Friday, 7 June 2013

အချစ် သစ်ပင်

ဝေတနေ. ကြွေတနေ.ပေါ.
လမ်းခွဲသွားသူတွေလဲရှိတယ်
လမ်းခွဲခဲ.ရသူတွေလဲရှိတယ်
သဘာဝတရားအရ
လည်ပတ်နေတဲ.စက်ဝိုင်းထဲ
နှလုံးသားလေး ဖူးပွင်.လာရမြဲ ။

နေ.တိုင်းတော. နွေမဟုတ်ခဲ.ဘူး
အညွန်.တလူလူနဲ.
ရစ်ပတ်တွယ်တက်လာတဲ. နွယ်ပင်
မင်း ဘယ်သူလဲဟင် ။

မင်းရဲ.ထက်သန်မှုက
ခြောက်ခြားစရာ
မင်းရဲ. ရဲတင်းမှုက
ငါ.ကိုတွေဝေစေတယ်
မင်းသိတဲ.အတိုင်း
ငါ.အဖြစ်က စိတ်သွားတိုင်း ကိုယ်မပါနိုင်သူ ။

အခြေနေအရ
မင်းကိုထားခဲ.ပြီး
အဝေးကိုထွက်မပြေးနိုင်သူ ။

အချစ်ဆိုတာ
ဝတ်မှုံကူးရုံ သက်သက်မဟုတ်ဘူး
အရေပြားပေါ် အယားဖြေရုံသက်သက်မဟုတ်ဘူး ။

အချစ်ဆိုတာ
နူးညံ.တဲ.မေတ္တာနဲ. ယှက်ဖွဲ.ထားတဲ.
ပိုးထည်တမျီုးကွယ်. ။

တနေ.နေ.
အဲ.ဒိပိုးထည်ဝတ်ရုံကို ပိုင်ဆိုင်ခွင်.ဟာ
မင်းနှလုံးသားထဲမှာ ။ ။

မင်းချစ်ဦး ။

No comments:

Post a Comment