Sunday, 25 August 2013

ဘာသာပြန်-၃

အတွင်းခံ

May 29, 2013 at 9:33pm
 ကိုယ့်အကြိုက်ကဗျာဆရာပဲ။
သူ့ကဗျာကိုမှီးပြီး
အတွငိးခံဘောင်းဘီဆိုတဲ့
ဝထ္တုတပုဒ်ရေးဖူးတယ်
                                        Thitsarni Poet

အတွင်းခံ

မနေ့ညက ကျုပ်အိပ်ကိုအိပ်မရဘူး
အတွင်းခံဘောင်းဘီ အကြောင်းကိုစဉ်းစားရင်းနဲ့
ခင်ဗျားရော ကြိုးစားခဲ့ဖူးသလား
စိတ်ကူးထဲမှာရှိတဲ့ အတွင်းခံဘောင်းဘီစဉ်းစားခန်း
ကိုရပ်ပစ်ဖို့
အကယ်၍များ အဲဒါကို ခင်ဗျားဟာနက်နက်နဲနဲ
စဉ်စားရင်
တုန်လှုပ်စရာ တစ်ချို့သောပြဿနာတွေ ပေါ်ထွက်လာရော
အတွင်းခံဘောင်းဘီဆိုတာဟာတစ်ခုသောအရာဝတ္ထုပဲ
ကျုပ်တို့ သဘောပေါက်ဖို့လိုတာကထိုအရာသည်
လူတိုင်းဝတ်ကြသည်ဆိုတာကိုပဲ
ကျုပ်အထင်က ပုပ်ရဟန်းမင်းကြီးလည်းဝတ်တယ်
လူစီယားနားမြို့တော်ဝန်လည်းဝတ်တယ်
ဟိုတလောဆီက တီဗွီထဲသူ့ကိုတွေ့ရတာဖြင့်
သူဟာကြပ်စည်းနေတဲ့ အတွင်းခံဘောင်းဘီဝတ်ထားတာ
အသေအချာပဲ
သူကအတော်လေးကြပ်စည်းတုံ့နှေးနေခဲ့တယ်
အတွင်းခံဘောင်းဘီဆိုတာ ခင်ဗျားကိုတကယ်ပဲ
တုပ်နှောင်ကြပ်စည်းစေတဲ့အရာ
အတွင်းခံဘောင်းဘီကြော်ငြာတွေကိုခင်ဗျားလည်းမြင်ဖူးပြီးသားပဲလေ
ယောင်္ကျားဝတ်နဲ့ မိန်းမဝတ်
သိပ်တော့ မကွာပေမဲ့ အတော်လေးတော့ကွဲပြားရဲ့
ယောင်္ကျားဝတ်တွေက အရာဝတ္ထုတွေကို  ဆွဲချပေးသလို
မိန်းမဝတ်တွေက အရာဝတ္ထုတွေကိုတွန်းတင်ပေ:တယ်
အတွင်းခံဘောင်းဘီဆိုတာဟာတစ်ခုသောအရာဝတ္ထုပဲ
ယောင်္ကျားနဲ့ မိန်းမကြားကမကွဲပြားတဲ့ ဘုံပစ္စည်းပဲ
ရောင်စုံ ဓါတ်ပုံတွေမှာ ခင်ဗျားလည်းတွေ့ဖူးတာပဲ
ခွကြားတွေကို စက်ဝိုင်းလုပ်ထားပုံကအဲဒီနေရာတွေမှာ
ပိုမိုအားရှိကြောင်း  ပြသနေတာပဲ
ပြီးတော့ သုံးနားစလုံး ဆွဲဆန့်ပစ်လို့ရတယ်ဆိုပဲ
လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝလှုပ်ရှားလို့ရတယ်လို့ ကတိကဝတ်ပြုနေကြပုံမျိုးလေ
အယုံသွင်းမခံပါနဲ့
ဒါက နှစ်ဦးနှစ်ဖက်ပေါ်ကိုအခြေခံတဲ့ကိစ္စပါ
ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်စရာရှိတဲ့ကိစ္စမှမဟုတ်တာ
ဒါက တမင်ကို အကွက်ချပြီးသားကိစ္စ
အမေရိကားကတော့ သူ့ရဲ့ အတွင်းခံဘောင်းဘီထဲမယ်
တစ်ညတာလုံး ရုန်းကန်နေရရှာရဲ့
နောက်ဆုံးမတော့ အတွင်းခံဘောင်းဘီကအရာရာကို ထိန်းချုပ်ပစ်တော့တာပဲလေ
အဝတ်အစားတွေရဲ့ အောက်ဆုံးအလွှာကိုပဲကျုပ်က ဥပမာပေးရမယ်
ဒါက တကယ့်ကို မြေအောက်အဖွဲ့အစည်းရဲ့
ဖက်ဆစ်စနစ် ပုံစံတစ်ခုပါပဲ
လူတွေကို အယုံသွင်းခြင်း
တစ်ခုပဲ ဒါပေမဲ့ အမှန်တရားက
သင်ဘာကိုတော့ဖြင့် လုပ်နိုင်၏မလုပ်နိုင်၏ကို ပြောနေတယ်လေ
ခါးချည်အတွင်းခံမျိုးရောသင်ဝတ်ဖို့ကြိုးစားဖူးသလား
အဲဒီလို ဟာမျိုးကတော့ အကြမ်းမဖက်တဲ့ဆန္ဒပြမှု
ဆိုတဲ့ အဖြေတော့ ဖြစ်ကောင်းဖြစ်မှာပေါ့လေ
ဂန္ဒီဟာ ခါးချည် အတွင်းခံမျိုးဝတ်ခဲ့ဖူးသလား
လေဒီမက်ဘတ်ရော ခါးချည် အတွင်းခံမျိုးဝတ်ခဲ့ဖူးသလား
အဲဒီအရာသည်ပင် မက်ဘတ် သတ်ခဲ့တဲ့အိပ်စက်မှု
အကြောင်းတရားလား
နောက်ပြီး အဲဒီ အစက်အပြောက်ကသူမအမြဲတမ်း ဖွပ်လျှော်
နေတဲ့အရာ
တကယ်ပဲ သူမ အတွင်းခံထဲမှာရှိခဲ့ပါသလား
မော်ဒန် အန်ဂလိုဆက်ဇုန် မိန်းမတွေဆီမှာ
မရှိမဖြစ် ကြီးမားတဲ့ အပြစ်တစ်ခုလိုစရိုက်တစ်မျိုးက
အမြဲတမ်း လျှော်ဖွပ်တယ် နောက်တော့လျှော်ဖွပ်ပြန်တယ်
ပြီးတော့ လျှော်ဖွပ်ပြန်ရော
သောက်ရမ်းကို အစက်အပြောက်မရှိအောင်ပဲ
အတွင်းခံမှာ အစက်လေးတွေရှိတာအတော်လေး မသိုးမသန့်ဖြစ်စရာ
အတွင်းခံမှာ အဖုအကြိတ်တွေရှိတာအတော်လေးကို ခြောက်ခြားစရာ
အတွင်းခံကို ကြိုးတန်းပေါ်လှန်းထားတာကတော့ လွတ်မြောက်ခြင်းရဲ့
