Sunday, 2 June 2013

ကုသိနာရုံမှ သီဟို၊ သီဟိုမှ မြန်မာ (စတုတ္ထပိုင်း)

Photo: ကုသိနာရုံမှ သီဟိုဠ် သီဟိုဠ် မှ မြန်မာသို.  ၄  

ဗုဒ္ဓရဲ.လက်ဝဲအောက် စွယ်တော်ဆိုရင် ကျမ်းဂန်အရ ချိတ်သွေးရေင်ြလို ထွေးထွေး နီမြန်းနေတယ်။  တချိုနေရာမှာ မြတ်လေးရုံအဆင်းလို အတန်ငယ်ဖြူရောင်ရှိနေတယ်လို. ဆိုပါတယ်။  မြန်မာ.သမိုင်းမှာ စွယ်တော်နဲ. ပတ်သက်လို. မှတ်တမ်းတင်တာလည်း မရှိသလောက်ပါဘဲ။ နေစွဲသက္ကရာဇ် မှတ်တမ်းအရာမှလည်း ရာဇ၀င်အစောင်စောင် လွဲနေတာတွေရှိပါတယ်။  စွယ်တော် အကြာင်းရေးတာမဟုတ်လို. အပြည်.အစုံတင်ခဲ.တဲ.မှတ်တမ်းလည်းမရှိခဲ.ပါဘူး။  ဘယ်လိုပဲဖြစ်ဖြစ် သီဟိုဠ်ကနေ ဘုရင်.နောင်ဆီကို စွယ်တော်တဆူရောက်လာခဲ.တာကတော. ငြင်းလို.မရပါဘူး။ ပြဿနာက အဲဒီစွယ်တော်  အစစ်ဟုတ်ရဲ.လားဆိုတဲ.ပြဿပါဘဲ။ 

သီဟိုဠ်ကလည်းသူ.မှာရှိတဲ.စွယ်တော်က အစစ်လို.ဆိုပါတယ်။  စွယ်တော်ကို ထိန်းသိမ်းစောင်.ရှောက်နိုင်သူသာ သီဟိုဠ်ကို အုပ်ချုပ်နိုင်တယ်ဆိုတဲ.  နိုင်ငံရေးယုံကြည်မှုမျိုးရှိတာကြောင်. ဘယ်မင်းမှ  စွယ်တော်အစစ်ကို ပေးမှာမဟုတ်ဘူးလို. ဆင်ခြင်တွေးတောရင် ဒါယုတ္တိမလွန်တာတော.အမှန်ပါဘဲ။  ဒါပေမယ်.   ဘုရင်.နောင်ကို စွယ်တော်ဆက်သလိုက်တဲ.ဘုရင်ဟာ ရိုမန်ကက်သလစ်ဘာသာဝင်၊  ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုတာ မေ.ထားလို. မရပြန်ပါဘူး။  သူ.မှာ ဘုရင်.နောင်ဆီက  ငွေကြေး အထောက်အပံ.၊  စစ်ရေးအထောက်အပံ.  လိုနေတယ်ဆိုတာလည်း ထည်.စဉ်းစားကြရပါမယ်။  နန်းရင်းဝန်ချုပ်ဟာ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူဖြစ်ပြီး  ဗုဒ္ဓဘာသာဝင် ဘုရင်တပါးရဲ.လက်ထဲမှာပဲ ဗုဒ္ဓရဲ. စွယ်တော်ကိုထားချင်မှာ။   ခရစ်ယန်ဘာသာဝင် ဘုရင်ရဲ.လက်ထဲမှာ စွယ်တော်အစစ်ကို ထားချင်မှာမဟုတ်ဘူးဆိုတာ  လွယ်လွယ်နဲ. သဘောပေါက်နိုင်တဲ. အချက်ဖြစ်နေပြန်တယ်။   နောက်ဆုံး သူ.ဆီ ငါ.ဆီ ရှိတဲ. ဗုဒ္ဓရဲ.စွယ်တော်ကိုသာ စစ်မစစ်အငြင်းနေကြတာ။   သပိတ်တော်ကိုတော. စစ်မစစ်အငြင်းမပွားကြဘူးလို. ဒေက်တာ ထင်အောင်ကထောက်ပြပါတယ်။  

မှန်နန်းရာဇ၀င်  မှာ   သီရီဇေယျနော်ရထာက  ဘုရင်နောင်ကို   ဘုရားဘေးလောင်းတော် အနော်ရထာစော လက်ထက်တော်၌လည်း လက်ဆောင်တော်ပြု၍ ရဟန္တာမြတ်ရှင် အရဟံနှင်. တကွတောင်းသောအခါလည်း စွယ်တော်အစစ်ကိုမရ။  စွယ်တော်ပွားကိုသာ ရချေသည်။ ဘေးလောင်းတော် အလောင်းစည်သူလက်ထက်တော်၌လည်း တရုပ်ပြည်မှာ ကိုယ်တော်တိုင် ချီ၍တောင်းတော်မူသည်။ စွယ်တော်စစ်ကိုထား၍၊ စွယ်တော်ပွားကိုမျှမရချေ။   ယခုမူကား  ဘန်းတန်ခိုးလွန်ကဲလှသောကြောင်. တောင်းတော် မမူရ။ လွယ်ကာသာ ဆက်ရောက်လာပေသည် လို. လျှောက်ထားကြောင်း ဖတ်ရဖူးပါသည်။  

