက် နက်နက်ရှိုင်းရှိုင်း ဆင့်ကဲပြောင်းလဲလာတတ်တယ်
__မင်းဆိုလိုတာက တစ်ယောက်အပေါ်တစ်ယောက် လက်မလျှော့လိုက်ဖို့လား
__တစ်ခါတစ်ရံ . . .
__ဟောင်းနွမ်း အကြွင်းအကျန်တွေ၊ သူတော်စင်ဆန်ဆန်၊ ကျိုးတိုးကျဲတဲလား
__သဘာဝတရားကို ပိုဆက်နွယ်မိခဲ့၊ အဲသလိုမျိုး
__တစ်ပြိုင်နက် တုံ့ပြန်မှုတစ်ခု
__ဟုတ်တယ်
__နှစ်ယောက်သံပြိုင်သီဆိုမှု တစ်ခုလို အဖော်မင်မင် လှုပ်ရှားဟန်တွေ
__ကုသလို့ ရပါ့မလား။ ဒါဟာ ဧရာမ အင်အားကြီးအရာပဲ
__ဟုတ်တယ်
__ကုထုံး
__a radiant primordial music
__I can still hear it
__all but dying into love
__that too
__inside it's table linen, candles, you know . . .
__amenities, amiabilities
__but deeper than that it germinates
__you mean never giving up on each other?
__sometimes . . .
__ancient vestiges, saintly, sparse?
__more connected to nature, like that
__a simultaneous response
__yes
__gregarious movements as in a duet
__will it cure? That's the mighty thing
__yes
__cure
အန်းန်ဝေါလ်ဒ်မန် (Anne Waldman) ရဲ့ Marriage: A Sentence စာအုပ်မှ cure အား ဆီလျော်အောင် ဘာသာပြန်သည်။ ဘာသာပြန်အမှားအယွင်း အတိမ်းအစောင်း လိုအပ်ချက်များရှိခဲ့ပါက ပြန်ဆိုသူ၏ အားနည်းချက်သာဖြစ်ကြောင်း။
ဖြူနှင်းဖွေး
August 23rd, 2013
ဝန်ခံချက်
ဖြူနှင်းဖွေး ဖေ.ဘုတ်မှ ကူယူပါသည်။

ဘာသာစကားနှင်. ကဗျာ
"ရှပ်အကျီင်္ငါးထည်အားမီးပူတိုက်ခြင်း
April 23, 2013 at 1:00am
ဗီးနပ်(စ်)၏ရေငွေ့Theproblem with the atmosphere of Venus
ဒီပြဿနာက ဗီးနပ်စ်ရဲ့ ရေငွေ့လေထု ဝန်းကျင်နဲ့အတူ
Riddled very Venus visible very
စကားဝှက်တဲ့ သိပ်ကိုများ ဗီးနပ်စ် မြင်နိုင်စွမ်း သိပ်ကို
The surface is covered with water clouds
ဒီမျက်နှာပြင်က ရေတိမ်တိုက်များနှင့် ဖုံးအုပ်ခြင်းခံခဲ့ရ
Vapor view
ရေငွေ့ မြင်ကွင်း
ဘာပဲဖြစ်ဖြစ် မိုက်ကယ်ရဲ့ ဗီးနပ်စ်ကဗျာဟာစဉ်းစားတွေးခေါ်မှု အခြေခံသဘော (Concept Base) ကဗျာ ဖြစ်တယ်ဆိုတာ သူ့ရဲ့"text" ကိုကြည့်ရင် သိသာနေတယ်။ မိုက်ကယ်က သူ့ရဲ့ ဗီးနပ်စ်ကဗျာကို"text form" ကို အရှင်ထားပြီး မော်ဒန်နဲ့ရိုးရာကဗျာ ဖွဲ့စည်းတည်ဆောက်ပုံအတွင်းကနောက်ဆုံးအသံပိတ် အားအမြင့်သံ သို့မဟုတ် ဖိသံကိုဖော်ပြသော (Force of expression)ကိုဆန့်ကျင်ခဲ့တယ်။ ဒါက ကဗျာတည်ဆောက်မှု အခြေခံ ဒေါက်တိုင်လေးခု ထဲက တစ်ခုဖြစ်တဲ့ အဆုံးစာလုံးသည်အလယ်စာလုံးထက်ပို၍ အရေးကြီးသည် ဟု ဆိုလိုသည့် ဝိသေသနတစ်ခု ဖြစ်သော"Emphasis" ကို သိသိသာသာ တော်လှန်ခြင်းဖြစ်သည်။ ထို့ကြောင့် အခြားအချက်နှစ်ရပ်ဖြစ်သောကဗျာ၏ သာယာနာပျော်ဖွယ်ဝိသေသ (The sound of the poem) နှင့် ကဗျာဖတ်သူ၏ ဖတ်မှုအမြန်နှုန်း(The speed of reading) ကို လစ်လျူရှုပြန်သည်။ သူ၏ "line" (စာကြောင်း) က(treatment of men, woman and others, and in the Water is a ) ဖြစ်၍ အာတီကယ်"a" အား ဖြတ်တောက်မှု (line break) ကို ဖြစ်စေသည်။ အချို့အကြောင်းများတွင်"the" ဖြင့် စာကြောင်းကို ဖြတ်၏။
belieEveHermes said, Know that the Secret of everything and the
ယုံစမ်းပါ ဟာမီးနတ်မင်းပြောခဲ့တာ၊ အရာရာတိုင်းရဲ့လျှို့ဝှက်ချက်ကိုသိပါ နောက် ဒီ
Life of everything is Water, and this water is susceptible of
အရာအားလုံးရဲ့ဘဝဟာ ရေပဲ နောက်တော့ ဒီရေဟာအလွယ်တကူပဲ လုပ်လို့ရတယ်
treatment of men, woman and others,and in the water is a
လူများ၊ အမျိုးသမီးများ နှင့် အခြားသောအရာများ၏ထိတွေ့ဆောင်ရွက်မှု နှင့် ရေထဲမှာဆိုတာ
lines the band and pressure from the contours of the
(မျဉ်းများ) (ဒီသားရေကွင်းနှင့် ဖိအားသည်က ကွန်တိုမျဉ်းများ ကိုပိုင်သောဒီ)
variability
(ပြောင်းလဲပါသော အရည်အသွေးဆီမှ)
transmissivity Venus at this wavelength
(ဓါတ်သတ္တုကြွအရည်အသွေး) (ဒီလှိုင်းအလျားပေါ်က ဗီးနပ်စ်)
is variable average deeper
(သည်) (ပြောင်းလဲနိုင်သော) (ပျမ်းမျှဖြစ်သော) (ပိုမိုနက်ရှိုင်းသော)
မိုက်ကယ်ဘေဆင်စကီး"
..................................................................................................................................................................
"ရှပ်အကျီင်္ငါးထည်အားမီးပူတိုက်ခြင်း"
လျှော်ဖွပ်ပြီးသောအဝတ်များကို ရေညှစ်ရန် မမေ့ပါလေနှင့်။ ရေစစ်ရန် အဝတ်များကို လိမ်ညှစ်ထားပြီးနောက် တဖြည်းဖြည်းပြန်၍ပြေလျော့သွားသော ထိုရေညှစ်ထားသည့် အဝတ်များက ကြွေမွခြင်းများကို ယူဆောင်ခဲ့လေပြီ။ ရေညှစ်ထားသောကျွန်တော့်၏ နွေဦးပေါက်ရာသီတစ်ခုပေါ်ရှိ အရာရာသော အဖြစ်အပျက်များက ကြွေမွတွန့်လိမ်လျှက်ပင်ရှိသေး၏။ ခုတော့လည်း လုံးလုံးလျားလျားကြီး ခြောက်သွေ့လို့။ သူမ၏ ရှပ်အကျီင်္ထဲ၊ စစ်ပွဲထဲ၊နောက် ချစ်ခြင်းမေတ္တာအတွင်း၌ရှိသော ကြေမွမှု။
1
I fI write it down အကယ်၍များကျုပ်ကဒီအရာကို ရေးချခဲ့ရင်