မဟာအလံတော်ပဲ
တစ်စုံတစ်ယောက်ဟာ သူ့ရဲ့အတွင်းခံက လွတ်မြောက်ပြီဆိုတာနဲ့
တစ်နေရာမှာတော့ဖြင့် ဝတ်လစ်စလစ်ဖြစ်နေပြီလို့ ဆိုရမယ်
ကယ်တော်မူကြပါဗျို့
ဒါပေမယ့် စိတ်တော့မပူကြလေနဲ့
ခုချိန်ထိ လူတိုင်းဟာ အတွင်းခံကိုစွပ်လျက်ပါပဲ
မိမွေးတိုင်း ဖမွေးတိုင်းသောင်းကျန်းဖို့ အထိတော့
ဖြစ်လာမှာမဟုတ်ဘူးဗျို့
နောက်ပြီး ကဗျာဆိုတာ စိတ်စေတသိတ်ရဲ့အတွင်းခံဘောင်းဘီပဲ
နောက်ပြီး အတွင်းခံဘောင်းဘီဟာအမှားအစု အပုံလိုက်ကို
ဖုံးဖိပေးနေတုန်းပဲ
ဘူမိဗေဒ အဆိုအရ ဆိုရင်ဖြင့်
ဖေါက်ထွင်းမမြင်ရတဲ့ အက်ကြောင်းတွေရှိတဲ့ထူးဆန်းသော
အနည်ကျ ကျောက်တစ်ခုပေါ့ဗျာ
အာကယ်၍များ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်ဖြင့်
အတွင်းခံဆိုဒ်ကြီး တစ်စုံတစ်လေလောက်ကိုအပိုထားချင်ပါရဲ့
အဲဒီကောင်းသော ညချမ်းဆီကိုဖြင့်ဗလာကျင်းပြီး မသွားမိစေနဲ့ဗျို့
ပြီးတော့ တချိန်တည်းမှာပဲ
တည်တည်ငြိမ်ငြိမ်၊ နွေးနွေးထွေးထွေးနဲ့ခြောက်ခြောက်သွေ့သွေ့လေး ဖြစ်ပါစေ
`ဘာမှ အရေးမပါတဲ့  အရာတွေပေါ်ကို´
အလောတကြီးနဲ့ ကိုယ့်ကိုယ်ကိုထိခိုက်ကြေကွဲအောင်လုပ်တာက အဓိပ္ပါယ်မရှိဘူးလေ
ရှေ့ကို လျှောက်စမ်းပါ ကိုယ့်လူ၊ဂုဏ်သရေရှိ
ကုတ်အင်္ကျီပြတ်ထဲကို ထိုးသွင်းထားတဲ့ခင်ဗျားရဲ့ လက်နဲ့ အတူပေါ့ဗျာ
စိတ်တော့ မလှုပ်ရှားစေပါနဲ့
နောက်ပြီး သေခြင်းတရားဆိုတဲ့ဟာကအထိန်းအချုပ်နဲ့ လုပ်လို့ရတာမှ မဟုတ်တာ
အဲဒီမှာ အချိန်တွေ အများကြီးရှိပါသေးတယ်အချစ်လေးရဲ့
ငါတို့က ငယ်ငယ်ရွယ်ရွယ်၊ပေါ့ပေါ့ပါးပါး မဟုတ်တော့ဘူး မဟုတ်လား
အော်ကြီး ဟစ်ကျယ်တော့ မလုပ်လိုက်ပါနဲ့
                                                                                                လောရင့်ဖာလင်ဟေတီ

