လတ်တလော ကျွန်တော် သော်တာဆွေရဲ. ကျွန်တော်.ဘ၀ဇာတ်ကြောင်းဖတ်ဖြစ်ပါတယ်။ ပြီးတော. ဘ၀ထိုထို ဖတ်ပါတယ် ။ ဆရာသော်တာဆွေဟာ စာရေးတဲ.အခါ ဘယ်တောယမှ မောက်မာတဲ.လေသံ ရင်.သီးတဲ.လေသံ မျီုးကိုမသုံးပါဘူး။ ဒါဖြင်. အောက်ကျို.တာလားဆိုတော.လဲမဟုတ်ပါဘူး။ အဲ.ဒိနှစ်ခုကြားမှာ ပညာသားပါပါရေးတတ်သူပါ။
ဆရာကြီးရွှေဥဒေါင်းရဲ. တသက်တာမှတ်တမ်း ထဲမှာ ဟာသနှင်.ပတ်သက်ပြီး လူကိုကလိထိုးပြီးအတင်းရယ်ခိုင်းတဲ. ဟာသမျီုးကိုမကြိုက်ကြောင်း စာကြောင်းအဆုံးမှာ ငှဲငှဲငှဲ လို.ထည်.ပြီးရေတဲ. ဆိတ်ဟာသများကိုမကြိုက်ကြောင်း ဖတ်ခဲ.ရဖူးပါတယ်။ ဆရာသော်တာဆွေရဲ.ဟာသတွေဟာ အဲဒိလိုဟာသတွေမဟုတ်ပါဘူး။ တဆိမ်.ဆိမ်.တွေပြီး တခစ်ခစ်ရယ်ရတာမျိုးပါ။ တခါတရံ အတည်ပေါက်ရေးလာပြီးမှ ထဖောက်ပြီးရယ်ရအောင်လုပ်တဲ.ဟာသမျိုးပါ။ ဘော.ပရစ်တီးကို ငယ်ငယ်ကတည်းကဖတ်ဖူးသူမို. ငယ်ငယ်ကပဲ ရယ်ခဲ.ရပါတယ်။ ဆရာသော်တာဆွေရဲ. ပင်ကိုရေးကိုတော. ခုကြီးမှ ဖတ်ရလို. ခုကြီးမှပဲ ရယ်ရပါတယ်။ ဘယလောက်ရယ်ရလဲလို.မေးရင် အိမ်မက်ထဲထိအောင်ရယ်ရတယ်လို.ပြောရမှာပါ။ (ကိုယ်တွေ.ဗျို. ကိုယ်တွေ.)
သူငယ်ချင်းများ ဆရာသော်တာဆွေရဲ. စာအုတ်ဖတ်တော.မယ်ဆိုရင် ရထားပေါ် ဘတ်စ်ကားပေါ်မဖတ်မိစေဖို. သတိပေးရမယ် ။ တော်ကြာ လူတွေကလွယ်တာမဟုတ်ဘူး ကိုယ်.ဖာသာကိုယ် ဟာသစာအုတ်ပြီး ရယ်တာတောင် ကြောင်နေတယ်လို.ထင်ရင်ထင်နေတတ်မျီုး မဟုတ်လားဗျာ။
ခုတလော ကျွန်တော် ခေတ်အကြောင်းတွေးနေမိတယ်ဗျာ ။ ခု ကျွန်တော်တို.ရင်ဆိုင်ဖြတ်သန်းနေတဲ.ခေတ်ဆိုပါတော. ။ ပွင်.လင်းခေတ်တဲ. ။ ဒီမိုကရေစီခေတ်တဲ. ။ အမှန်တိုင်းပြောရရင် ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာ ကျွန်တော်တို. တော်တော်လေး ပွင်.လင်းလာတယ် လွတ်လပ်လာတယ်ပြောရမှာ ပဲ။ အဲဒိမှာ လူတွေရဲ. ရိုင်းဆိုင်းမှုတွေမြင်လာကြားလာရပါတော.တယ်။ လက်ပန်တောင်းတောင်မှ ဗိုလ်ကြီးနေမနေမျိုးဇင်ဆိုသူပြောတဲ. စကားတွေဟာ ယဉ်ကျေးတဲ. လူ.အဖွဲ.စည်းအတွက် နားမချမ်းသာစရာတွေပါ။ အမိန်.ကိုနာခံရလို.ပါဆိုရင် မင်းအမေကို မုဒိန်းကျင်.ဆိုရင် မင်းကျင်.မှာလား ဆိုတာမျိုးတွေပေါ.။ နောက် သင်္ကြန်မဏ္ဍတ်ပေါ်က မြို.ကြီးသူ မြို.