Friday, 7 June 2013

      ရနံ့

အစည်းဝေးတစ်ခုမှာ
ဒါမှမဟုတ်
စကားဝိုင်းတစ်ခုမှာလို
နားလည်မှုတည်ဆောက်ရေးဆိုတာ
မင်းနဲ.ငါ.အကြား
တကယ်မလိုအပ်တဲ.အရာပါ ။

တိကျတဲ. စကားလုံးတွေ
မေးခွန်းတွေနဲ. အဖြေတွေ
ရှင်းလင်းချက်တွေ
အသေအချာတွေးခေါ်ပါ
နားလည်မှုဆိုတာ ဘာလဲ ။

တခါက
မင်းမြတ်နိုးတာ ငါ.ကိုယ်ရနံ.
ငါရင်ခုန်တာ မင်းကိုယ်ရနံ. ။

အခု
ငါ.ကိုနားမလည်တော.ဘူး တဲ.
မင်းပါးစပ်က အထပ်ထပ်ပဲ.တင်နေတာ
ဘယ်သူ.အသံလဲ ။

လေထဲ
ပျောက်ကွယ်သွားတဲ. ရနံ.ထဲ
တတ်ဆိတ်မှုဟာ
ဝေကွားခြင်းရဲ.ခြေလှမ်းပဲ ။ ။

မင်းချစ်ဦး ။

No comments:

Post a Comment