                                                LawrenceFerlinghetti “Underwear” from staring from San Franciso”.

Underwear


 Lawrence Ferlinghetti

Ididn’t get much sleep last night
thinkingabout underwear
Haveyou ever stopped to consider   
underwearin the abstract   
Whenyou really dig into it
someshocking problems are raised   
Underwearis something   
we allhave to deal with   
Everyonewears
somekind of underwear
ThePope wears underwear I hope
TheGovernor of Louisiana   
wearsunderwear
I sawhim on TV
He musthave had tight underwear
Hesquirmed a lot
Underwearcan really get you in a bind
Youhave seen the underwear ads
for menand women
soalike but so different
Women’sunderwear holds things up
Men’sunderwear holds things down   
Underwearis one thing   
men andwomen have in common   
Underwearis all we have between us
Youhave seen the three-color pictures
withcrotches encircled
to showthe areas of extra strength
andthree-way stretch
promisingfull freedom of action
Don’tbe deceived
It’sall based on the two-party system
whichdoesn’t allow much freedom of choice   
the waythings are set up   
Americain its Underwear
strugglesthru the night
Underwearcontrols everything in the end   
Takefoundation garments for instance   
Theyare really fascist forms
ofunderground government
makingpeople believe
somethingbut the truth
tellingyou what you can or can’t do   
Did youever try to get around a girdle   
PerhapsNon-Violent Action
is theonly answer
DidGandhi wear a girdle?
DidLady Macbeth wear a girdle?
Wasthat why Macbeth murdered sleep?   
Andthat spot she was always rubbing—
Was itreally in her underwear?
Modernanglosaxon ladies
musthave huge guilt complexes
alwayswashing and washing and washing   
Outdamned spot
Underwearwith spots very suspicious   
Underwearwith bulges very shocking   
Underwearon clothesline a great flag of freedom   
Someonehas escaped his Underwear   
May benaked somewhere
Help!
Butdon’t worry
Everybody’sstill hung up in it
Therewon’t be no real revolution
Andpoetry still the underwear of the soul   
Andunderwear still covering
amultitude of faults
in thegeological sense—
strangesedimentary stones, inscrutable cracks!   
If Iwere you I’d keep aside
anoversize pair of winter underwear   
Do notgo naked into that good night   
And inthe meantime
keepcalm and warm and dry
No usestirring ourselves up prematurely   
‘overNothing’
Moveforward with dignity
hand invest
Don’tget emotional
Anddeath shall have no dominion   
There’splenty of time my darling
Are wenot still young and easy
Don’tshout
                                                                                       Lawrence Ferlinghetti


လောရင့်ကို၁၉၁၉မှာ ယွန်ကာ (Yonkers) နယူးယော့မှာမွေးတယ်။ ငယ်ဘဝကို ပြင်သစ်မှာ ဖြတ်သန်းတယ်။ ဘီအေဘွဲ့ကိုတော့မြောက်ကာရိုလိုင်းနားတက္ကသိုလ် (University of North Carolina) ကရပြီး အမ်အေကိုတော့ကိုလံဘီယာတက္ကသိုလ် (Columbia Univeristy) က ရတယ်။ ဒေါက်တာဘွဲ့ကိုတော့ ဆောဘွန်း(Sorbonne) က ရခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်ရေတပ်ထဲကို အမှုဝင်ထမ်းတယ်။ နကာဆာကီ(Nagasaki) မြို့ဗုံးမကျခင် အချိန်ထိ အဲဒီမှာ သူရှိနေတယ်။ ၁၉၅၁ မှာ အိမ်ထောင်ကျပြီးသားတစ်ယောက် သမီးတစ်ယောက် ရတယ်။ ၁၉၅၃ မှာတော့ ဖာလင်ဟက်တီဟာ ပီတာမာတင် (PeterMartin) နဲ့ပူးပေါင်းပြီး ”မြို့တော်အလင်း” (City Lights) မဂ္ဂဇင်းကို ထုတ်ဝေတယ်။ ပြီးတော့အဲဒီမဂ္ဂဇင်းကို ပံ့ပိုးဖို့ ဆန်ဖရန်စ္စကိုမှာ (City Lights) စာအုပ်တိုက်ကို ထူထောင်တယ်။ နောက်တော့ စာအုပ်ထုတ်ဝေရေးတွေ ဆက်တိုက် လုပ်လာခဲ့တယ်။ Beat လှုပ်ရှားမှုအတွက်တော့သူတို့ စာအုပ်တိုက်ဟာ  အသဲနှလုံးပါပဲတဲ့။ ဆရာကြီးတွေဖြစ်တဲ့ကက်နက်ရီးရော့ (Kenneth Rexroth)၊ ဂယ်ရီဆန်ဒါး (Gary Snyder)၊ အယ်လန်ဂျင်းဇဘတ် (AllenGinsberg) နဲ့ ဂျက်ကာရိုးလေ့ (Jack Kerouace) စာအုပ်တွေကို ထုတ်ဝေပေး ခဲ့တယ်။ သူ့ရဲ့ကဗျာတွေဟာလားရစ် (Lyric) ဟန်နဲ့ ဇတ်ကြောင်းပြန်ပုံစံ (Narrative Tradition) ကို အခြေခံတယ်လို့ဝေဖန်သူများကဆိုတယ်။ သဘာဝတရားရဲ့အလှ (Beauty of Natural World) ၊ ဘဝရဲ့အမော(Tragicomic Life)၊ အခြေခံလူတန်းစားရဲ့ဘဝ (Life of common man)၊ အိပ်မက် (ဝါ) စိတ်ကူး(The Dream) နဲ့ ဒီမိုကရေစီအပေါ်သစ္စာဖေါက်ခြင်း (သို့) အယုံအကြည်မဲ့ခြင်း (Betrayalof Democracy) ကိုကိုယ်စားပြုတယ်လို့ ဆိုတယ်။ သူဟာ ဆင်းရဲမွဲတေမှုကို ”မမျှတခြင်း” လို့ခံယူသူလည်းဖြစ်ရဲ့။ တစ်ချို့ကဗျာတွေမှာ အဲဒီလူတန်းစား ကွာဟချက်ကို လှောင်ပြောင်သရော်တယ်။သူ့ရဲ့ အထင်ရှားဆုံး သာဓကကတော့ ”ထရပ်ကားပေါ်က အမှိုက်ကောက် သမား နှစ်ယောက် နဲ့ မာစီးဒီးထဲကလှပတဲ့ လူနှစ်ယောက်” (Two Scavengers in a Truck, Two Beautiful People in aMercedes) ဟာ ထင်ရှားတယ်။