အရေးတော်ပုံကျမ်းမှာတော.    သီဟိုဠ် ဘုရင်က သပိတ်တော် [ ကျောက်သပိတ်တော်]  ကိုပို. စစ်ကူတောင်းပါသတဲ.။  ဘုရင်.နောင်က သင်္ဘောငါးစင်း စစ်ကူပို.ပါသတဲ. ။  စစ်ကူရောက်တာနဲ. စွယ်တော်ပွားကို  သင်္ဘော တစင်းနဲ. ပို.ပါသတဲ.။  [အဲဒိ စွယ်တော်ပွားကို မှန်နန်းမှာ ... ပတ္တမြားစေတီကို ရွှေစေတီမျီု၊ ရွှေစေတီကို မိုးကြိုးစေတီမျိုသည်။  မိုးကြိုးစေတီကို ငွေစေတီမျိုသည်။ ငွေစေတီကို၊ ကြေးစေတီမျုသည်။  စွယ်တော်ပွားတဆူကိုလည်း ပတ္တမြားစေတီတွင် ထည်.တော်မူသည်။  လို. ပဲခူးမဟာစေတီမှာ ဌာပနာမူတဲ.အကြောင်း တွေ.ရပါတယ်။]  အရေးကိစ္စပြီးပြေအောင်နိုင်တဲ. အခါမှာတော. စွယ်တော်စစ်ကို သင်္ဘောသုံးစင်းနဲ. ပိုလိုက်တယ်လို.ဆိုပါတယ်။

ဒါတွေကိုထောက်ပြန်တော. သီဟိုဠ်ကိုသာ ဗုဒ္ဓရဲ.စွယ်တော်ရောက်ရိုးမှန်ရင် အဲဒိစွယ်တော်ဟာ  စစ်ကိုင်းက ကောင်းမှုတော်စေတီတော်ကြီးမှာ  ကိန်းဝပ်စံပယ်တော်မူနေပြီလို.ကိန်းသေပြောရတော.မလိုပါဘဲ။  

ဘယ်လိုပဲဖြစ်ဖြစ်ပေါ. ။ မန္တလေး  စစ်ကိုင်းဘက်ရောက်ရင် ကောင်းမှုတော်စေတီကိုတော. သွားဖူးလိုက်ကြပါဦး။  ကျနော်တော. ဒီတခေါက်မုံရွာအပြန် ကောင်းမှုတော်သေတီတော်ကြီးကို ၀င်ဖူးပါတယ်။  ထိုင်ပြီး  ၀တ်ပြုဦးတိုက်တယ်ဆိုရင်ပဲ  စေတီမှာ ဌာပနာထားတော်မူတဲ. စွယ်တော်ဟာ အစစ်လား၊ အပွားလား ကျနော်.အတွက် အရေးမပါတော.ပါဘူး။  အရှေ.တောင်အာရှ နဲ.  တောင်အာရှမှာ မြန်မာတွေ ခေါင်းထောင်  ခေါင်းမော. ရင်ကော.နိုင်ခဲ.တဲ.သမိုင်းဟာ အာရုံထဲမှာ တလက်လက် တဖျပ်ဖျပ် ထွန်းပလာပါတယ်။  ဒုတိယအကြိမ် ကျနော်ဦးတိုက်လိုက်ချိန်မှာတော.  ခေါင်းလောင်းထိုးသံလွင်လွင်ကို ကျက်သရေ ရှိစွာကျနော်ကြားလိုက်ရပါတယ်။  အဲဒိခေါင်းလောင်းထိုးသံနဲ.အတူ  သီရီဇေယျနော်ရထာက  ဘုရင်နောင်ကို လျှောက်ထားခဲ.တဲ. စကားကိုလည်းကျနော်ပြန်ကြားယောင်လာပါတယ်။ "တောင်းတော်မမူရ  လွယ်ကာသာ ဆက်ရောက်လာပေသည်"  လို.  သီရီဇေယျနော်ရထာက အဆုံးသတ်လိုက်ချိန်မှာတော. တတိယအကြိမ် ကျနော် ၀ပ်ပျဦးတိုက်နေပါပြီ ။ ကျနော်ရင်ထဲ ပီတိအဟုန်ဟာ လှိုင်းတံပိုးတွေလိုလှိမ်.လှိမ်.တက်လာပါတယ်။  ဒီပီတိကတော. တခြားမဟုတ်ပါဘူး။   အ မျီုး သား ဇာ တိ မန် နဲ. ဖူး ရ ခြင်း ဆို တဲ. ပီ တိ ပါ ပဲ ။  ။

ပြီးပါပြီ  ။   ။

ကုသိနာရုံမှ သီဟိုဠ် သီဟိုဠ် မှ မြန်မာသို. ၎

No comments:

Post a Comment