it will be ဤအရာကိုလုပ်ရမှာက
write it dawn ဆည်းဆာ မှာ ရေးပစ်လိမ့်မယ်
wrong မှားတဲ့
dumb shit အသုံးမကျတဲ့မစင်လိုအရာ
really how တကယ့်ကိုဘယ်လိုများ
the wring slides ဒီလိမ်ညှစ်ထားတဲ့အရာဖြေးညှင်းစွာရွေ့လျား
the hot iron ဒီပူတဲ့မီးပူ
crushes တိုးတိုက်
the wrinkles in her shirt ဒီတွန့်ခေါက်မှုများကသူမရဲ့ ရှပ်အကျီင်္ထဲမှာ
in an act of war စစ်ပွဲရဲ့လှုပ်ရှားမှု တစ်ခုထဲမှာ
in an act of love ချစ်ခြင်းမေတ္တာရဲ့လှုပ်ရှားမှုတစ်ခုထဲမှာ
ကဗျာမှာစတုတ္ထပိုဒ်အထိ စာကြောင်း (line) ကို သတ်မှတ်သည့် ရပ်နားမှုဖြစ်ပေါ်စေသော shortpauses နှင့် full stops များ မပါဝင်ပေ။ အတိုရပ်နားခြင်း (short pauses) နှင့် အပြည့်ရပ်နားခြင်း(Full Stops) များကို ယေဘုယျအားဖြင့် ရပ်နားမှုများ (Pause) ဟုသာ ခေါ်သည်။
2
which is mist ဘယ်အရာကမြူတွေလဲ
spell leaves ဂါထာမန္တယားသစ်ရွက်များ
all of thee are buttons ဒါတွေအားလုံးဟာကြယ်သီးခလုပ်တွေအဖြစ်
open the forest ဒီသစ်တောကိုဖွင့်ရဲ့
ရပ်နားမှု(Pause) များကို စာကြောင်းအဆုံးတွင် ကဗျာဆရာက အသုံးပြုပါက အဆုံးသတ်ရပ်နားခြင်းများ(End Stop) ရှိသော စာကြောင်း (line)ဟု ခေါ်သည်။ ကဗျာဆရာဟာ စာကြောင်း (line)သုံးလေးကြောင်းလောက်ကို(End stop) မပါဘဲသုံးပါက "Enjambment" ဟု ခေါ်သည်။ ယခုကဗျာတွင်"Enjambment" အနေအထားကို သုံးသည်။
3
poetry is silly ကဗျာဆိုတာရူးနှမ်းသော
water ရေတွေလေ
the rain is a forest ဒီမိုးဟာသစ်တောတစ်ခု
of gunshots သေနတ်ပစ်ချက်များ၏
to put my face ငါ့မျက်နှာထဲထည့်ဖို့
into the iron ဒီမီးပူထဲကို
so my heart may own ဒါကြောင့်ငါ့နှလုံးသားက ပိုင်ဆိုင်နိုင်တာက
anarrow through it အဲဒီအရာကိုထုတ်ထွင်းတဲ့ မျှားတစ်စင်းကို
4
an isolation တသီးတသန့်ဖြစ်မှုတစ်ခု
It ake off my shirt ငါ့အင်္ကျီကို ငါချွတ်တယ်
the sea is near ဒီပင်လယ်ဟာအနီးအနား
this is the word of ဒီဟာကတော့စကားလုံးတစ်လုံး
no horizons နတ္တိဝင်ရိုးတန်းများ၏
I drop it in a dictionary အဘိဓါန်တစ်အုပ်ထဲကိုငါပစ်ချ
candy sacks သကြားလုံးအိတ်များ
Halloween night တစ္ဆေပွဲတော်ည
in the sexual silence ဒီလိင်မှုဆိုင်ရာဆိတ်ငြိမ်ခြင်းထဲမယ်
the harvest forest ဒီပြောင်းတောင်လိုပုံတဲ့ဒီတောအုပ်
of the Garden of Eden ၏အေဒင်၏ ဤဥယျာဉ်တော်