တစ်ချို့ကတော့ ဒီကဗျာက သူ့ရဲ့ အကောင်းဆုံးလို့ ဆိုတယ်။ အဲဒီကဗျာကိုအင်္ဂလန်မှာ GCSE(A)LEVEL သင်ရိုးအဖြစ် ပြဋ္ဌာန်းခဲ့တယ်။ ကျွန်တော်ကတော့ ခွေး (Dog) နဲ့စောင့်နေပါသည် (I am waiting) ကို ပိုပြီးကြိုက်တယ်။ နောက်ပြီး အတွင်းခံဘောင်းဘီ(Underwear)ကို ဖတ်ရတော့ သူ့ရဲ့အတွေးဟာ ဖေါက်ထွက်တွေးတဲ့အတွေး (သို့) ရှုထောင့်ဖြစ်တယ်ဆိုတာတစ်စုံတစ်ယောက်နဲ့ လောင်းကြေးထပ်ရဲတဲ့အထိ ခိုင်မာလာခဲ့တယ်။ ကျွန်တော့် အဘိုးသာ အသက်ရှင်လျက်ရှိရင်လောရင့်ရဲ့ အရွယ်ကို ရောက်ပါပြီ။ ဒါပေမယ့် သူ့ကဗျာ တည်ဆောက်ပုံနဲ့ အတွေးကတော့ အမြဲလတ်ဆတ်မှန်ကန်နေတုန်းပါပဲ။ သူ့ရေးဟန်ဟာ မြန်မာကဗျာ ဆရာတွေနဲ့ အတော်လေးကို နီးနီးစပ်စပ် ရှိပါတယ်။ကျွန်တော် အမြဲတမ်းဖတ်ချင်၊ ဘာသာပြန်ချင်နေတဲ့ ကဗျာတွေဟာ လောရင့်ရဲ့ ကဗျာတွေပါပဲ။ သူ့အပေါ်ဘယ်သူတွေများလွှမ်းမိုးခဲ့ပါလိမ့် ဆိုတဲ့ မေးခွန်းကို အဖြေရှာကြည့်တော့ ကဗျာဆရာ တစ်ချို့ကိုသွားတွေ့တယ်။ သူကြိုက်ခဲ့တဲ့ ကဗျာဆရာတွေကတော့ အဲလီယော့ (T.S Eliot)၊ အက်ဇရာပေါင်း(Ezra Pound)၊ အီးအီးကမ်းမင်း (e.e. cummings)၊ အိပ်ခ်ျဒီ (H.D)၊ မာဆာပရောက်(Marcel Proust)၊ ချာလီဘော်ဒီလာရီ (Charles Baudelaire)၊ အပိုလီနယ်လီ (GvillaumeApollinaire)တို့ ဖြစ်တယ် ဆိုတာတွေ့ရတယ်။

