ကျွန်တော် ဖတ်ဖူးတဲ.ဟာသလေးတွေပါ ရယ်ရမယ်ထင်လို. မျှဝေလိုက်ပါတယ်။
ပြန်ပြန်လာလို.
အမျီုးသမီတယောက်သည် သူ. သားသမီး၁၄ယောက်အတွက် ကလေးဖအေထံမှ ကလေးစရိတ် ရလိုမှုနှင်. တရားရုံးတွင်လာရောက်လျှောက်ထားလေသည်။ ထိုအခါ တရားသူကြီးကမေးသည်။
' ခင်ဗျားယောက်ျား ဘယ်တုန်းက ထွက်သွားတာလဲ '
' ဆယ်. သုံးနှစ် ရှိသွားပါပြီ '
' သူက ဆယ်.သုံးနှစ်ကတည်းက ထွက်သွားတယ်ဆိုရင် ဒီကလေးတွေက ဘယ်လိုရတာလဲ '
' ဒီပါရှင် သူမှားကြောင်း ပြန်လာပြီးပြောတတ်လို.ပါ။ ။
အားလုံးမကောင်းတော.ဘူး
ဈေးမှပြန်လာသော အဒေါ်က ဦးလေးဖြစ်သူအားပြောပြလေသည် ။
' လူတွေ အားလုံး မကောင်းတော.ပါဘူး ၊ ဒီနေ. ကျွန်မ ဈေးဝယ်တော. သစ်သီးဆိုင်က ဆယ်တန် အတုကြီး ပြန်အန်းလိုက်တယ်လေ '
ဦးလေးဖြစ်သူက ထိုဆယ်တန် အတုကို သူ.အားပြရန်တောင်လိုက်သောအခါ အဒေါ်က အားရ၀မ်းသာနှင်.ပြန်ပြောလိုက်သည်။
ကျွန်မကလဲ ဘယ်ရမလဲ ကုန်စုံဆိုင်ကိုပေးလိုက်တာ အမယ် မသိဘူးယူထားလိုက်တယ်။ ။
တော်သေးတာပေါ.
ကယ်လီဖီုနီးယားရှိ ကုန်တိုက်တခုတွင် ဈေးဝယ်နေစဉ် အင်အားအသင်.တင်.ရှီသော ငလျင်တခု လှုပါသွားလေသည်။ ထိုအခါ အနီးရှိ အမျီုးသမီးတယောက်က အလန်.တကြားရေရွတ်လိုက်သည်။
'' အို ဘုရားဘုရား နောက်တကြိမ်မဖြစ်ပါစေနဲ. ''
ဈေးရောင်သူတဦး က နှစ်သိမ်.စကါးဆိုလိုက်သည်။
'' သိပ် စိတ်မပူပါနဲ. ငလျင်လှုပ်တာပါ ''
ထိုအခါကျမှ အမျီုးသမီးက စိတ်သက်သာရာရပြီး ပြန်ပြောလိုက်သည်။
'' တော်သေးတာပေါ.ရှင်၊ ကျွန်မထင် နောက်တခါများ ကိုယ်ဝန်ရှိနေပြီလားလို. ''
ယောက်ျားထင်လို.
အလွန်တရာမှ ကြံ့ခိုင်သန်စွမ်းသော အမျီုးသမီးတဦးသည် သူခိုးတဦးကိုဖမ်းမိပြီး ကိုထိလက်ရောက် ထိုးကြိတ်ရိုက်နှက်သဖြင်. သူခိုးမှာဒဏ်ရာကြီးအကျယ် ရသွားလေသည်။
ထို.ကြောင်. သက်ဆိုင်ရာရဲအရာရှိက ထိုပမျီုးသမီးကို မေးမြန်းသည်။
'' ခင်ဗျားက အတော်.ကို ခွန်အားကြီးမားသူပဲ၊ သူခိုးကိုလဲ လက်ရဖမ်းမိနေမှတော. အခုလို ဒဏ်ရာအနာတရ ရအောင်လုပ်ဖို. လိုသေးသလား ''
" အိုရှင်၊ သူ.ကိုခူခိုးပါလို. ကျွန်မကဘယ်သိမလဲ၊ အဲဒီတုန်းက ကျွန်မ ယောက်ျားကို မနက် သုံးနာရီလောက်အထိ စောင်.နေတာ၊ ၀င်လဲလာရော သူ.ကို ကျွန်မယောက်ျားလို. ထင်လိုက်တာပေါ.။ .
မသိတော.ဘူး
ဒေါသထွက်နေသော ယောက်ျားကို နားမလည်နိုင်အောင် ဖြစ်နေသည်. ဇနီးကပြောလိုက်သည်။
" တနင်္လာနေ.က ပဲသီးကြိုက်တယ်လို.ပြေတယ်၊ အင်္ဂါနေကျတော.လဲ ပဲသီးကြိုက်တယ်တဲ.၊ နောက် ဗုဒ္ဓဟူးနေ.ကျပြန်တော.လဲ ပဲသီးကြိုက်တယ်လို. ဆိုပြန်တယ်၊ ကြာသတေးနေ. ကျတော.မှ ရှင်က ဗြုန်းဒိုင်းကြီး ပဲသီးမကြိုက်ဘူးလို.ဆိုတော. ကျွန်မ ဘယ်လိုနားလည်ရမလဲ မသိတော.ဘူး " ။။
အားလုံးကို ကျေးဇူးတင်ပါတယ်
ဝန်ခံချက် အထက်ပါ ဟာသများသည် ဆရကောင်းထိုက်ရဲ. လက်ရွေးစင် ဟာသများထဲမှ ကောက်နှတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
မင်းချစ်ဦး
No comments:
Post a Comment