ကြီးသာဆိုသူတိုရဲ. အပြုမူတွေ ။ ခပ်ညံ့ညံ့ဗီဒီယိုကားတွေထဲက မြန်မာ.ယဉ်ကျေးမှုကိုစိန်ခေါ်နေတဲ. အ၀တ်စားတွေ နမ်းခန်းတွေ။ ခုပဲ နမ်းခန်းရိုက်တဲ. ကိုးတန်းကျောင်းသူလေးက ဒါရှက်စရာမဟုတ်ဘူးတဲ. ဒါသူပြောခဲ.စကားပါ။ သူခေါင်းထဲမှာ ဘာတွေရှိမယ်ဆိုတာ ကျွန်တော်မြင်သလို ခင်ဗျားလဲ မြင်မယ်ထင်ပါရဲ. ။ စာရေးဆရာတွေဘက်မှာတော. ခေတ် ဆိုတဲ. နာမည်နဲ.ကဗျာတွေအတွဲလိုက်ရေးသားနေတဲ. ဆရာသစ္စာနီက သူ.ကဗျာတွေတဖြေးဖြေးကြမ်းလာတဲ.အပေါ် ဝေဖန်သံတွေညံလာလို. တနေ.ကပဲဖေ.ဘွတ်ကနေတောင်းပန်လိုက်ရပါတယ်။
တလွဲ ဆံပင်ကောင်းနေတယ် ဆိုတဲ. စကားပုံကို စေ.စေ.တွေးကြည်.တော. ဟိုဒင်းအမွှေးတွေအထွေးလိုက်ပေါ်လာပါတယ်။ ကောင်းသင်.တာက မကောင်းပဲ ။မကောင်းသင်.တာကကောင်းနေတယ်ဆိုလိုတာကိုးဗျ။ ဆရာအောင်သင်းကတော. ဟောပြောပွဲတစ်ခုမှာ လူတစ်ချို.က အကျဉ်း အကျယ် လွဲနေတယ် တဲ. ကျယ်ရမှာက မျက်စိ မျက်စိကမကျယ်ဘဲ ဟိုဒင်းကြီးကကျယ်နေတယ် တဲ.ဗျာ။
ခုတလော ကျွန်တော် ကဗျာ မရေးဖြစ်တာကတော. (ထုံးစံအတိုင်းသူများကိုပဲ အပြစ်တင်ပါမယ် ကိုယ်မစွံကြောင်းတော. လုံးဝထည်.ရေးမည်မဟုတ်ပါ) အဓိကအချက်ကြီး ၃ ချက်ကြောင်.ဖြစ်ပါတယ် ။ အဲ.ဒါတွေကတော. ၁ ။ စာသားများကိုဒေါင်လိုက်ချရေးရင် ကဗျာဖြစ်ပြီလို.ထင်နေသူတွေရဲ. ကဗျာအများပြားတွေ.မြင်နေရ၍ ကဗျာရေးရမှာပျင်းခြင်း။
၂ ။ တွေသမျှ ကဗျာဖြစ်တယ် ။ ကဗျာရေးလို.ရတယ်ဆိုပြီး မြန်မာ.ငွေဈေးနဲ.အတူ မြန်မာ.ကဗျာ အရေးသားဖောင်းပွလာခြင်းကြောင်. ကဗျာရေးရမှာ ပျင်းလာခြင်း။ ( တစ်ချို.က ဖာဂူဆန် အနားယူတာလဲ ကဗျာဖြစ်တယ်ဗျ မဟာဆန်လို ဟာ မျိုးတော. ပြေမနေနဲ. ဧရာမ ဟာကြီးပေါ.ဗျာ တစ်အုပ်စာလောက်တောင်ရေးပြီးနေလောက်ကြပြီ။)
၃ ။ ကဗျာ ဆရာ ဆယ်ယောက် ကဗျာတစ်ပုဒ် ဆိုသလိုဖြစ်နေလို. ကဗျာရေးရမှာပျင်းခြင်း။ ( ကဗျာဆရာ ဆယ်ယောက်ကရေးထားတဲ. ကဗျာ ဆယ်ပုဒ်ဟာ အကြောင်းရာအတူတူ ။ အရေးသားအတူတူ။ အတွေးတည်ဆောက်ပုံအတူတူပဲမို ကဗျာဆရာဆယ်ရောက် ကဗျာတစ်ပုဒ်လို.ပြောရတာပါဗျာ။)
ဒါတွေဟာ ကျွန်တော်ရဲ. လတ်တလောတွေပါပဲ။ တိုက်ဆိုင်မှုရှိလို.ဆဲရင်လဲခံရမှာမလွဲ အားလုံးမှန်ကြတာပါပဲ ပေါ.ဗျာ။ ။
အားလုံးကိုလေးစားစွာဖြင်. ။ ။
မင်းချစ်ဦး ။ ။