ဆန်ဖရန်စ္စကိုကလမ်းတစ်လမ်းကို လောရင့်နာမည်ပေးပြီး ဂုဏ်ပြုခဲ့တယ်။
ဒါဟာ အဲဒီမြို့မှာ ကဗျာဆရာ အမည်နဲ့ပထမဦးဆုံး ပေးခဲ့တဲ့ လမ်းဖြစ်တယ်လို့ဆိုတယ်။

ဆွတ်ဆွတ်ဖြူနေတဲ့မုတ်ဆိတ်မွေး၊စူးရှတဲ့မျက်လုံးနဲ့ဦးထုပ်ခပ်ဝိုင်းဝိုင်းတစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းတတ်တဲ့ လောရင့်ကိုတွေ့ရင်”သက်တော်ရာကျော်ရှည်ဖို့ဘုရားသခင် စောင်မပါစေ”လို့ကျွန်တော့်ကိုယ်စားခင်ဗျားတို့ဆုတောင်းပေးခဲ့ကြပါ။ လောရင့်ရဲ့နာမည်မပါပဲ (Beat Generation) ကိုစာလုံးပေါင်းဖို့မလွယ်ပါဘူး။ယခုလောလောဆယ်တော့ သူက စာအုပ်ဆိုင်ကို လည်ပတ်အောင်လုပ်ပြီး ကဗျာကွန်ဖရင့်အတွက် မကြာခဏခရီးထွက်လေ့ရှိတယ်တဲ့။ ဆန်ဖရန်စ္စကို ခရော်နီကယ်သတင်းစာအတွက် ပင်တိုင် ရေးပေးနေတယ်လို့လဲသိရတယ်။
           
          သူထုတ်ခဲ့တဲ့စာအုပ်တွေကတော့
-       ကွယ်ပျောက်သွားသောကမ္ဘာမြေ၏ပုံရိပ်များ(Picture of the Gone World)
-       စိတ်ကူးထဲကယုန်ကျွန်းတစ်ကျွန်း (A Coney Island of the Mind)
-       သူမ၏(Her) (1960)
-       ဆန်ဖရန်စ္စကိုမှအစပြု၍ (Starting from San Francisco) (1961)
-       တရားမျှတမှုကင်းသောငြင်းခုန်မှုများနှင့် ဖြစ်တည်မှု (Unfair Arguments with Existence) (1963)
-      နေ့တဓူဝကိစ္စ (Routines) (1964)
-      အရာဝတ္ထုများ၏ လျှို့ဝှက်အဓိပ္ပါယ် (TheSecret Meaning of Things) (1969)
-      တိုင်ရန်နပ်ငှက်မဟုတ်? (Tyrannus Nix?)(1969)
-      မက္ကဆီကန်ည (The Mexican Night) (1969)
-      ဝေးလံဒေသများသို့နောက်ပြန်ခရီးများ (BackRoads to Far Places) (1971)
-      ဖွင့်ထားသော အမြင်၊ ဖွင့်ထားသော စိတ်(Open Eye, Open Heart) (1973)         တို့ပဲဖြစ်တယ်။







ဘာသာပြန်သူ  ဇော်ဇော်ထွန်း ။  ။


ဝန်ခံချက်
zaw zaw tun ဖေ.ဘုတ်မှ ကူးယူသည်

No comments:

Post a Comment