no one hears another tree နောက်သစ်တစ်ပင်ကို ဘယ်သူမျှမကြားနိုင်
The fall ဒီဘုရားပေးတဲ့အပြစ်
no two people have ရစရာလူနှစ်ဦးလည်းမရှိ
the same language ဒီဘာသာဗေဒတူညီမှုက
pretty trick လှလှပပလှည့်စား
the stress ဒီအထူးပြုလုပ်ခြင်း
trees သစ်ပင်များ
threat ခြိမ်းခြောက်ခြင်း
treat ပြုမူဆောင်ရွက်
dress ဝတ်ဆင်မှု
undress မဝတ်ဆင်မှု
5
this is an island. ဒါကကျွန်းတစ်ခု
it is haunted. ဒီအရာကခြောက်လှန့်ခြင်းခံရ
strange and beautiful. ထူးဆန်း၍လှပ
creatures. သက်ရှိများ
two people living. အသက်ရှင်လူသားနှစ်ဦး
in love. မြင့်မားသောချစ်ခြင်း၌
they are pouring. သူတို့သွန်းလောင်းကြ
rain for each other. မိုးများ ကအပြန်အလှန်အတွက်
they are not hands. သူတို့ဟာလက်များမဟုတ်ကြ
their hands. သူတို့၏လက်များ
held. ဆုပ်ကိုင်မှု
they are not pieces. သူတို့ကအပိုင်းအစများမဟုတ်ကြ
of fruit. သစ်သီး၏
or toothbrushes. သို့မဟုတ်သွားပွတ်တံများ။
they are in a different. သူတို့သည်ခြားနားမှုတစ်ခုအတွင်း၌
rooms with one window ပြတင်းပေါက်တစ်ခုနှင့်အခန်းများ
and Her eyes. သူမ၏မျက်ဝန်းများနှင့်
double pupils in one eye. မျက်ဝန်းတစ်ခုအတွင်းသူငယ်အိမ်နှစ်ထပ်။
the other the. ဒီအခြားသောတိပမှု။
silhouette of night. ည၏အလင်းကွယ်သဏ္ဍာန်ကောက်ကြောင်း
she sees. သူမမြင်သည်။
I am an alien. ငါကဂြိုလ်သားတစ်ဦး ဖြစ်တယ်ဆိုတာ
an iron in the window. ပြတင်းပေါက်အတွင်းက မီးပူတစ်ခု။
inside. အတွင်းဘက်မှာ
there is a bird. အဲဒီမှာငှက်ကလေးတစ်ကောင်
nest in which. အသိုက်ရှိရာက
I am a discorded thread. ငါဆိုတဲ့ကွဲပြားခြားနားတဲ့ချည်မျှင်တစ်ခု
blowing in the whispers. တိုက်ခတ်ခြင်းက တီးတိုးသံများထဲ
a dissurbed city. စိတ်ပျက်စရာကောင်းပါတဲ့မြို့တစ်မြို့
which wakes each day. အဲဒီအရာက တစ်နေ့စီတိုင်းကိုနှိုးထ
and returns to work. ပြီးတော့အလုပ်တွေဆီကိုပဲပြန်လှည့်ရ
long, senseless hours. ရှည်လျားလွန်း၊ ခံစားမှုမဲ့နာရီများ
he appears to be. သူထွက်ပေါ်လာတာက
wearing a neatly pressed shirt. မီးပူထိုးထားတဲ့ သပ်သပ်ရပ်ရပ်ရှပ်အကျီင်္တစ်ထည်ကိုဝတ်ဖို
That’s an Arrow အဲဒါက “အဲရိုး”(မျှားတစ်စင်း)။
isn't it. မဟုတ်ဘူးလား။
မိုက်ကယ်ဘေဆင်စကီး"
ဘာသာပြန်သူ ဇော်ဇော်ထွန်း ။ ။
(zaw zaw tum ရဲ.ဖေ.ဘုတ်မှ ကူးယူပါသည်။)
Subscribe to:
Posts (Atom)