Sunday, 2 June 2013

ကုသိနာရုံမှ သီဟို ၊ သီဟိုမှမြန်မာသို. (ဒုတိယပိုင်း)

Photo: ကုသီနာရုံမှ သီဟိုဠ် ၊ သီဟိဠ်မှ မြန်မာသို.  [ဒုတိယပိုင်း]

ဂိုအာဘုရင်ခံကလည်း သူ.ဘဏ္ဍာတိုက်ဖြည်.ဆည်းဖို.အတွက် မြန်မာဘုရင်ရဲ. ကမ်းလှမ်းချက်ကို သိပ်စိတ်ဝင်စားပါတယ်။  ဒါပေမယ်. ဂိုအာက ခရစ်ယန်ဂိုဏ်းချုပ် ဘုန်းတော်ကြီးကတော. စွယ်တော်ကို မရောင်းချင်ပါဘူး။  ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ. စွယ်တောင်မှပဲ ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ.  အင်အား အစွမ်းကို မခံနိုင်ပေဘူးဆိုတာ သီဟိုဠ်နဲ. အရှေ.တောင်အာရှနိုင်ငံသားတွေကို ဂိုဏ်းချုပ်ကြီးကပြသချင်ပါတယ်။  ပေါ်တူဂီစစ်ဗိုလ်တွေကတော. ဘုရင်ခံကို ထောက်ခံကြပေတာပေါ.။  အုပ်ချုပ်မှုကောင်စီမှာ မဲခွဲတော. ဂိုဏ်ချုပ်ဘန်းတော်ကြီး ရှုံးပါတယ်။  သူက ဂိုအာ ဘုရင်ခံကို လောဘကြီးသတဲ. ။  စွပ်စွဲပါတယ်။ ဘာသာရေးအရ ကျဉ်မယ်လို.လည်းခြိမ်းခြောက်ပါသေးတယ်။ နောက်တနေ. နံနက်ရောက်တော.  မြို.တော်ရဲ.အလယ်ခေါင်၊ ခရစ်ယန်ဘုရားကျောင်းကြီးရဲ.ရှေ. ၊လူသူအများရှ.မှောက်မှာ ဂိုဏ်းချုပ်ကြီးက စွယ်တော်ကို မြှောက်မပြသပြီး စိစိညက်ညက်ကျေအောင် ထုချေပစ်လိုက်ပါတော.တယ်။  အဲဒိ  လူအုပ်ကြီးထဲမှာ  မြန်မာ အ၀ယ်တော် အဖွဲ.၀င်တွေလည်းရှိပါတယ်။  ဒါပေမယ်. မြန်မာတွေရဲ.စိတ်ထဲမှာ ထိထိခိုက်ခိုက်မရှိလှပါဘူး။  အကြောင်းကတော. ကော.တီနန်းရင်းဝန်ချုပ်ဆီက သတင်းစကားကို သူတို.ရပြီးဖြစ်လို.ပါ။  သတင်းစကားက ဒီလိုပါ ။ 

 စွယ်တော်ကို နေ.စဉ်ထိန်းသိမ်းစောင်.ရှောက်ရတဲ. ဆရာတော်ကြီးဟာ သူခိုးသူဝှက် အန္တရာယ်က ကာကွယ်ဖို. စွယ်တော်ပွားတဆူကို စီမံထားပါသတဲ။  ဓမ္မပါလရဲ.အထိန်းတော် အမတ်ကြီးယူသွားခဲ.တာ  အဲဒိစွယ်တော်ပွားပါ။  အစစ်ကသီဟိုဠ်မှာဆက်ရှိပါသေးတယ်လို.နန်းရင်းဝန်ချုပ်က မြန်မာတွေစွယ်တော်အ၀ယ်သွားမှန်းသိတော.အကြောင်းကြားတာပါ။  တဆက်တည်း စွယ်တော်အစစ်ကိုလာရောက်ဖူးမျှော်ဖို.လည်းဖိတ်ကြားလိုက်ပါတယ်။  

ဒါနဲ. မြန်မာအ၀ယ်တော်အဖွဲ.ဟာ ကော.တီကို ခရီးဆက်သွားပါတယ်။  ကော.တီဘုရင်နဲ.သာမက  နေ.စဉ်နိုင်ရဲ. အရေးကိစ္စတွေကို စီမံခန်.ခွဲနေတဲ. နန်းရင်းဝန်ချုပ်ကြီးနဲ.လည်း မိတ်ဆွေရင်းချာ ဆက်ဆံရေးကိုထူထောင်နိုင်ခဲ.ပါတယ်။  အဲဒိနောက် ဘုရင်.နောင်က ကော.တီဘုရင်ကို  သီဟိုဠ်ရဲ.မင်းအဖြစ်တရားဝင် အသိမှတ်ပြုပြီး  လက်ဆောင်ပဏ္ဏာနဲ.တကွ သံအဖွဲ.ကို စေလွတ်ပါတယ်။  မဟာမိတ်ဖွဲ.ကြပါတယ်။

သီဟိုဠ်နဲ.ဆက်ဆံရေးဟာ ဘုရင်နဲ.ဆက်ဆံရေးသာမက  နန်းရင်းဝန်ချုပ်နဲ. ဆက်ဆံရေးဟာလည်း  အရေးကြီးပါတယ်။  ဘာကြောင်.လည်းဆိုတော. ဘုရင်က ခရစ်ယန်ဖြစ်ပြီး နန်းရင်းဝန်ချုပ်က ဗုဒ္ဓဘာသာဖြစ်နေလိုပါပဲ။

         ဆက်လက်ဖော်ပြပါမည် ။
ကုသီနာရုံမှ သီဟိုဠ် ၊ သီဟိဠ်မှ မြန်မာသို. [ဒုတိယပိုင်း]

No comments:

Post a Comment